Skip to content
ရော့ကက်ဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ် နှင့် သံတမန်တချို့သေဆုံး
120911071128-cairo-embassy-02-horizontal-gallery
ရော့ကက်ဖြင့်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင် သံတမန်တချို့သေဆုံး။
လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် အင်္ဂါနေ့ညနေပိုင်းကစစ်သွေးကြွတစုက ရော့ကက်လောင်
ချာဖြင့်ဖြစ်ခတ်တိုက်ခိုက်ခဲ့ရာ အမေရိကန်သံအမတ် J. Christopher Stevens နှင့်
သံတမန်ဝန်ထမ်း(၃)ဦး သေဆုံးခဲ့ရသည်။ သံအမတ် J. Christopher Stevens သည်
သံရုံးဝင်းတွင်သေဆုံးသည်လား၊ ကားအတွင်းတွင်သေဆုံသည်လားဆိုသည်မှာ ရှင်းရှင်းလင်း
လင်းမသိရှိရသေးကြောင်း စကိုင်းနယူးမှကြေညာသွားခဲ့သည်။ လစ်ဗျား ပြည်ထဲရေးဝန်ကြီး
Mustafa Abu Shagur က ယ္ခုလိုတိုက်ခိုက်မှုသည် သူရဲဘောကြောင်သော
တိုက်ခိုက်ခိုက်မှုဖြစ်သည်ဟု တွစ်စ်တာ တွင်ပြစ်တင်ရှုတ်ရှုတ်ချရေးသားခဲ့သည်။
အီဂျစ်နိုင်ငံကိုင်ရိုမြို့တော်တွင်လည်း ရာနှင့်ချီသောအမေရိကန်ဆန့်ကျင်သူများက
ဆန္ဒပြရင်း အမေရိကန်သံရုံးပေါ်လူများစွာတက်ခါ သံရုံး
အမေရိကန်အလံကိုဆွဲဖြတ်ချပြီးမီးရှို့အကြမ်းမှုလည်းဖြစ်ပွားခဲ့သေးသည်။
အီဂျစ် နိုင်ငံ ကိုင်ရို မြို့  ရှိ  အမေရိကန် သံ ရုံး ကို လည်း ယနေ့  ညတွင် ဒေါသ ထွက်
နေသည့် မွတ်ဆလင် များ က ထပ်မံ ကျုးကျော်မှု များ ပြု လုပ် ရန် ကြိုး စား ခဲ့
သောကြောင့် ရဲ က မျက် ရည်ယိုဗုံး များ ရာဘာကျဉ်ဆန် များ ဖြင့် ပြစ်ခတ် နှိမ်
နှင်း ခဲ့ ရသည်။
အကြမ်း ဖက် ဆန္ဒ ပြမှု များ မှာ တူနီရှား သို့ လည်း စတင် ကူးစက် နေပြီ ဖြစ်သည်။
အမေရိကန် အစိုးရ က ယမန်နေ့ က ဘန်ဂါဇီ တွင် ဖြစ် ပွား သည့် ကိစ္စမှာ အယ်(လ)
ကာယီဒါး အကြမ်းဖက် အဖွဲ့  လိုလား သူ တို့ လက် ချက် ကြောင့် ဖြစ် ခြင်း ဟု သံ
သယ ရှိသည်။
မွတ်ဆလင် ကို ဒေါသထွက် သည့် ဗီဒီယို မှာ ကာလီဖိုးနီးယား တွင် နေ ထိုင် သည့်
အီဂျစ် ကော့ပတစ် ခရစ်ယာန် တစ်ဦး ၏ လက် ချက် ဖြစ် သည် ဟု သတင်းများ
တွင် ဖော် ပြထား သည်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန ပင်တဂွန် က ၎င်း တို့  ၏ သံ တမန် ၃ ဦး
သေဆုံး ပြီး နောက် ရေပြင် မှ မြေ ပြင် နှင့် ဝေဟင် ပစ် ဒုံးလကနက် များ တပ်
ဆင်ထား သည့် -USS Laboon နှင့်  USS McFaul ကို လစ်ဗျား ကမ်း ခြေ သို့ 
စေလွှတ်ထား သည်။
ဖွဲ့  ၀င်များ လည်း လိုက် ပါ သွား သည်။
အောင်ပန် / FNG
About these ads
Follow
Get every new post delivered to your Inbox.
Join 527 other followers
%d bloggers like this: