Skip to content

ခရစ်ယာန်မိန်းကလေးအား လိမ်လည်၍ အမှုဆင်သောမွတ်စလင်ဗလီဆရာအား ဖမ်းဆီး တရားစွဲဆို

KhalidChisti

DK ၊    ၊ပါကစ္စတန်နိုင်ငံတွင်လောလောလတ်လတ်ဖြစ်ပွားခဲ့သောကိစ္စတခုဖြစ်သည့် အသက် (၁၁)
နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်မိန်းကလေးငယ်တဦးမှ ကိုရန်ကျမ်းစာရွက်များအားမီးမွှေး
ရာတွင်သုံးသည်ဆိုကာ တရားစွဲဆိုထားသောအမှုနှင့်ပတ်သက်၍ အဆိုပါခရစ်ယာန်မိန်း
ကလေးအား လိမ်လည်လုပ်ကြံပြီးအမှုဆင်ခဲ့သည်ဟုသတင်းထွက်လာသော မွတ်စလင်
ဗလီဆရာအား ဘာသာရေးအကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုရန်အမှုခိုင်လုံခြင်းရှိမရှိအား
ပါကစ္စတန်ရဲမှစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ရဲမှ ဗလီဆရာဟာဖစ်ခါလစ်ခစ္စတီး
အား ဘာသာရေးအကြည်ညိုပျက်စေမှု (Blasphemy Law) နှင့် တရားစွဲဆိုရန်မှတ်
ပုံတင်ခဲ့သည်ဟု ပါကစ္စတန်ရဲအရာရှိတဦးဖြစ်သူ မူနီယာဂျက်ဖရီမှဆိုသည်။

ကိုရန်ကျမ်းစာအုပ်အားမီးရှို့သည်ဟုအစွပ်စွဲခံရသည့်ခရစ်ယာန်မိန်းကလေး၏အိတ်ထဲသို့
မွတ်စလင်ဗလီဆရာခါလစ်မှ ကိုရန်ကျမ်းစာတအုပ်အားထည့်၍ မိန်းကလေးမှမီးရှို့သည်
ဟုထင်ရစေရန် လိမ်လည်အမှုဆင်ခဲ့ခြင်းအား ဗလီဆရာခါလစ်ဦးစီးဦးဆောင်ပြုသောဗလီ၌
ဝတ်ပြုသူတဦးမှ ဖွင့်ချလာခဲ့အပြီး၌ ခါလစ်အား ယခုလဆန်းပိုင်းတွင် ပါကစ္စတန်ရဲမှဖမ်းဆီးခဲ့
သည်။ ခါလစ်မှလည်းဘူးခံငြင်းခဲ့သည်။

မတရားအမှုဆင်ခံရသောခရစ်ယာန်မိန်းကလေး

အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား ဘာသာမတူသဖြင့်ဘ၀ပျက်စေရန်
မတရားသဖြင့်လိမ်လည်အမှုဆင်ခဲ့သူ ဗလီဆရာခါလစ်အနေနှင့် ကိုရမ်ကျမ်းစာအုပ်အား
ဖျက်ဆီးမှုသာပြစ်မှုထင်ရှားခဲ့ပါက ကိုယ်ရှူးကိုယ်ပတ်၍ထောင်တသက်ကျမည်ဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် ကိုရန်ကျမ်းစာအုပ်ကိုဖျက်ဆီးလျှင် ဘာသာရေးအကြည်ညိုပျက်စေ
မှုဥပဒေအရ ထောင်တသက်ကျခံရမည်ဖြစ်သည်။

စွပ်စွဲခံရသူမိန်းကလေးအားခံဝန်နှင့်ပြန်လွှတ်ပေးရန်အတွက် ကြားနာမှုနှင့်ပတ်သက်၍
တရားရုံးမှရုံးချိန်း ရွှေ့ဆိုင်းခဲ့ပြီးနောက် မိန်းကလေး၏ရှေ့နေဖြစ်သူ တာဟီယာနာဗိဒ်ချော်ဒရီမှ
ဒုတိယအကြိမ်မြောက်ထပ်မံကြိုးပမ်းခဲ့ပြီးနောက် မိန်းကလေးပြန်လွတ်လာမည်ဟုယူဆရသည်။

About these ads
One Comment
  1. မုတ်ဆိတ်ကလိန်ကကျစ်ပဲ…
    ရုပ်ကိုကစောက်ကျင့်ကောင်းမည့်ပုံမပေါ်ဘူး။
    ထွီံး…………အော့နှလုံးနာတယ်….

    September 30, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: