Skip to content

စစ်တမ်း အမေးလွှာ (ကဗျာ)

Bernstein_bw_copy_body

ညွှန်ကြားချက်။      ။အောက်ပါစာကြောင်းတစ်စုံစီတွင် သင့်ထင်မြင်ချက်ကိုအကောင်းဆုံး
ဖော်ပြနိုင်သည့်စာကြောင်းအား ၎င်းစာကြောင်းထိပ်ရှိအက္ခရာ(က) သို့မဟုတ် (ခ) ကိုခဲတံ
ဖြင့်ဝိုင်း၍ရွေးချယ်ပါ။ စာကြောင်းအစုံတိုင်းအတွက် ရွေးချယ်မှုလုပ်ရပါမည်။  မည်သည်ကို
မျှချန်လှပ်ခဲ့ခြင်း မပြုရ။

၁။(က) ခန္ဓာကိုယ်နှင့်ကမ္ဘာလောကကြီးအတွင်းရှိ ရုပ်ဝတ္ထုပစ္စည်းများသည် ကျွန်ုပ်တို့ပိုင်
ဆိုင်နိုင်သော အသိပညာအားလုံး၏သော့ချက်ဖြစ်သည်။
(ခ) အသိပညာကို စိတ်သို့မဟုတ်စိတ်တန်ခိုးကိုအခြေခံသော နည်းလမ်းများဖြင့်သာရ
နိုင်ဖွယ်ရှိသည်။

၂။(က) ကျွန်တော်/ကျွန်မ၏ဘဝကို ကံနှင့်ဖြစ်တန်စွမ်းတို့က များစွာထိန်းချုပ်ထားသည်။
(ခ) ဘဝ၏အခြေခံလားရာကို  ကျွန်တော်/ကျွန်မကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်နိုင်သည်။

၃။(က) သဘာဝတရားသည် လူသား၏လိုအပ်ချက်တို့အပေါ် အကျိုးလည်းမပြု၊ အကျိုး
လည်းမပျက်စေပါ။
(ခ) သိသာထင်ရှားမှုမရှိသည့်တိုင် သဘာဝတရားတွင် ရည်ရွယ်ချက်ရှိသည်။

၎။(က) ကမ္ဘာလောကကြီးကို လုံလောက်သောအတိုင်းအတာတစ်ခုအထိ  ကျွန်တော်/
ကျွန်မနားလည်ထားသည်။
(ခ) ကမ္ဘာလောကကြီးသည် စိတ်ရှုပ်ထွေးဖွယ်ဖြစ်သည်။

၅။(က) အချစ်သည် အကြီးမားဆုံးပျော်ရွှင်မှုဖြစ်သည်။
(ခ) အချစ်သည်အာရုံမှောက်မှားမှု။ ၎င်း၏အပျော်တို့သည်ကား မတည်မြဲ။

၆။(က) ကမ္ဘာလောကကြီး၏အခြေအနေကို နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာဆောင်ရွက်ချက်
တို့က တိုးတက်ကောင်းမွန်စေနိုင်သည်။
(ခ) နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာဆောင်ရွက်ချက်တို့သည် အခြေခံအားဖြင့်အကျိုးမရှိ။

၇။(က) ကျွန်တော်/ကျွန်မ၏ ပုဂ္ဂိုလ်ရေးအဆန်ဆုံးခံစားမှုတို့ကို ပြည့်ပြည့်စုံစုံထုတ်ဖော်
ပြောဆိုနိုင်ခြင်းမရှိပါ။
(ခ)  ကျွန်တော်/ကျွန်မ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသော ခံစားမှုရယ်လို့မရှိ။

၈။(က) အကျင့်သီလစောင့်ထိန်းခြင်းကိုယ်၌က အကျိုးထူးဖြစ်သည်။
(ခ) အကျင့်သီလသည် အကျိုးအမြတ်ကိစ္စနှင့်မပတ်သက်။

၉။(က) မည်သူမည်ဝါသည် ယုံကြည်ကိုးစားထိုက်သူဖြစ်သည်ကို အတပ်ပြောလို့ရသည်။
(ခ) သင်မျှော်လင့်မထားသောနည်းလမ်းများဖြင့် လူတွေကသင့်ကို ရုတ်တရက်ထိုးနှက်
တိုက်ခိုက်တတ်သည်။

၁ဝ။(က)ကျေးလက်ဒေသမှာနေထိုင်ခြင်းသည် မက်မောဖွယ်အကောင်းဆုံးကိစ္စဖြစ်သည်။
(ခ) မြို့ပြမှာနေထိုင်ခြင်းသည် မက်မောဖွယ်အကောင်းဆုံးကိစ္စဖြစ်သည်။

၁၁။(က) စီးပွားရေးနှင့်လူမှုရေးဆိုင်ရာမညီမျှမှုသည် အကြီးမားဆုံးသော လူမှုဒုစရိုက်ကြီး
ဖြစ်သည်။
(ခ) အကြွင်းမဲ့အာဏာရှင်စံနစ်သည် အကြီးမားဆုံးသော လူမှုဒုစရိုက်ကြီးဖြစ်သည်။

၁၂။(က) ခြုံငုံကြည့်လျှင် နည်းပညာကလူသားကို ကောင်းကျိုးပေးသည်။
(ခ) ခြုံငုံကြည့်လျှင် နည်းပညာကလူသားကို ဆိုးကျိုးပေးသည်။

၁၃။(က) အလုပ်သည် လူသား၏အကြီးကျယ်ဆုံးသော ဖြည့်စွမ်းမှုကိုပေးနိုင်မည့် ဖြစ်တန်
စွမ်းသောအရင်းအမြစ်ဖြစ်သည်။
(ခ) အလုပ်မှလွတ်မြောက်ခြင်းသည် လှုပ်ရှားမှုတိုင်း၊ လူမှုရေးဆိုင်ရာတိုးတက်မှုတိုင်း
၏ ပန်းတိုင်ဖြစ်သင့်သည်။

၁၄။(က) အနုပညာ၏အစစ်အမှန်သဘောသဘာဝက နိုင်ငံရေးဆန်ပြီး ကျွန်ုပ်တို့၏အရှိတ
ရားဆိုင်ရာသိမှတ်မှုတို့ကို ပြောင်းလဲပေးနိုင်သည်။
(ခ)အနုပညာသည်လူ၏သိစိတ်ကိုသာပြောင်းလဲပေးနိုင်ပြီး အဖြစ်အပျက်တို့ကိုပြောင်း
လဲပေးနိုင်ခြင်းမရှိသောကြောင့် နိုင်ငံရေးနှင့်မသက်ဆိုင်။

ချားလ်စ်ဘန်းစတိုင်းန်

မြန်မာပြန်-မောင်ဒေး

(အမေရိကန်ကဗျာဆရာ Charles Bernstein ရဲ့ Questionnaire ကဗျာကိုပြန်ဆိုပါတယ်)
Charles Bernstein, 2006. Photo by Cecilia Gronberg.

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: