Skip to content

iPhone 5

apple-iphone-5-review-0624_610x407

စက်တင်ဘာလ ၁၂ ရက်နေ့  က Apple ကုမ္ပဏီ သည် ၎င်း၏ မိုဘိုင်း ဖုန်း ဖြစ်သည့် မျိုးဆက်
သစ် iPhone 5 ကို ကာလီဖိုးနီးယား ပြည်နယ် ဆန်ဖရန် စစ္စကို Yerba BuenaCenter for the Arts
တွင် ယနေ့  ကျင်း ပရာ Apple ၏ အမှု ဆောင် အရာ ရှိ ချုပ် တင်(မ) ကွတ် ၊ ဈေးကွက်
အမှု ဆောင် အရာ ရှိ နှင့် အင်ဂျင် နီယာ များ တက် ရောက် ပြီး မိတ် ဆက် ရှင်း လင်း ခဲ့
ကြသည်။

Apple ၏  ဈေးကွက် ဖြန့် ဖြူး ရေး ဌာန အကြီး အကဲ ဖီလ် ရှလာ က iPhone 5 ကို မိတ် ဆက် ရာ
ဉ် မျိုး ဆက် သစ် အိုင် ဖုန်း သည် ၇.၆ မီလီ မီတာ သာ ရှိ ၍  ကမ္ဘာ့  အပါး လွှာ ဆုံး မိုဘိုင်း ဖုန်း ဖြစ်ပြီး
ယခင် iPhone မျိုး ဆက် များ ထက် ၁၈ ရာ ခိုင် နှုန်း ပါး လွှာ ကာ ၁၁၂ ဂရမ် သာ လေး သည် ဟု
ဦးစွာ မိတ် ဆက် သည်။

ယခင် အိုင်ဖုန်း များ ထက် TouchScreen ဧရိယာ ပို ကျယ် ကာ  လေး လက် မ အကျယ် ရှိ ပြီး
ထိုသို့  ပြု လုပ် ထား ရခြင်း သည် အင်တာနက် ကြည့် ရှု ရန် ၊ လူ မှု ကွန်ယက် နှင့် အီးမေး များ
စစ်ဆေး ခြင်း တို့  တွင် ပိုမို ပြီး စွမ်း ရည် ပြည့် အသုံး ချ နိုင် ရန် စီစဉ် ထား ခြင်း ဖြစ်သည်။

ဘက်ထရီ သက်တမ်း သည်  အားအ  ပြည့် ရှိ လျှင် ၂၂၅ နာရီ သက်တမ်း အထိ Standby ရရှိကာ
ရှစ် နာရီ ကြာ မရပ် မနား ပြော ဆို နိုင်ကာ ၊ ဗီဒီယို ကြည့် ရှု ရန် အတွက် ၁၀ နာရီ ကျော်ကြာ ၊ အသံ
နှင့် သီချင်း သီးသန့်  နား ထောင် ရန် နာရီ ၄၀ ကျော်ကြာ စွမ်း ဆောင် နိုင်သည်။ 3G လိုင်း နှင့် အင်
တာ နက် သုံး လျှင် ရှစ် နာ ရီ ကြာ ၊ ၀ိုင်ဖိုင် ကြိုးမဲ့ ကွန်ယက် နှင့် ၁၀ နာရီ ကျော် ကြာ ရရှိသည်။

iPhone 5 ၏ ဈေးနှုန်း သည် တယ်လီဖုန်း လိုင်း ပါ တွဲဖက် လျှက် နှစ် နှစ် စာ ချုပ် ဖြင့် ၁၆ ဂီဂါ
ဘိုက် အတွက် ၁၉၉ ဒေါ်လာ ၃၂ ဂီဂါ ဘိုက် အတွက် ၂၉၉ ဒေါ်လာ နှင့် ၆၄ ဂီဂါ ဘိုက် အတွက်
၃၉၉ ဒေါ်လာ ကျ မည် ဖြစ်သည်။

Phone 5 သည် 8 Megapixel ဒီဂျစ်တယ် ပုံရိပ်ဖော် စနစ် ကို အသုံး ပြုထား ပြီး မြင်ကွင်း ကျယ်
Panorama တွင် 28 Megapixels အထိ ပုံရိပ် ဖော်ဆောင်မှု စနစ် ပါရှိသည်။

အိုင်ဖုန်း ငါး တွင် လုပ်ဆောင် မှု ဆော့ဖ်ဝဲလ် Apple ၏ မိုဘိုင်း ဖုန်း ဆော့ဖ် ၀ဲ iOS ၆ ဗားရှင်း ကို အသုံး
ပြုထားသည်။ Processor မှာ မူ မတ်လ က ထုတ်ဝေ ခဲ့ သည့် A5X ထက် ပိုမို ပါးလွှာ သည့် Eight-Core
ARM Cortex-A15 CPU ကို အသုံး ပြုထား သည်။

ဈေးကွက် ထဲ တွင် စက်တင်ဘာလ ၂၁ ရက်နေ့  စတင် ၀ယ် ယူ နိုင် ပြီ ဖြစ်သည်။

SIM ကဒ် ကို မူ Micro SIM ထက် ပိုမိုသေးငယ် သည့် NANO SIM ကို အသုံး ပြု မည် ဟု ဆိုထား
ရာ သမရိုးကျ ဆင်းကဒ် များ ၏ ထက်ဝက် မျှ သာ ရှိမည် ဖြစ်သည်။

မျက်နှာ ပြင် နှင့် တည်ဆောက်မှု ဒီဇိုင်း တွင် iPhone 4 S နှင့် မကွာ ခြား သော် လည်း ၊ သေး
ငယ် ပါးလွှာ သည့် နည်းပညာ များ ကို အသုံး ပြု ထား ခြင်း ကြောင့် အခြား မိုဘိုင်း ဖုန်း နည်း
ပညာ များ ထက် သာ လွန် သည် ဟု နည်းပညာ သမား တို့  က သုံး သပ် ကြသည်။

မြင်ကွင်းကျယ် (Panorama) တွင် ၂၈ မီဂါ ပီဇယ်(လ) ထိ ပုံ ရိပ် ဖော်ဆောင် နိုင် သည်။

မြင်ကွင်းကျယ် (Panorama) တွင် ၂၈ မီဂါ ပီဇယ်(လ) ထိ ပုံ ရိပ် ဖော်ဆောင် နိုင်
သည်။

ကျောက်သင်ပုန်း ရောင် နှင့် အဖြူ ရောင် iPhone 5 အား ရှေ နောက် အနေအထား နှင့် ဘေး တိုက် အနေအထား ကို တွေ့ ရစဉ်

About these ads
Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: