Skip to content

ဂန်နမ် စတိုင် ကြည့် ရှု သူ သန်း ၈၀၀ ကျော်ပြီ

gangnamstyle11

Psy ဟု လူသိများသည့်  တောင်ကိုရီးယား အဆိုတော် ပတ်(ခ)ဂျဲဆောင် ၏ ဇူလိုင် လ ၂၅ ရက်နေ့ 
က ထုတ်ဝေ ဖြန့် ချိ ခဲ့ သည့် PSY’s Best 6th Part 1အယ်(လ) ဘမ်ထဲ မှ  ဂန်နမ် စတိုင် Gangnam Style
သီချင်း ၏ ဂီတ ဗီဒီယို သည် Yotube တွင် ကြည့် ရှု သူ သန်း ၈၁၀ ရှိ သွား ပြီ ဖြစ်ကာ Youtube
တွင် ထာဝရ လူကြိုက် များ သည့် ဂီတ ဗီဒီယို အဖြစ် ရပ် တည် နေ နိုင် ကြောင်း ၀ါရှင်တန်ပို့ စ် သတင်း
စာ သို့  ပြောကြားသည်။

ဂန်နမ် စတိုင်လ် ဂင်းနက်(စ) စံချိန် ချိုး

အနုပညာ လှုပ်ရှား မှု များ တွင် Psy ဟု လူသိများသည့် အသက် ၃၄ နှစ် အရွယ်ရှိ  တောင်ကိုရီးယား
အဆိုတော် ပတ်(ခ)ဂျဲဆောင် ၏ ဇူလိုင် လ ၂၅ ရက်နေ့  က ထုတ်ဝေ ဖြန့် ချိ ခဲ့ သည့် PSY’s Best 6th Part 1
အယ်(လ) ဘမ်ထဲ မှ  ဂန်နမ် စတိုင် Gangnam Style သီချင်း ၏ ဂီတ ဗီဒီယို သည် Yotube တွင်
ကြည့် ရှုသူ သန်း ၂၅၀  ဖြင့်  ဂင်းနက်(စ) ကမ္ဘာ့  စံချိန် မှတ်တမ်း ကို ချိုး နိုင်ခဲ့ သည်။

Electro House, Hip House, Korean စတိုင် ပေါ့ပ် သီချင်း အမျိုး ဖြစ်သည့် ဂန်နမ် စတိုင်(လ) သည်
ဆိုလ်းမြို့ ရှိ အာဏာရှိသူများ ၊ သူကြွယ်သူဌေးများ နာမည် ကျော်ကြား သူများ  နေထိုင်ရာ ဂန်နမ် ခရိုင်
ကို သရော်မှု ပြု ထားသည့် ဂီတ ဗီဒီယို ဖြစ်သော် လည်း ပတ်(ခ)ဂျဲဆောင် ၏ လက် နှစ် ဖက် ချိတ် ပြီး
ခြေထောက် မြှောက်ကာ က ပြသည့် စတိုင် မှာ လူကြိုက် များ ခဲ့ သည်။

အမေရိကန် အဆိုတော် Tpain, ဘရစ်တနီ စပီးယား၊ ကေတီ ပယ်ရီ ၊ Maroon 5 တို့  က လည်း ထိုသီ
ချင်း ဗီဒီယို ကို အလွန် နှစ် သက်ကာ ၎င်း တို့  ၏ Facebook နှင့် တွစ်တာ စာမျက်နှာ များ တွင် ပြန်လည်
မျှ ဝေထား သည်။

မြန်မာ အိုပါး ဂမ်နမ်း စတိုင် 

ဂန်နမ် စတိုင်သည် အာရှ တွင်သာ မက အမေရိကန် အပါအ၀င် ၊ ဥရောပ နှင့် အာဖရိက တိုက်များ တွင်
ပါ လူကြိုက်များ သည် ဟု ဆိုသည်။ အမေရိကန် အော်ရီဂွန် ပြည်နယ် ရှိ မူလတန်း ကျောင်း အချို့  နှင့်
ဖိလစ် ပိုင် နိုင်ငံ မနီလာ ရှိ ကျောင်း များ တွင် ကလေးများ အရှိန် လွန် ပြီး ချော်လဲ မည် ဆိုးသော ကြောင့်
ဂန်န စတိုင် မ လုပ် ရ ဟု ကျောင်း တွင် အမိန့် ထုတ်ထား ရသည်။

ဂျပန် နှင့် အမေရိကန် နိုင်ငံ များ တွင် ဂန်န စတိုင် ပြိုင်ပွဲ များ ပြု လုပ် လျှက် ရှိ ပြီး တောင်ကိုရီးယား
တွင် အခြေစိုက်သည့် အမေရိကန် ရေတပ် သားများ သည့် နှစ် နိုင်ငံ ချစ်ကြည် ရေး အတွက် ဂန်န
စတိုင် ဖျော်ဖြေမှု ကို ပြီး ခဲ့ သီတင်း ပတ်က ပြု လုပ် ခဲ့ သည်။

လာစ်ဗီးဂတ်(စ) တွင် ကျင်းပနေသည့် iHeart ရေဒီယို ဂီတ ပွဲတော် တွင် လည်း  Psy သည် ဂန်န
စတိုင် သီချင်း အပါအ၀င် အခြား သီချင်း နှစ်ပုဒ် ဖြင့် ပါဝင် သီဆို ခဲ့ သည်။

ဂန်န စတိုင်သည် တစ်လ အတွင်း Youtube တွင် လူကြိုက် အများ ဆုံး သီချင်း ဖြစ်သည်။

မိန်းကလေး အဆိုတော် အဖွဲ့  4 Minutes မှ ကင်ဟွန်န သည် ဂန်နမ် စတိုင် တွင် ပါဝင် သီဆို
ဖျော်ဖြေထားသည်။

ပတ်(ခ)ဂျဲဆောင် သည် အမေရိကန် နိုင်ငံ ဘော်စတွန် တက္ကသိုလ် မှ ဂီတ ဘာသာ ရပ်  ဖြင့် ဘွဲ့  ရရှိ
ခဲ့ သူ ဖြစ်သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: