Skip to content

နေရူး အမှတ်တရ ဟောပြောပွဲတက်ရန် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ သွားမည်

PM-in-Myanmar-600

အောင်ပန်၊        ၊နိုဝင်ဘာလတတိယပါတ်တွင် ကျင်းပမည့် နေရူးအမှတ်တရဟောပြောပွဲ
တက်ရောက်ရန်အတွက်အိန္ဒိယအစိုးရအားဖိတ်ကြားကို ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံ
လိုက်ကြောင်း The Time of India သတင်းစာတွင်ရေးသားထားသည်။

အိန္ဒိယဝန်ကြီးချုပ်မက်မိုဟန်ဆင်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံပြီး နေရူးအမှတ်တရဟောပြောပွဲတွင် တက်ရောက်ဟောပြောပေးရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းကြည်အား ၁၉၉၂ခုနှစ်က ဂျဝါဟလာနေရူးဆု ချီမြင့်ခဲ့သည်။ ဂျဝါဟလာနေရူးသည် အိန္ဒိယနိုင်ငံ၏
ပထမဆုံးဝန်ကြီးချုပ်တဦးဖြစ်ပြီး လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် ခင်မင်ရင်းနှီးသူတဦးဖြစ်သည့်အပြင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မှလည်း ” ကျမပေါ်မှာ ငြိမ်းချမ်းရေဖခင် မဟတ္တမဂန္ဒီနှင့် ဂျဝါဟနေရူးတို့ရဲ့ အတွေး

အခေါ်အယူအဆတွေလွှမ်းမှုရှိကြောင်းကိုထုတ်ဖေါ်ပြောဆိုခဲ့သည်။ နေရူးအမှတ်တရ ဂေါပကအဖွဲ့ကို ၁၉၆၄ခုနှစ်တွင်
စတင်တည်ထောင်ခဲ့ပြီး နေရူးနှင့်ခင်မင်ရင်းနှီးသူ လော့မောင်ဘက်တန်ပါဝင်ခဲ့သည်။နေရူးအမှတ်တရ ဂေါပက
အဖွဲ့တည်ထောင်ပြီး နှစ်စဉ် လူဘောင်တိုးတက်ရေး၊သိပ္ပံနည်းပညာ၊စက်မှုနည်းပညာတို့တိုးတက်ရေးအတွက်
ပညာသင်ဆုများချီးမြှင့်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် နေရူးအမှတ်တရဟောပြောပွဲတွင် ပထမဆုံး Lord Butler of Saffron Walden မှ ” နေရူး၏
အိန္ဒိယလွတ်လပ်ရေးအတွက်လှုပ်ရှားမှု” အကြောင်းကို ဟောပြခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မောင့်ဘက်တန် က
“အာဏာပြောင်းလဲမှုနှင့် ဂျဝါဟလာနေရူးအပေါ်ရောင်ပြန်ထင်ဟပ်မှုများ”အကြောင်း ကိုဟောပြောခဲ့သည်။
ဂျဝါဟလာနေရူးအမှတ်တရ ဟောပြောပွဲတွင် ၂၀၁၁ ခုနှစ်အထိ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များ၊ပါမောက္ခ
များစုစုပေါင်း (၃၂)ဦးဟောပြောခဲ့ကြပြီးဖြစ်သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: