Skip to content

မက္ကဆီကို က ထောင်ဖောက်ပြေး ၊ အမေရိကန်ကို ရောက်

ap_mexico_ac_120917_wg

အောင်ပန်၊         ၊မက္ကဆီကိုနိုင်ငံမြောက်ပိုင်း Coahuila ပြည်နယ်ရှိအကျဉ်းထောင်မှ အကျဉ်းသား
တစ်ရာ ကျော်ထွက်ပြေးလွတ်မြောက်၍ အမေရိကန်နယ်စပ်ဖြတ်ကျော်ခိုးဝင် သွားကြောင်း ပြည်နယ်
အစိုးရတာဝန်ရှိသူက တနင်္လာနေ့က မီဒီယာသို့ပြောကြားခဲ့သည်။ Piedras Negras မြို့ရှိအကျဉ်း
ထောင်၏ လက်သမားအလုပ်ရုံမှ အကျဉ်းသားတို့သည် ရေမြောင်းတဆင့်ထွက်ပြေးလွတ်မြောက်
သွားကြသည်။

အဆိုပါအကျဉ်းထောင်ရှိအကျဉ်းသားအများစုမှာ မူးယစ်ဆေးဝါးဂိုဏ်းဝင်များဖြစ်ကြပြီး လူသတ်ပြန်ပေးဆွဲမှု၊မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတို့ဖြင့်အကျဉ်းကျခံနေရသူများဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအစိုးရဘက်မှ ထွက်ပြေးလာသောအကျဉ်းသားများကို ကူညီဖမ်းဆီး
မည်ဖြစ်ကြောင်းကြေညာခဲ့သည်။ မက္ကဆီကိုနိုင်ငံအတွင်းရှိ မီဒီယာတချို့မှ ထွက်ပြေးလွတ်မြောက်
သွားသောအကျဉ်းသားဦးရေမှ နောက်ဆုံး ရ သတင်း များ အရ ၁၃၂ ဦးကျော်ရှိကြောင်း ABC
သတင်း တွင် ဖော်ပြ ထား သည်။

အကျဉ်းထောင် ၏ ညွန်ကြား ရေး မှုး နှင့်  အခြား ၀န်ထမ်း နှစ်ဦး ကို မူ အကျဉ်းသား များ ထွက် ပြေး
မှု ဖြင့် စစ်မေး ရန် ဖမ်းဆီး ထား သည်။ အဆိုပါ အကျဉ်းထောင် တွင် အကျဉ်းသား ၇၀၀ ကျော် ရှိ
ပြီး အကျဉ်းသား အများ စု မှာ မူးယစ်ဆေး မှု ၊ နယ်စပ် ဖြတ်ကျော် ရာဇ၀တ် မှု ကျုးလွန် ခြင်းများ
ဖြင့် ဖမ်းဆီးထား ခြင်း ဖြစ်သည်။

၂၀၁၀ခုနှစ်အတွင်းကလည်း အမေရိကန်နယ်စပ်အနီးရှိ  Nuevo Laredo မြို့အကျဉ်း
ထောင်တခုမှ အကျဉ်းသား ၁၄၀ကျော်ထွက်ပြေးလွတ်မြောက် ပြီး တက္ကစက် ပြည်နယ် ထဲ
သို့ ခိုးဝင် ခဲ့ ကြသည်။
Contribution and Edited by FNG

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: