Skip to content

နယ်နှင် ခံထားရတဲ့ ရာဇ၀တ်သားတွေမဟုတ်ဘူး

01-copy-copy-279x350

 လေရူး ၂၀၁၁ နှစ်လည်လောက်တုန်းက  နိုင်ငံတော်သမ္မတကြီးက ပြည်နိုင်ငံခြားကို  အကြောင်းအမျိုးမျိုးကြောင့်
ထွက်ခွာ သွားကြသူတွေပြန်လာကြမယ်ဆိုရင် ပြန် လက်ခံသွားမှာပါလို့ ကြေညာလိုက်တော့
နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာ  နိုင်ငံသားတွေ တော်တော်ပဲဝမ်းသာသွား  ကြပါတယ်တဲ့။

ဒါပေမယ့် ခုချက်ချင်းကြီးပြန်လာကြ    ဖို့၊မလာကြဖို့ကတော့ ကိုယ်ရေးကိုယ်တာ   အခက်အခဲတွေက
ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိနေကြသေးတာဆိုတော့ ရုပ်ရှင် တံခါးပေါက်ဖွင့်လိုက်သလို ၀ုန်းခနဲတော့
အားရ၀မ်းသာပြေးဝင်လာလို့ မရကြသေး တာတွေလည်း ရှိကြတာပေါ့။
တချို့ကလည်း စဉ်းစားတယ် ဘာ လဲ၊ဘယ်လိုလဲပေါ့။တချို့ကလည်း ဖွင့် ဖွင့်ချင်းဝင်လာတယ်။တချို့
ကတော့  တစ်နှစ်ကျော်ကြာမှအခြေအနေကြည့်ဝင်   လာကြတယ်။နိုင်ငံတကာမှာရှိတဲ့ မြန်မာ သံရုံးတွေ
ကလည်း နွေးထွေးစွာကြိုဆိုကြ တယ်လို့ကြားပါတယ်။နှစ်ရှည်လ  များမကြားခဲ့ရဘူးတဲ့မင်္ဂလာတစ်ပါးပါ။

တစ်ချို့လည်း ပြည်ဝင်ခွင့် ဗီဇာလျှောက်  ထားဆဲ။စောင့်ဆဲဆိုပါတော့။ ထားတော့။ဖွင့်ဖွင့်ခြင်းဝင်လာပြီး
အသံကောင်းဟစ်အုတ်အော်သောင်းနင်း  နဲ့ကျေးဇူးကြီးပါကြောင်း ကြွေးကြော်လာ တာကတော့
လူရွှင်တော်လေးယောက်  အဖွဲ့ပဲ။နှစ်ယောက်အရင် ပြန်လာတယ်။   နှစ်ယောက်က နောက်မှလိုက်လာတယ်။
သွားစဉ်ကကိုယ့်သဘောနဲ့ကိုယ်သွားတာ။ နိုင်ငံရေးကြောင့်မဟုတ်ဘူး။ပြီးတော့ ကိုယ့်ဘာသာကိုယ်ပြန်မလာရဲကြတာ။

လေဆိပ် အပေါက်ဝရောက် ရောက် ခြင်း၊သမ္မတကြီးကို ကျေးဇူးတင်ကြောင်း၊ ယုံကြည်လေးစားကြောင်း၊ကိုယ့်နိုင်ငံကို
ချစ်မြတ်နိုးကြောင်း သစ္စာရှိကြောင်း ရွှန်း ရွှန်းဝေအောင်ပြောပြီး နိုင်ငံခြားမှာရောက် နေတဲ့ နိုင်ငံရေးသမားတွေမကောင်းကြောင်း
သူတို့မှာ သနားစရာလေးတွေဖြစ်နေ ကြောင်း၊နိုင်ငံခြားရောက် မြန်မာတွေကို   မယုံကြည်ရကြောင်း နိုင်ငံရေးအယောင်
ပြလိမ်နေကြကြောင်း။သူတို့တစ်တွေဟာ နိုင်ငံချစ်လွန်းအားကြီးလို့ပြန်လာကြောင်း။   နောက်ကပြန်လာမယ့်
လူပြက်နှစ်ယောက်   အတွက်လည်း သူတို့အသက်ကိုအပေါင် ထားကြောင်း (တန်ကြေးမပြော)အာမခံ ကြောင်းစသော
စကားလုံးများဖောက်ခွဲ မှု၊စကား၊နင်းစကားဖော့။စကားမြေယှက်  စကားဖား၊စကားထွားတွေနဲ့လေဆိပ်ဝင် ပေါက်မှာ
ကတည်းက လက်သီးလက် မောင်းတန်းလာကြပါတယ်။မန္တလေးသား တွေကတော့ ““ဘလပ်””ဆိုတဲ့ စကားနဲ့ တောင်
မတန်ဘူးလို့ ဝေဖန်ကြပါတယ်။ ဒီကြားထဲ ““ချစ်တဲ့သူတွေပြန်လာကြ   လိမ့်မယ်””ဆိုတဲ့ စာတစ်အုပ်က ခါတော်
မီထွက်လာပြန်တော့ စိတ်မကောင်းဖြစ် မိပါတယ်။ခေါင်းစဉ်နဲ့ ဆိုလိုရင်းကိုပြန် ကောက်ရရင် ““ပြန်မလာကြတာ မချစ် လို့ပေါ့””။
တစ်ချိန်တုန်းက နိုင်ငံခြားသွားတဲ့ သူကို လူတော်လို့ပြောကြရင် ပြည်တွင်း  ကျန်နေတဲ့သူက လူညံ့တွေလို့တော့ မဆို
ကြပါဘူး။သူ့အကြောင်းနဲ့သူ ကိုယ့်အ ကြောင်းနဲ့ကိုယ်ရှိကြတာပဲကိုး။
မ.ဆ.လ နောက်ပိုင်း(၈၈)အစပိုင်း၊  ကာလတွေမှာတော့ ပုံစံတစ်မျိုးပြောင်း သွားခဲ့တယ်။လက်ညှိုးငေါက်ငေါက်ထိုးပြီး
စွပ်စွဲခဲ့တာကတော့ မျိုးချစ်စိတ်ဓာတ် မရှိလို့တဲ့။ တချို့ကတော့ ပြည်တွင်းမှာ စီးပွားဖြစ်အောင်ရှာမစားနိုင်လို့ နိုင်ငံခြား
ထွက်အလုပ်လုပ်ကြတာ လို့တောင် အားမနာပ ပြောကြတာရှိပါသေးတယ်။
အဲဒီအခါတုန်းက လေဆိပ်မှာ အကြောင်းကိစ္စကြောင့်သွားနေရတဲ့သူ  တစ်ဦးကတော့ ““မျိုးချစ်စိတ် မျိုးချစ်စိတ် နဲ့ ပြည်သူတွေကိုတော့
လှုံ့ဆော်ပြီး သူ  တို့သားသမီးတွေနဲ့မိန်းမတွေကတော့ တစ်နေ့လေးငါးဆယ်လောက် ဈေးဝယ်  ရှော့ပင်းနဲ့အပျော်ခရီးထွက်နေကြတာ””
လို့ သတင်းပေးပါတယ်။

အကြောင်းကြောင်းကြောင့် နိုင်ငံ  ခြားကို ထွက်ခွာအလုပ်လုပ်ကြတဲ့လူငယ်  တွေထဲမှာဆိုရင် တစ်ချိန်က မိဘအရိပ်   အောက်မှာ
ဆိုးပေတေနေကြပေမယ့် နိုင်ငံတကာရဲ့အရိပ်အောက်ရောက်သွား  ချိန်မှာတော့၊မလုပ်မဖြစ်၊မနေမဖြစ်ဆိုတဲ့ ပတ်ဝန်းကျင်ရိုက်
ခတ်မှုတွေကြောင့် ကိုယ့်ဝမ်းကိုယ်ကြောင်းရင်း လူတော်ကလေး တွေဖြစ်သွားကြတာတွေ အများကြီးပါ။
တချို့ ပညာတတ် လူငယ်တွေကြ တော့လည်း ဂိုဒေါင်မန်နေဂျာလိုလို၊စတိုး    ဆိုင်ကြီးကြပ်ရေးမှူးလိုလို၊မားကတ်တင်း
လိုလိုဘ၀မျိုးတွေနဲ့မတင်းတိမ်ချင်ကြတော့ ပါဘူး။ဒီတော့ နိုင်ငံခြားမှာပဲ ကိုယ်ရယူ   ထားတဲ့ဘွဲ့နဲ့ဆိုင်တဲ့ အောက်ခြေသိမ်းလုပ်
ငန်းဖြစ်ဖြစ်၊အင်ဂျင်နီယာ၊ပညာရှင်ဘ၀ နဲ့ပဲဖြစ်ဖြစ်၊ရုန်းကန်ကြရင်းကနေ နိုင်ငံ တကာမှာ လုပ်ငန်းရှင်၊အသိပညာရှင် အတတ်ပညာ
ရှင်တွေဖြစ်ကြတာတွေအ များကြီးပါ။

ပြည်တွင်းက ၀င်ငွေနဲ့မဖူလုံလို့ မလောက်ငှလို့ နိုင်ငံတကာကိုထွက်ပြီး  အလုပ်လုပ်ကြတယ်။ရတဲ့ဝင်ငွေနဲ့ ပြည် တွင်းက
မိသားစုတွေကို ထောက်ပံ့တယ်။  ကျွေးမွေးတယ်။သားသမီးတွေကိုနိုင်ငံ တကာ ပညာသင်ခွင့်ပေးတယ်။ကမ္ဘာကြီး
ကို ကျယ်ကျယ်ပြန့်ပြန့်တွေ့မြင်ခိုင်းခဲ့ တယ်။

လယ်တွေ၊ယာတွေမှာ မိုးခေါင်တယ်၊  သီးနှံပျက်တယ်။မိုးကြီးရေမြုပ်လို့ ထိုင် ငတ်နေကြမယ့်အစား၊မိသားစုထဲက နိုင်
ငံခြားထွက်ပြီး အလုပ်လုပ်ကြရတယ်။ ကြမ်းတယ် ချောတယ်ဆိုတာမရှိဘူး။ အ လုပ်ဟာအလုပ်ပဲလို့သဘောထားကြတယ်။
ခေါင်နေတဲ့ရွာက အမိအဖနဲ့ ဆွေမျိုးစု တွေထံငွေပြန်ပို့ထောက်ပံ့ကြတယ်။ရွာ  က ကန်သင်းရိုးတစ်ဆုံးသာမြင်ခဲ့ရတဲ့ တောင်သူဘ၀ကနေ
ကမ္ဘာကြီးတစ်ဆုံး  ကြည့်ခဲ့ရတယ်လေ။

ဘင်္ဂလားဒေရှ်နိုင်ငံရဲ့ နိုင်ငံခြားဝင် ငွေတစ်ဝက်ဟာ အဲဒီလိုပြည်ပထွက် အလုပ်လုပ်ပြီးပြန်ပို့ကြတဲ့ငွေတွေပါပဲလို့  ကြေညာခဲ့ပါတယ်။
ဒါတွေဟာ ဒီလူတွေဟာ ဒီပုဂ်္ဂိုလ်  ကြီးတွေဟာ ကိုယ့်နိုင်ငံ ကိုယ်မချစ်ကြ လို့လား မျိုးချစ်စိတ်ဓာတ်မရှိလို့လား ခြေ စုံကန်မျက်နှာလွှဲခဲပစ်
လုပ်ကြတာလား။ အရင်က လက်ညှိုးထိုးစွပ်စွဲကြသလို အမေကျော်ဒွေးတော်လွမ်းကြလို့ပြောကြ မှာလား။

ဒါမှမဟုတ် ကမ္ဘာကြီးကိုခေတ်နဲ့ အညီမသိမမြင်ခဲ့လို့ ပါတော်မူသီပေါမင်း  ဘ၀မျိုးကို ပြန်တမ်းတနေကြရမှာပဲလား ဆိုတာကိုပြန်ပြီး
သုံးသပ်ကြဖို့လိုပါပြီ။ အမျိုးမချစ်လို့ သူတစ်ပါးနိုင်ငံသွား ကျွန်ခံ  တာဆိုတဲ့မျက်ကန်းမျိုးချစ်တို့ရဲ့စကားလုံး ကြီးတွေနဲ့ပစ်ခတ်နေကြမယ့်အစား
သူတို့ တစ်တွေကို ကြုံကြိုက်တဲ့အခါ ““ကိုယ့် နိုင်ငံချစ်ကြပါရဲ့လား။လွမ်းကြပါရဲ့လား”” လို့ကော တစ်ခွန်းတလေများမေးဖူးကြ ပါရဲ့လား။

လူဆိုတာကတော့ ကိုယ့်ဇာတိကိုယ်  လွမ်းကြတာပါပဲ။ကိုယ့်အရပ်ကိုသတိရ ကြတာပါပဲ။အခြေအနေအရ၊အကြောင်း တရား
တစ်ခုအရ၊အချက်အလက်အငွေ့ အသက်အရ တိုင်းတစ်ပါးမှာ နေကြပေ မယ့်မြန်မာဟာ မြန်မာစိတ်နဲ့နေကြတာ ပါ။
ပေါင်မုန့်ကိုစားနေရပေမယ့်၊ပေါင် မုန့်ကို ငါးပိကြော်နဲ့တို့စားချင်ကြတယ်။မုန့် ဟင်းခါး စပ်စပ်စားပြီး ကိုကာကိုလာ သောက်ရတာကြိုက်တယ်။
ချိစ်တွေ ဒိန် ခဲတွေစားနေရတဲ့ကြားက လက်ဖက်ကလေး   တစ်တို့လောက်မြည်းချင်တယ်။ဆွစ်လို့ ခေါ်တဲ့စွပ်ပြုတ်ကိုသောက်နေရင်းက
ချဉ် ပေါင်ဟင်းကိုတမ်းတကြတယ်။ဒါဟာ မြန်မာပြည်ကိုချစ်ကြတဲ့မြန်မာတွေပါပဲ။
နိုင်ငံခြားရောက် မြန်မာတွေဟာ နယ်နှင်ခံရတဲ့ရာဇ၀တ်သားတွေမဟုတ် ပါဘူး။အကြောင်းရှိတဲ့အကျိုးတရားတွေ ကြောင့် နေနေရတာပါပဲ။ဒါကို
နိုင်ငံမချစ် လို့ဆိုပြီး လက်ညှိုးငေါက်ငေါက်ထိုး    ရန်လုပ်နေကြတော့မှာလား။

ဒီကနေ့ သူတို့တတွေက ပြော ကုန်လာကြပြီ။စီးပွားရေးအရ နိုင်ငံခြား ရောက်နေသူတချို့က သူတို့ရနေတဲ့ ၀င်ငွေသုံးပုံတစ်ပုံသာ
ဝင်မယ်ဆိုရင် ပြည်တွင်းကိုပြန်လာကြတော့မယ်တဲ့။သူ တို့ရဲ့ ရပိုင်ခွင့်တွေ ခံစားခွင့်တွေပိုင်ဆိုင် မှုတွေကို စွန့်လွှတ်ပြီးပြန်လာကြမှာပါ တဲ့။
ကဲဒါဆို ကိုယ့်ဘက်မှာကော ဘယ် လောက်အဆင်သင့် ဖြစ်နေပါပြီလဲ။ဒုက္ခသည် လက်ခံဖို့တောင် အဆင်သင်မဖြစ် ကြသေးဘူးမို့လား။
ဒါဆိုရင် သူတို့တစ် တွေကို မချစ်လို့ပြန်မလာကြတာဆိုပြီး  စွဲချက်တင်ကြဦးမှာပဲလား။
မိတ်ဆွေ မြန်မာနိုင်ငံသား တရုတ် အမျိုးသားတစ်ဦးက ကြုံလို့ပြောဖူးတယ်။    ““ကိုယ်တို့သားသမီးတွေ အကုန်လုံးတစ်
ယောက်တစ်နိုင်ငံစီပို့ထားတယ်။ဒါမှ အရေး ကြုံလို့ ကိုယ်က နိုင်ငံတကာမှာဘယ်နိုင်ငံ သွားသွား ကိုယ့်အမျိုး ကိုယ့်စီးပွားတွေ
အဆင်သင့်ရှိနေမှာပေါ့”” တဲ့။
အဲဒီလိုပါပဲ နိုင်ငံတကာမှာ မြန်မာ လူမျိုးဆိုတာရှိနေပြီး ““မြန်မာတန်း””ဆို တာ ရှိနေခဲ့ရင် မြန်မာလား ဗမာလား ငြင်းခုံနေစရာ
မလိုတော့ပါဘူး။ကမ္ဘာက အလိုလိုသိနေပြီးသားပါ။ဒီတော့ ကိုယ့် အမြင်က-

““ပြန်လာချင်လာ မလာချင်နေရောက် အရပ်က ချစ်နေကြရင်ပြီးတာပါပဲ””—

လေရူး

Hot News Weekly မှ ကူးယူ ဖော်ပြခြင်း ဖြစ်သည်။ မူရင်း ကို ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။

About these ads
One Comment
  1. fransi #

    That is right. We are miss our home but….I love my home miss my parent want to see

    my friend how to do, But one dad sure we will…

    September 10, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: