Skip to content

ခါးထက်ပိုင်း ဗလာကျင်း နေသည့် ပုံ ကို ဖော်ပြသည့် Closer ကို တော်ဝင်မိသားစု တရား စွဲမည်

SINGAPORE-BRITAIN-ROYALS

မင်းသား ဟယ်ရီ ၏ လုံးတီး ပုံ ထွက် ရှိ ပြီး သီတင်း တစ်ပတ် ကျော် ခန့်  အကြာ တွင် အိမ်ရှေ့ စံ
လောင်း မင်းသား ၀ီလျှံ ၏ ကြင်ယာတော် ကတ်သရင်း မစ်ဒယ်(လ)တန် ၏ အပေါ်ပိုင်း ဗလာ
ကျင်း လျှက် ပုံ ကို ပြင်သစ် မဂ္ဂဇင်း တစ်စောင် ဖြစ်သည့် Closer က မျက် နှာ ဖုံး တွင် ဖော်ပြ
ခဲ့ သောကြောင့် ကာယကံ ရှင် ကိတ် နှင့် ဗြိတိသျှ တော်ဝင် မိသားစု သည် အတော် ပင် ဒေါမာန်
ပွလျှက် ရှိ သည် ဟု Mirror က ရေးသားထား သည်။

မင်းသား ၀ီလျှံ နှင့် ကိတ် တို့  ၏ ပြင်သစ် တောင် ပိုင်း ရှိ ပရိုဗင့် သီးသန့် ရဲတိုက်  တွင် အပန်းဖြေ ခရီး ထွက် စဉ်
ဝေးကွာသည့် နေရာ တစ်ခု မှ မှန်ဘီလူး  ဖြင့် ဆွဲယူရိုက် ကူး ထား သော အဆိုပါ ဓာတ် ပုံ များ သည် အရှေ့ တောင်
အာရှ နိုင်ငံ များ သို့  တိုင်းခန်း လှည့် လည် နေ သည့် ကင်းဘရေခ်ျ မြို့ စား နှင့် မြို့  စား ကတော် တို့  အတွက် စိတ်
ကသိ ကအောင့် ဖြစ်ရသည် ဟု ဆိုသည်။

ဘာဂင်ဟမ် နန်းတော်ရှိ တော်ဝင် မိသားစု က မူ အဆို ပါ ဓာတ်ပုံ ကို ဖော်ပြ သည့် ပြင်သစ် စွယ်စုံ ရ မဂ္ဂဇင်း Closer
ကို တရား စွဲ မည် ဟု ဆို သည်။

Closer မဂ္ဂင်း ၏ အယ်ဒီတာ လော်ရန့် ပြဲ ကမူ ” အမလေး … လေး အထူး အဆန်း မဟုတ် တာ ကို အထူး အဆန်း လုပ်
နေတယ် .. သူ ယောက္ခမ (အမ) ကြီး တုန်း ကလဲ ဒီလို ပုံ တွေ ထွက် ပါ့ ” ဟု တုံ့  ပြန် သည်။

အဆို ပါ ဓာတ်ပုံ ကို ဖော်ပြ သည့် Closer မဂ္ဂဇင်း အယ်ဒီတာ  လော်ရန့်  ပြဲ ကို တွစ်တာ ၊ ပင်တာရက်(စ)  နှင့်
တမ်ဘလာ  လူမှု ကွန်ယက် များ တွင်အား ပေး မှု ၊ ဝေဖန် မှု ၊ ကန့် ကွက် ရှုံ့ ချ မှု များ ဖြင့် သော သော ညံ လျှက် ရှိ သည်။

နာမည် ကျော်ကြား လူသိများ သူ များ ၏ ၀တ်လစ်စလစ် ပုံ များ ကို ကမ္ဘာ့ လူဦး ရေ ၏ ၈၀ ရာခိုင် နှုန်း က စိတ်ဝင်စား
ကြ သော ကြောင့် ဂေါ်ယာ ကျွန်း ရှိ အယ်ဒီတာ များ က ဈေးကောင်း ပေး ၀ယ် ရာ မှ ပါပါရာဇီ ဟု ခေါ်သည့် ဓာတ်ပုံ
မုဆိုး လုပ်ငန်း သည် ပို၍ တွင် ကျယ် လာသည်။

ဝီလျှံ နှင့် ကိတ် တို့  သည် ဗြိတိသျှ ဘုရင် မကြီး ကိုယ်စား  အာရှ ရှိ ဗြိတိသျှ ဓနသဟာ ယ နိုင်ငံ များ သို့  ချစ်ကြည် ရေး
ခရီး ထွက် ကြ ခြင်း ဖြစ်သည်။

ဗြိတိသျှ ဓနသဟာယ နိုင်ငံ များ အဖွဲ့  ၀င် မလေးရှား နိုင်ငံ ရောက် ကိတ်

ဗြိတိသျှ ဓနသဟာယ နိုင်ငံ များ အဖွဲ့  ၀င် မလေးရှား နိုင်ငံ ရောက် ကိတ်

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: