Skip to content

ခိုးဝင်သည့် ဘင်္ဂလားဒေရှ် များအား အိန္ဒိယတွင် ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်

DEL121-922_2012_173325_high

အောင်ပန် ၊       ၊အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ရှိပြည်နယ်တခုဖြစ်သော (မြန်မာပြည်စစ်ကို
င်းတိုင်းနှင့်ကပ်လျက်) မဏိပူရပြည်နယ် အတွင်းသို့ ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသား
(၂၂)ဦးအား အင်ဖာမြို့အရှေ့ပိုင်း
တရားရုံးမှ တရားသူကြီး JudicialMagistrateက ထောင်ဒါဏ်(၂)နှစ်နှင့်  ငွေဒါဏ်ရူပီးငွေတသောင်း
ပေးဆောင်ရန် ပြီးခဲ့သည်ကြာသပတေးနေ့က ပြစ်ဒါဏ်ချမှတ်ခဲ့သည်။ ၁၉၄၆ခုနှစ် နိုင်ငံခြားသား
အက်ဥပဒေအရ ပြစ်ဒါဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒါဏ်ငွေမဆောင်နိုင်ပါက ထောင်ဒါဏ်(၆)လ
ထပ်မံကျခံရမည်ဖြစ်သည်ဟု The Hindu သတင်းတွင်ဖေါ်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာပေါင်းများစွာတို့သည် အိန္ဒိယနိုင်ငံအတွင်းသို့ ခေါင်းင်းရွက်ဗြတ်
ထိုးဈေးသည်၊ ကျပမ်းအလုပ်သမားအဖြစ်လုပ်ကိုင်ငွေရှာရန်အတွက် အိန္ဒိယနိုင်ငံအတွင်း
နည်းမျိုးစုံဖြင့် ခိုးဝင်လာနေမှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်ကို တင်းကျပ်သော
လုံခြုံရေးအဆင့်ထားရှိစစ်ဆေးနေရသည်။ ရာပေါင်းများစွာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
များသည် မြန်မာနယ်စပ်နှင့်ကပ်လျက်ရှိသော မဏိပူရပြည်နယ်အတွင်းမှတဆင့်
ခိုးဝင်ရောက်နေမှုများပြားလာသည်။

ယခုခိုးဝင်လာသူများမှာမဏိပူရပြည်မြို့တော်  အင်ဖာအရှေ့ဖက် ထောင်ပါးခရိုင်အတွင်း
မှတဆင့်   ဖြတ်ကျော်ဝင်ရောက်လာစဉ် Serou မြို့ ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအရေးကိစ္စသည် မကြာခင်ကာလအတွင်း
ကြီးမားသောအရေးကြီးသည့် ကိစ္စဖြစ်လာဖြစ်လာတော့မည်ဖြစ်ကြောင်းကို ခရိုင်ရဲ
တပ်ဖွဲ့မှူးကပြောကြားခဲ့သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: