Skip to content

ကွန်ဂရက် ရွှေတံဆိပ်ဆု လက္ခံရယူ ပြီး အိုဘားမား နဲ့  ဒေါ်စု တွေ့ ဆုံ

296414_431553516882277_637652538_n

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် သမ္မတ ဘာရက် ခ် အိုဘားမား
တို့ သည်ယနေ့  ၀ါရှင် တန် ဒီစီရှိ သမ္မတ အိမ်ဖြူ တော်  ဘဲဥပုံ ရုံးခန်း တွင် တစ်နာရီ နီးပါး ကြာ  တွေ့ ဆုံ
ဆွေးနွေး ခဲ့ သည် ဟု AP သတင်း တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဘာရက်(ခ) အိုဘားမား သည် ပထမ ဦးဆုံး အကြိမ် တွေ့ ဆုံမှု
ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန် ပြည်ထောင်စု
က အရပ်သားများကို ချီးမြှင့်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သော ‘ကွန်ဂရက် လွှတ်တော် ရွှေတံဆိပ်ဆု’ ကို
တက်ရောက် လက်ခံ ရယူ ခဲ့ပြီး မိနစ် ၃၀ နီးပါး ကြာ မိန့် ခွန်း ပြောကြား ခဲ့ သည်။

ကွန်ဂရက် ရွှေ တံဆိပ် ဆု ချီးမြှင့် ပွဲ တွင်၆၁ ဦးမြောက်  အောက်လွှတ်တော် (ကွန်ဂရက်) လွှတ်တော် ဥက္ကဌ
နှင့် အိုဟိုင်းယိုး ပြည် နယ် လွှတ်တော်အမတ် ဂျွန်ဘေးနား က ပေး အပ် ချီး မြှင့် ခဲ့ သည်။ ဆုပေး ပွဲ သို့ 
အမေရိကန် သမ္မတ ဟောင်း ဂျော့ ဘုရှ် ၏ဇနီး ဖြစ်သူ လောရာဘုရှ် လည်း တက်ရောက်ခဲ့ သည်။

ဆုပေး ပွဲ တွင် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ဒေါ်အောင်ဆန်းစုကြည် ၏ ကြိုးစား အားထုတ်
မှု နှင့် အမှတ် ရဖွယ် များ ကို ပြောကြား ခဲ့ သည်။ ဂျွန်ဘေနာ ၊ ဂျွန်ကယ်ရီ ၊ ဂျင်(မ)၀ဘ် နှင့် မစ် မက်ကောနယ်(လ)
နန်စီ ပယ်လို စီ တို့  လည်း တက်ရောက် ခဲ့ ကြသည်။

အမေရိကန် လွှတ်တော် နှစ်ရပ်ပေါင်း အစည်းအဝေး၌ ပေးအပ်မည့် အဆိုပါ ဆုပေးပွဲ အခမ်းအနားသို့ 
သမ္မတ ဘားရက် အိုဘားမား လည်း နှင့် ထင်ရှား သော လွှတ်တော် အမတ် များ လည်း တက်ရောက် မည်
ဖြစ်သည်။

အမေရိကန် စံတော် ချိန် ဗုဒ္ဓဟူး နေ့  နေ့ လည် ပိုင်း တွင် Amnesty International ဉ် ဆွေးနွေး ပြောကြား
မည် ဖြစ် ပြီး ထို အစီအအစဉ် အား အင်တာနက် မှ တစ်ဆင့် တိုက်ရိုက် ထုတ် လွှင့် ပြသမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့   က အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် နှင့်
တွေ့ ဆုံ ခဲ့ ပြီး  ဗီအိုအေ မြန်မာ့ အသံ နှင့် လွတ်လပ်သော အာရှ အသံ မြန်မာ ပိုင်း အစီအစဉ် မှ ၀န်ထမ်းများ
နှင့် လည်း တွေ့ ဆုံ ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့  ညနေ တွင် အိမ်ဖြူတော် မှာ သမ္မတ အိုဘားမား နှင့် ဇနီး မစ်ရှယ်(လ) အို
ဘား မား တို့  နှင့် အတူ ညစာ သုံးဆောင် နိုင်ဖွယ်ရှိသည်။

ယနေ့  သည် ဒေါ်အောင်ဆန်းစုကြည် ၏ ၁၇ ရက်ကြာ အမေရိကန် ခရီးစဉ် ၏  ဒုတိယ မြောက် နေ့  ဖြစ်သည်။

 

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: