Skip to content

ရုရှား အမျိုး သမီး ပန့် ရောခ် ဂီတ အဖွဲ Pussy Riot လွတ်မြောက်ရေး ဒေါ်စု တောင်းဆို

76216_10152096992135632_223165674_n

အမေရိကန် ပြည်ထောင်စု သို့   ရောက် ရှိ နေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် က ထောင်ဒဏ် ချမှတ် ခံထား ရသည့် ရုရှား အမျိုး သမီး ပန့် ရောခ် ဂီတ အဖွဲ့  ဖြစ်
သည့် ပူစီ ရိုင်းယတ် အဖွဲ့  ကို လွှတ်ပေး ရန် ဗလာဒီမာ  ပူတင် ဦးဆောင်သည့် ရုရှား အစိုးရ ကို
ယနေ့  တောင်းဆို လိုက်သည်။

နေအိမ် အကျယ် ချုပ် ဘ၀ ဖြင့် ၁၅ နှစ် ကျော်ကြာ နေ ထိုင် ခဲ့ ရသည့် ဒေါ်အောင်ဆန်း စုကြည်
က နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာ ခွင့် အဖွဲ့  (Amnesty International)  မှ ကျင်းပသည့်
Rights Generation တွင် ပြောကြား ခဲ့ ခြင်း ဖြစ်သည်။

အဖွဲ့  ၀င် သုံးဦး ပါသည့် ပူစီ ရိုင်းယတ် (Pussy Riot)  အဖွဲ့  သည် ကာသီဒရေလ် ဘုရား ရှိ ခိုး
ကျောင်း တွင်း ပူတင် ရှိ နေစဉ် ဘုရား ကျောင်း ပြင် ပ ဉ် နိုင်ငံ ရေး လှုံ ဆော်မှု သီချင်း များ သီ
ဆို မှု ဖြင့် ပြီး ခဲ့ သည့် လက ဆူ ပူ သောင်း ကျန်း မှု ရုရှား အစိုး ရ က ထောင် ဒဏ် ၂ နှစ် စီ ချမှတ်
ခဲ့ သည်။

” သီချင်း မှာ ညစ်တီး ညစ် ပတ် တွေ ပါ လို့  လား … အစိုးရ ဆိုတာ ပြည်သူ က ဝေဖန် တာ ခံ နိုင်
ရမယ်။ လူ တိုင်း ဟာ လွတ် လပ် စွာ သီဆို ခွင့် ရှိရမယ်” ဟု တက်ရောက် လာသူများ ကို ပြောသည်။

နိုင်ငံ တကာ လွတ်ငြိမ်း ချမ်းသာ ခွင့် အဖွဲ့  ၏  အစီအစဉ် တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား
စဉ်  ပူစီ ရိုင်းယတ် အဖွဲ့ မှာ အဖွဲ့  ခေါင်းဆောင် အဆိုတော် နာဒက်(ဇ)ဒါ တိုလိုကိုနီကို ဗာ ၏ ခင်ပွန်း
ဖြစ်သူ ၊ ရုရှား တင်ဆက်မှု နှင့်  အများ ပြည်သူ ကြား တင်ဆက်မှု အနု ပညာရှင် ပိုင်ယိုတာ ဗာဇီလောဗ်
လည်း ရှိ နေသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့  နံနက် အစော ပိုင်း National Endowment for Democracy
မှ ပေး အပ် ချီးမြှင့် သည့် ဆု ကို တက်ရောက် လက္ခံ ရယူ ခဲ့ သည်။ ထို အခမ်းအနား သို့  နိုင်ငံ ခြား ရေး
ဝန်ကြီး ဟောင်း မယ်ဒလင်း အောဘရိုက် လည်း တက်ရောက် ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် သည် သည် ၀ါရှင် တန် ဒီစီရှိ မြန်မာ မိသား စု များ နှင့် လည်း တွေ့ ဆုံ ခဲ့ ပြီး
သတင်း နှင့် စာနယ်ဇင်း ပညာ ပြ တိုက် Newseum ကို လည်း သွား ရောက် လည် ပတ် ခဲ့ သည်။

Pussy Riot, Myanmar, Aung San Suu Kyi, Call for Release

About these ads
Follow

Get every new post delivered to your Inbox.

Join 535 other followers

%d bloggers like this: