Skip to content
ကာမရာဂ ရုပ်ရှင် ဒါရိုက်တာ မွတ်ဆလင် တို့  ကို ဒေါပွ စေခဲ့ သည့် ဇာတ်ကား ကို ရိုက်ကူး ခဲ့
innocence-of-muslims-01
မွတ်ဆလင် ကမ္ဘာ ကို ဒေါသူ ပုန် ထစေခဲ့ သည့် အရိုးခံ မွတ်ဆလင် လေး များ (Innocence of Muslims)
ရုပ်ရှင် ကား ကို ရိုက်ကူး ခဲ့ သည့် ဒါရိုက်တာ သည် The Happy Hooker Goes Hollywood
နှင့် “Young Lady Chatterly” နှင့်  “The Sexpert ဇာတ်ကား များ ကို ရိုက်ကူး ခဲ့ သည့် ဒါရိုက်တာ
သည် ကာမရာဂ စိတ် ကို လှုံ့ ဆော်သည့် ရုပ်ရှင် ကား များ ကို ရိုက် ကူး ခဲ့ သည့် ဒါရိုက်တာ အလန် ရောဘတ်
ဖြစ်သည် ဟု ဂေါ်ကာ  သတင်း တွင် ဖော်ပြ ထား သည်။
ထိုဇာတ်ကား ကို နာမည် ကျော် ရုပ်ရှင် ဇာတ်ကား များ ထုတ် လုပ်သည့် ပါရာမောင့် ရုပ်ရှင် စတူဒီယို ၏ ယူ
နစ် တစ်ခု ဖြစ်သည့် CBS ရုပ်သံ ရှိုး များ ထုတ်လုပ် ရာ ကာလီဖိုးနီးယား ပြည်နယ် ဆန်တာ ကလာရီတာ ရှိ
JAG တွင် ရိုက်ကူး ခဲ့ သည်။
လောစ်ဇင်းဂျလိစ် နေ ကော့ပတစ် ခရစ်ယာန် Nakoula Basseley Nakoula သည် ထိုဇာတ်ကား ကိုရိုက်
ကူး ထုတ် လုပ် ရန် အတွက် ဇာတ်လမ်းရေး သား ခဲ့ ပြီး ၊ ငွေကြေး စိုက် ထုတ် ခဲ့ ကာ ၊ အကူ ဒါရိုက်တာ အဖြစ်
လည်း ပါဝင် ခဲ့ သည်။
ဇာတ်ကား ရိုက်ကူး ခဲ့ သည့် နေရာ သည် Blue Cloud ရုပ်ရှင် ထုတ်လုပ်ရေး မှ ပိုင် ဆိုင်သည့် ဘဂ္ဂဒက် ရင်
ပြင် ဟု ခေါ်သည့် ပြင်ပ စတူဒီယို ခြံ ဖြစ်သည်။ ထိုနေရာ တွင် Iron Man,” “Arrested Development” နှင့်
“CSI” ဇာတ်ကား နှင့် ရုပ်သံ ဇာတ်လမ်း တွဲ များ ရိုက် ကူး ခဲ့သည်။
ဇာတ်ကား ရိုက် ကူး ထုတ်လုပ် ရန် အတွက် လိုအပ် သည့် ငွေကြေး နှင့် အများ ပြည်သူ နှင့် သက်ဆိုင်သည့်
နေရာ များ တွင် ရိုက်ကူး ခွင့် ကို LA ရှိ Duarte မြို့  အခြေစိုက် Media for Christ ဆိုသည့် အကျိုး အမြတ်
မယူသော ခရစ်ယာန်  အဖွဲ့  အစည်း က နာကိုလာ မှ တစ်ဆင့် ငွေကြေး စိုက် ထုတ်ပေး ခဲ့ ခြင်း ဖြစ်သည်။
LA ရဲတပ် ဖွဲ့ က Desert of Warriors အမည်ဖြင့် သမိုင်း ဆိုင်ရာ အချက် အလက် များ ပါသည့် ရုပ်ရှင် ဇာတ်ကား
ရိုက် ကူး ခွင့် လျှောက် လွှာ ကို သြဂုတ်လ  တွင့် ခွင့် ပြု ခဲ့ သည်။
တမန် တော် မိုဟာမက် ကို အကြည် အညို ပျက်စေသည့် ထိုရုပ်ရှင်ဇာတ်ကား တွင် မိုဟာမက် အား လိင်စိတ်
မထိမ်း နိုင်သူ ၊ ယောင်္ကျား ၊ မိန်းမ မရွေး လိင် ဆက်ဆံ သူ ၊ မိန်းမ လိုက်စား သူ ၊ ကလေးများ ကို လည်း လိင်
အလို့  ငှာ စွဲဆောင် သူ အရိုး ကွဲ အောင် ရိုက်မှ အသဲ စွဲ အောင် ချစ် မယ့် သူ အဖြစ် ပုံ ဖော်ခဲ့ သည်။
ထို ရုပ်ရှင် ကား ကြောင့် အာရပ် နှင့် မွတ် ဆလင် နိုင်ငံများ တွင် ဆူ ပူ အုံ ကြွ မှု ဖြစ် ခဲ့ ပြီး လစ်ဗျား နိုင်ငံ ဘန်ဂါ
ဇီ မြို့  အမေရိကန် သံ အမတ် ကြီး ခရစ် အီဗန် အပါ အ၀င် ၊ သံ အမှု ထမ်း လေး ဦး အကြမ်း ဖက် တိုက် ခိုက် ခံ
ရ ပြီး နောက် သေ ဆုံး ခဲ့ သည်။
CBS ရုပ်သံ နှင့် Media for Christ က မူ ထိုဇာတ်ကား ထုတ် လုပ် မှု တွင် သူတို့  မသိ ဟု AP သတင်း ကို ပြော
သည်။
Innocence of Muslims ဇာတ်ကား ကို ဟောလိဝုဒ် လမ်းမ ကြီး ရှိ Vine ရုပ်ရှင် ရုံ တွင် ပင် ပွဲ ဦးထွက် ပြ သခဲ့
သည်။
ဒါရိုက်တာ အလန် ရောဘတ် သည် မထင်မရှား လိင်ဆံရေး ဗီဒီယို ဒါရိုက်တာ အဖြစ် အသက် မွေး ၀မ်းကျောင်း မှု
စတင် ခဲ့ သော် လည်း Young Lady Chatterley (၁၉၇၇) ဖြင့် သူ့  ကို လူသိများ မှု နှင့် ထင်ပေါ် ကျော်ကြား မှု
ဖြစ်စေခဲ့ သည်။
Update : Innocence of Muslims ဇာတ်ကား ကို ရိုက်ကူး ထုတ် လုပ် ရန် အတွက် သရုပ်ဆောင် နှင့် ရုပ်ရှင်
အဖွဲ့  သား ၈၀ ကျော် ပါရှိ ခဲ့ ပြီး ခေါင်းဆောင် မင်းသား ဖြစ်သူ Tim Dax  သည်   လိင်ဖျော်ဖြေရေး ဇာတ်ကား များ
တွင် သရုပ်ဆောင် ခဲ့ သူ  ဖြစ် ပြီး CBS ၏ CSI : Crime Scene Investigation ရုပ်သံ ဇာတ်လမ်း တွဲ ဉ် လည်း
ပါဝင် သရုပ်ဆောင် ခဲ့ ဖူး သည်။
၂၀၁၁ ခုနှစ် ဇူလိုင်လ တွင် အဆို ပါ ရုပ်ရှင် ဇာတ်ကား အတွက် သ ရုပ်ဆောင် များ ခေါ် ခြင်း ကို သရုပ်ဆောင် ခေါ်
သည့် အင်တာနက် စာမျက် နှာ တွင် ထုတ်လုပ်သူ  Sam Bassiel ဆိုသည့် အမည့် သရုပ်ဆောင် နှင့် အရံ သရုပ်
ဆောင် များ အလို ရှိ သည် ဟု ခေါ် ခဲ့ သည်။ သရုပ်ဆောင် ကြေး ကို လည်း ကျွမ်းကျင်မှု ဆိုင်ရာ အရည် အချင်း အ
လိုက် ထိုက် တန် စွာ ပေး မည် ဟု ဖော်ပြ ထား သည်။
ဇာတ်လမ်း ကို မူ သမိုင်းဝင် အာရပ် ကန္တာ ရ ခရီး စွန့် စား ခန်း ရုပ်ရှင် ဟု ဖော်ပြ ထား သည်။
ထိုဇာတ်ကား တွင် သရုပ်ဆောင် ခဲ့ သည့် သရုပ်ဆောင်များ က မိမိတို့  သမိုင်း ဆိုင်ရာ အချက်  များ ပါ
သည့် အာရပ် စွန့် စား ခန်း ရုပ်ရှင် တစ်ခု တွင် သာ သရုပ် ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း ယခု လို ဖြစ်မည်
ဟု မထင် ခဲ့ သည့် အတွက် ကြေကွဲ ၀မ်း နည်း ရသည် ဟု ဆိုသည်။
ပြည်သူ နှင့် သက်ဆိုင် သည့် နေ ရာ တွင် Desert Warriors အတွက် တစ်ရက်တာ ရုပ်ရှင် ရိုက် ခွင့် ပြု ခဲ့ သည်
ဟု ဆိုသည်။ သူက ဆက် ပြီး ” ဒီဇာတ်ကား မှာ အနု ပညာ ၊ ရုပ်ရှင် ပညာ တန်ဖိုး အရာ ဘာမှ မရှိ ပေမယ့်
စနစ် တကျ ပါဝင် ပတ်သက် မှု တွေ ရှိ နေသည် “ဟု AFP သတင်း ကို ပြောသည်။
အီဂျစ် အခြေစိုက် မွတ်ဆလင် ညီအကို တော်များ အဖွဲ့  နှင့် ဆီရီးယား အခြေစိုက် ဟဇ် ဘိုလာ အဖွဲ့  တို့  က
ထို ဇာတ်ကား ကို ပြင်းပြင်းထန် ထန် ဆန့်  ကျင် ကန့် ကွက် ကြ ရန် တိုက် တွန်း ထား သည်။
ဆက်လက် ဖော်ပြ ပါမည် .. စောင့်မျှော် ဖတ် ရှု ပါ။
About these ads
Follow
Get every new post delivered to your Inbox.
Join 528 other followers
%d bloggers like this: