Skip to content

အာဖဂန် ရှေးဟောင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု နယ်မြေ ကို ဖျက် ဆီး ပြီး တရုတ် အစိုးရ က ဓာတ်သတ္တု တူးဖော်

120919085505-afghan-mining-03-horizontal-gallery

စည်သူ ဦး ၊ တရုတ် အစိုးရ ပိုင် တရုတ် ဓာတ်သတ္တု  ရှာဖွေရေး အုပ်စု ကော်ပိုရေးရှင်း (MCC) က အာဖဂန်
နစ္စတန် နိုင်ငံ အရှေ့ ပိုင်း လိုဂါ ပြည်နယ် မှာ ရှိ တဲ့ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၆၀၀ နီးပါးက  ရှေးဟောင်း
ဗုဒ္ဓယဉ်ကျေးမှု အနုပညာလက်ရာ တွေ ရှိ တဲ့ သမိုင်း ၀င်  အမွေ အနှစ် ဒေသ ကို ဖျက်ဆီး ပြီး ဓာတ်
သတ္တု မိုင်း ရှာ ဖွေ ရေး လုပ် ငန်း တွေ ကို လုပ်ဆောင် ဖို့  စတင် နေတာ ကြောင့် နိုင်ငံ တကာ က 
ရှေး ဟောင်း ယဉ်ကျေးမှု နဲ့  သုတေသန ပညာရှင် တွေ ၊ ဗုဒ္ဓဘာသာ ၀င်တွေ ၊ အာဖဂန် နစ္စတန်
က မွတ်ဆလင် တွေ က ပြင်း ပြင်း ထန် ထန် စတင် ကန့် ကွက် နေ ကြ ပါပြီ ဖြစ်ပါတယ်။

လိုဂါ က ရှေးဟောင်း သုတေသန နယ်မြေ ဟာ ဗုဒ္ဓ ခောတ် ပန်းချီ ပန်းပု လက် ရာ အနုပညာ တွေ
ကို အများဆုံး တွေ့ ရ တဲ့ နေရာ  ဖြစ် ပြီး ၊ ကြေးခောတ် က အသုံး အဆောင် ပစ္စည်း တွေ ကို ပါ တွေ့ 
ရှိ နိုင်တဲ့ သမိုင်း ၀င် ပိုး လမ်း မ ကြီး ပေါ် မှာ ရှိ တဲ့ နေရာ ဖြစ်ပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံ  ရဲ့  မြို့ တော် ကဘူးလ် မြို့  ရဲ့  အရှေ့  တောင် ဘက် ၂၅ မိုင် အကွာ မှာရှိတဲ့
မာစ် အိုင်နက် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဟာ ကမ္ဘာ မှာ ရှေး အကျဆုံး ဗုဒ္ဓဘာသာ နယ်မြေ
ဖြစ် ပါတယ်။

တရုတ် MMC ကုမ္ပဏီ က  Mes Aynak မှာ သတ္တု ရှာဖွေ တူးဖော် နိုင်ရေး အတွက် ကျေးရွာ ခြောက်
ရွာ တောင် ကျော နှစ်ခု ၊ ရှေးဟောင် ဂူပုထိုး နဲ့  ဗုဒ္ဓဘာသာ ထွန်း ကာခဲ့ စဉ် က သမိုင်း ၀င် ရှေး
ဟောင်း ဘုန်းတော် ကြီး ကျောင်း တွေ ကို ပါ ဖျက်ဆီး  ဖယ်ရှား ပစ်မှာ ဖြစ်ပါတယ်။

အမေရိကန် North Western တက္ကသိုလ် ၊ မီဒီလ် စာနယ်ဇင်း ပညာကျောင်း က ပါမောက္ခ နဲ့ 
မှတ်တမ်း ရုပ်ရှင်  ဒါရိုက်တာ လည်း ဖြစ် တဲ့ ဘရန် ဟဖ်မန်း က The Buddhas of Aynak ဆို
တဲ့ မှတ်တမ်း ရုပ်ရှင် ကား ကို စွန့် စား ရိုက် ကူး ခဲ့ ပြီး တရုတ်က ဒီဒေသ မှ ရှိတဲ့ ရှေးဟောင်း ဗုဒ္ဓ
ဘာသာ နေရာ တွေ ကို ဖျက်ဆီး ပြီး ဓာတ်သတ္တု တူးဖော်မှု ဟာ သဘာဝ ပတ်ဝန်း ကျင် ကို ပါ
ပျက် စီးစေတယ် လို့  သူ ရဲ့   အိုက်နက် က ဗုဒ္ဓ ဇာတ်ကား ထဲ မှာ ထောက် ပြ ခဲ့ ပါတယ်။

မာစ် အိုင်နက် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဟာ ကမ္ဘာ မှာ ဒုတိယ အကြီး ဆုံး ရှေးဟောင်း
ဗုဒ္ဓ ယဉ်ကျေးမှု အမွေ အနှစ် နယ်မြေ ဖြစ်ပါတယ်။  အာဖဂန် နစ္စတန် အစိုးရ က တရုတ် ကုမ္ပဏီ
MCC ကို နှစ် ၃၀ လုပ်ခွင့် ဒေါ်လာ ၃ ဘီလျှံ နဲ့  အငှားချထား တာ ဖြစ်ပါတယ်။

ကန့် ကွက် မှု တွေ ဖြစ်လာ တော့ MCC ကုမ္ပဏီ က ” စာချုပ် ချုပ် ဆို ချိန် မှာ အာဖဂန် အစိုးရ
က ရှေးဟောင်းယဉ်ကျေးမှု နယ် မြေ ဆို တာ ထည့် မပြော ခဲ့ ဘူး လို့  ဆို ပါတယ် “

UPDATE

မာစ် အိုင်နက် ရှေးဟောင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု နယ်မြေ သတင်း ကို CNN က နာရီ အလိုက်
ထုတ်လွှင့်ပြသ ပြီး နောက် တရုတ် ပေါ်လစ်ဗျုရို အဖွဲ့ ဝင် နှင့် တရုတ် အမျိုးသား လုံခြုံရေး အကြီး
အကဲ ကျောက်ယောက်ကန်  အာဖဂန်နစ္စတန် သို့  ရုတ် တရက် ရောက်ရှိ လာသည်။ သူ ၏ ခရီးစဉ်
ကို တရုတ် အစိုးရ က အထူး လှို့ ဝှက်ထားသည်။

တရုတ် အစိုးရ  ၏ ထိပ်တန်း အရေး ပါသည့် ပုဂ္ဂိုလ် များ သည် ၁၉၅၅ ခုနှစ် မှ စပြီး အာဖဂန် နစ္စတန်
နိုင်ငံ ကို သွားရောက် လည်ပတ် ခြင်း မရှိတော့ ရာ ကျောက်ယောက်ကန် သည် ထိပ်တန်း အာဏာ
ရှိသူ များ ထဲ မှ ပထမ ဦးဆုံး အကြိမ် သွား ရောက် လည်ပတ် သူ ဖြစ်သည်။

သတင်း ဆောင်း ပါး နှင့် ဓာတ်ပုံ ၊ ဗီဒီယို များ ကို ဆက်လက် ဖော်ပြ ပါမည်။ စောင့် မျှော်ဖတ် ရှု ပါ။

Chinese Mining Company to Destroy Buddhist Historical Site in Afghanistan

Buddhist site in Logar province, Afghanistan

China Metallurgical Group Corporation (MCC), Afghanistan,

About these ads
One Comment
  1. myomintun #

    ohh.mad man china.are you crazy?stupid.

    September 23, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: