Skip to content

၇၆ နှစ် ကြာ ဝေးခဲ့ ရသည့် ဂရန်း ဆလမ်း ကို မာရေး ပြန်လည် သိမ်းပိုက်

article-2200975-14F25D9C000005DC-469_634x466

၁၉၃၆ ခုနှစ် Forest Hills တွင် ကျင်း ပသည့် U.S Open  တင်းနစ် ပြိုင်ပွဲ နောက် တွင် ဖရက် ပယ်ရီ
ဗိုလ် ဆွဲ ပြီး နောက် ရ၆ နှစ်ကြာ ချံပီယံ ဆု နှင့် ဝေးခဲ့ ရသည့်  ဗြိတိသျှ တို့  ၏ ဘ၀ ကို အသက် ၂၅ နှစ်
အရွယ် အန်ဒီမာရေး က အဆုံး သတ် ပေး လိုက် ပြီ ဖြစ်သည်။

ယနေ့ နယူးယောက် တွင်  ကျင်း သည့် U.S. Open ၏ အမျိုး သား တစ်ဦး ချင်း ပွဲ စဉ် တွင် စကော့တ
လန် မှ အန်ဒီမာရေး က လက်ရှိ ချံ ပီယံ ဆာဗီးယား မှ နိုဗခ် ဂျိုကိုဗစ် ကို 7-6 (12-10) 7-5 2-6 3-6 6-2
ငါးနာရီ ကြာ ယှဉ် ပြိုင် ပြီး နောက် အနိုင် ယူ ခဲ့ သည်။

အန်ဒီမာရေး သည် ဇွန်လက ကျင်းပခဲ့သည့် ၀င်ဘယ်(လ)ဒန် တင်းနစ် ပြိုင် ပွဲ တွင် လည်း ဗိုလ်လု ပွဲ အဆင့်
ကို ၇၆ နှစ် အတွင်း တက်လာ နိုင်ခဲ့ သည့် ဗြိတိသျှ နိုင်ငံ သား တစ် ဦး ဖြစ်သည်။

” ကျွန်တော် အနိုင်ရ တယ် လို့  သေချာ သိလိုက်တော့ တော်တော် လေး ကို အံ့သြ မဆုံး ဖြစ် ပြီး ပျော်သွား
တယ် ” လို့  သူက Guardian သတင်း ကို ပြောပါတယ်။

မေလ ၂၂ ရက် ၁၉၈၇ ခုနှစ် ခု နှစ် တွင် မွေးဖွား ခဲ့ ပြီး ပြိုင်ဘက် အန်ဒီမာရေး ထက် အသက် ၇ ရက် ငယ် ရွယ်
သူ ဆာဗီးယား နိုင်ငံ ဘဲလ်ဂရတ် မြို့ ဖွား ကမ္ဘာ့ နံပါတ် ၁ အဆင့် ရှိ တင်းနစ် ချံပီယံ  နိုဗခ် ဂျိုကိုဗစ် က ” ကျွန်တော်
ရှုံး တဲ့ အတွက် စိတ် ပျက် မိတယ်၊  ဒါပေမယ့် ကျွန်တော်အကုန်လုံး ပေး လိုက် ပါ ပြီ ၊ ဒီနေ့ မှာ ကျွန်တော် ရဲ့ 
အကောင်း ဆုံး ပြိုင် ဘက် ကို ရရှိ ခဲ့ တယ်။ တခြား သူတွေ ထက် ဂရန်း ဆလမ်း ကို သူ ရဖို့  ထိုက်တန်တယ်။
ကျွန်တော် သူ့  ကို ချီးကျုး ဂုဏ် ပြု ပါတယ် ” ဟု BBC သတင်းဌာန ကို ပြောသည်။

အန်ဒီ မာရေး အနိုင် ရရှိ မှု ကြောင့် စတော့ တလန် ၊ အင်္ဂလန် မြို့  တွေ နဲ့  လန်ဒန် မှာ အောင် ပွဲ ခံ နေကြ ပြီး
သူ ရဲ့  နည်း ပြ ဟောင်း ဘရက် ဂီလ်းဘတ် က တော့ မာရေး အနိုင်ရ ရှိမှု ဟာ အင်္ဂလန် တင်း နစ် လောက
ကျော့ ပြန် ရှင် သန် လာတာ ဟု ဂုဏ်ယူ ပြောကြား သည်။

မာရေး ရဲ့  အောင် မြင် မှု ကို Mr. Bean သရုပ်ဆောင် ရိုဝန် အတ်ကင်ဆန် ၊ ဒေးဗစ် ဘက်(ခ)ဟမ်း တို့  ဇနီး
မောင် နှံ နဲ့  ဆာအဲလက်(စ) ဖာဂူဆန် တို့  က လည်း ချီး ကျုး ခဲ့ သည်။

၂၀၀၄ ခုနှစ် မှ ၂၀၀၈ ခုနှစ် အထိ U.S. Open ချံပီယံ အဖြစ် ငါးနှစ် ဆက် တိုက် ဗိုလ်စွဲ ခဲ့ သူ ရော်ဂါ ဖက်ဒရာ
သည် ယခုနှစ် ပြိုင် ပွဲ တွင် ဗိုလ်လု ပွဲ သို့  တက်ရောက် နိုင် ခဲ့ ခြင်း မရှိ ဟု သိရသည်။

အမေရိကန် တင်းနစ် အကျော် အမော် များ ဖြစ်သည့် အင်ဒရေး အက်ဂါဆီ ၊ ပိတ် ဆမ်းပရက် ၊ အန်ဒီ ရောခ်ဒစ်
တို့  ကို မြန်မာ ပရိသတ် များ က နှစ် သက် ကြသည်။

မာရေး ရဲ့  ယှဉ်ပြိုင်မှု ကို လာရောက် ကြည့် ရှု အား ပေး သည့် စကော့ တစ်ရှိ မင်းသား ကြီး ရှောင် ကွန် နရီ

မာရေး ရဲ့  ယှဉ်ပြိုင်မှု ကို လာရောက် ကြည့် ရှု အား ပေး သည့် စကော့ တစ်ရှိ မင်းသား ကြီး
ရှောင် ကွန် နရီ

ဆာအဲလက်(စ) ဖာဂူဆန်

Andy Murray, U.S. Open

About these ads
Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: