Skip to content

ကြေးနီ စီမံကိန်း ဆန္ဒပြသည့် အမျိုး သမီး နှစ်ဦး ပြန်မလွှတ် သေး

422738_194935240638806_1284426485_n

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တွင်း ရှိ လက်ပန်းတောင်းတောင် ကြေးနီ စီမံ
ကိန်း တွင် လယ်ယာမြေ အသိမ်းခံ ရသူ များ နှင့် လူ့  အခွင့် အရေး ချိုးဖောက် ခံရသူများ ၏
ယနေ့  နံနက် အစောပိုင်း မုံ ရွာ မြို့  တွင် ၀တ် ပြု ဆုတောင်း ပွဲ ဉ် ရဲတပ် ဖွဲ့  က ပိတ်ဆို့ ဖမ်း
ဆီးထား သူ များ ကို ပြန် လွှတ်ပေး ရေး ဆန္ဒ ထုတ် ဖော် မှု ပြု လုပ်ရာ လူ အင်အား ထောင်
နှင့် ချီ ၍ ပါဝင် သည် ဟု FNG မှ သတင်း ရရှိသည်။

ဝတ်ပြု ဆုတောင်း သူ ၁၂ ဦး ကို အမှတ် (၁) ရဲစခန်း တွင် ဖမ်း ဆီး ထိမ်းသိမ်း ပြီး နောက်
မုံရွာ မြို့  မှ ဗကသ အဖွဲ့  ၀င် များ ၊  တက် ကြွ လှုပ်ရှား သူ များ နှင့် ပြည်သူများ က အမှတ်
၁ ရဲစခန်း ရှေ့  တွင် ၎င်း ၊ မြို့  တွင်း ဉ် တန်းစီ လှည့် လည် ပြီ ၎င်း ဖမ်းဆီးထား သည့် အမျိုး
သမီး ၁၂ ဦး ကို ပြန်လည် လွှတ်ပေး ရန် တောင်း ဆို ခဲ့ ကြသည်။

ညနေ ပိုင်း တွင် ဖမ်းဆီးထား သူများ အနက် မှ ၁၀ ဦး ကို ပြန် လွှတ်ပေး ခဲ့ ပြီး မသွဲ့သွဲ့ဝင်းနှင့် မအေးနက်
တို့ အား မုံ ရွာ ထောင် သို့  ပြောင်း ရွှေ့ ချုပ် နှောင် ထား သည် ။

ကြေးနီး စီမံ ကိန်း  နှင့် အနီး ရှိ ရွာများ ကို လည်း ညတွင်း ချင်း ပုဒ်မ ၁၄၄ ထုတ် ပြန် ခဲ့ ပြီး
မြစ် ကို ကျော် ဖြတ် ၍ မုံရွာ မြို့  ရှိ ဆန္ဒပြ သူ များ နှင့် ပူးပေါင်း ရန် လာသည့် ရွာသား များ
ကို ညောင်ပင်ကြီး လှေဆိပ် မှာ ပင် ရဲ က တားဆီး ခဲ့သည်။

နောက်ဆုံး ရရှိသည့် သတင်းများ အရ ယနေ့  နံနက် အစော ပိုင်း တွင် မုံရွာ မြို့  ရှိ တန်ခိုကြီး
ဘုရား ပုထိုးစေတီ များ ကို ပိတ်ထား ပြီး ၊ လုံခြုံရေး များ လည်း တိုး မြှင့် ချထား သည် ဟု
သိရသည်။ မန္တလေး နှင့် စစ်ကိုင်းမှ ရဲတပ် ဖွဲ့  ၀င်များ ကို လည်း မုံရွာ မြို့  သို့ စေလွှတ်ထား
သည် ဟု မုံရွာ မြို့  မှ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး က ပြောသည်။

Photo Credit to Thalar Waddy Times သလ္လာဝတီ တိုင်း(မ)

Photo Credit to Aung  Nay Myo

About these ads
One Comment
  1. zeekwak #

    အစိုးရ အာဏာပိုင်များမှလည်း အမြန်ဆုံးပြန်လည် လွတ်ပေးသင့်ပါတယ်။တောင်သူလယ်သမားများအတွက်
    စဉ်းစားပေးလိုပါတယ်။တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးသင့်ပါတယ်။ပွင့်လင်းမြင်သာသော နည်းလမ်းများဖြင့် ဖြေရှင်းပြီး ပြည်သူများအား ဖြေရှင်းချက်ထုတ်ပေးသင့်ပါတယ်။မသွဲ့ သွဲ့ ဝင်းနှင့် မအေးနက်အမြန်ဆုံး ပြန်လည် လွတ်မြောက်နိုင်ပါစေရန် ဆုတောင်းလျက်

    September 11, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: