Skip to content

၈၈ မျိုးဆက်ကျောင်းသားများ ၏ ကချင်ပြည်နယ် ဖားကန့် ခရီးစဉ်

247609_153633384776956_1900059993_n

 ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့  မှ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုသက်ဇော် နှင့် ကိုမာကီ
တို့  ၅ ဦးသည် ကချင်ပြည်နယ် ဖားကန့် ဒေသ သို့  စက်တင်ဘာလ ၁၆ ရက် နေ့  က ရောက်ရှိ လာရာ
ဒေသခံ များ က လှိုက် လှိုက် လှဲလှဲ ကြို ဆိုသည် ဟု Kachin Waves ၏ Facebook တွင် ဖော်ပြထား
သည်။

၈၈ မျိုးဆက် ကျောင်းသားများ သည် ကချင် လွတ်မြောက်ရေး တပ်မတော်  KIA အဖွဲ့ဝင် များနှင့်
တရင်းတနှီး နုတ်ဆက်စကားများ ပြောခဲ့ပြီး လုံးခင်အ၀င်နားတွင် ထောင်နဲချီသော ပြည်သူများ
ကြိုဆိုခဲ့ ကြသည်။

ထိုမှတဆင့် ဒုက္ခသည် စခန်းများသို့သွားကာ ဒုက္ခသည်များအား အားပေးစကားပြောခဲ့ ပြီး အလှုငွေ
များလည်း ပေး အပ် ခဲ့ သည်။
“ကျောက်မျက်ရတနာကျောက်စိမ်းတွေ ဒီလောက်ထွက်တဲ့ နေရာမှာလာရတဲ့လမ်းက ကျွန်တော်
ဘ၀ မှာ သွားခဲ့ဖူးတဲ့ လမ်းတွေထဲက အဆိုးဆုံးပဲ၊ အခုလဲ ဒီဖားကန့်ဒေသမှာ ဘုရားကျောင်း ခေါ
င်းလောင်သံတွေ ကျောင်းခေါင်းလောင်းသံတွေ ကြားချင်တယ်၊ ဖားကန့်ဒေသ သေနတ်သံတွေ ငြီမ်းပါစေ၊
ကချင်ပြည်နယ် သေနတ်သံတွေ ငြိမ်းပါစေ” ဟု ပြည်သူများ အား မိန့်ခွန့်အားပေးစကား ပြောခဲ့ပါသည်။

ကိုမင်းကိုနိုင်သည် အမေရိကန် နိုင်ငံ ခရီးစဉ် ကို ဖျက် ပြီး စစ်ဖြစ် ပွား နေရာ ကချင် ပြည်နယ် သို့ လာ
ရောက် ခြင်း ဖြစ်သည်။

Photo and News credit to Kachin Waves and Contributed by FNG

About these ads
2 Comments
  1. ukokolay #

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုလေးစားချီးကျူးပါတယ်။

    October 7, 2012
  2. Ko Latt #

    မင်္ဂလာ ရှိပါတယ်ဗျာ။ ဆုယူရမယ့် ပန်းခင်းလမ်း USA ကို မသွားပဲ စစ်မြေပြင် ဖားကန့်ကို လာရဲတဲ့ ကိုပေါ်၊ ပြုံးချိုနဲ့ ဌေးကြွယ်တို့ကို လေးစားပါတယ်။ ဒီမြေမှာ နေဘူးမှ ဒီမြေရဲ့ risk တွေကို နားလည်ပါတယ်။ High Risk road ကို အများအကျိုးအတွက်၊ နစ်နာသူတွေအတွက် လျှောက်ရဲတဲ့သူတွေသာ ကျွန်တော်တို့ မြန်မာ/ဗမာ တွေရဲ့ သူရဲကောင်းတွေဖြစ်ပါတယ်။

    September 18, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: