Skip to content

ဖို့ ဝန်း ခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် ကို ကြို ဆိုသူများ ပြား

2012-09-25T153926Z_578830578_GM1E89P1TMT01_RTRMADP_3_USA-MYANMAR-SUUKYI

အမေရိကန် နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့ ဝိန်း မြို့ မှာ နေ ထိုင်တဲ့ မြန်မာ ပြည်ဖွား တိုင်း ရင်း
သားမိသားစု တွေ ဟာ အမေရိကန် နိုင်ငံ ကို ၁၇ ရက်ကြာ ခရီး စဉ် လာရောက် လည်ပတ် တဲ့
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို သောင်းသောင်းဖျဖျ ကြို ဆို ကြ
တယ် လို့  သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို အင်ဒီးယားနား ပြည်နယ်  ဖို့ ဝန်းမြို့  က မြို့ ခံ တွေသာ မက ဘဲ
ဝစ္စကွန်ဆင်၊ မစ်ချီဂန်၊ ကင်တပ်ကီ စတဲ့ အနီးအနား ပြည်နယ် များ က မြန်မာ မိသားစု တွေ
ပါ လာရောက် ကြတယ် လို့  ဒေါ်အောင်ဆန်းစုကြည် နဲ့  တွေ့ ဆုံ ပွဲ ကို သွား ရောက်ခဲ့ ကြတဲ့
ဖို့ ဝန်း မြို့  အခြေစိုက် ကို ကျော်ဝင်း က ပြောပါတယ်။

မစ်ချီဂန် ပြယ်နယ် လန်ဇင်း မြို့  မှာ နေ ထိုင် တဲ့ ကဗျာ ဆရာ ကိုအောင်ဝေး က လည်း မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  ရဲ့  မိန့် ခွန်း ဟော ပြောမှု ကို တက်ရောက် နားဆင် နိုင် ဖို့ 
မော်တော် ကား နဲ့  နှစ် နာရီ လောက် မောင်းရတဲ့ ဖို့  ၀ိန်း မြို့  ကို သွား ရောက် ခဲ့ ပါတယ်။

ဖို့  ၀ိန်း မြို့  မှာ မြန်မာ မိသားစု တွေ က သူတို့  ရဲ့  ဆိုင်ရှေ့  ၊အိမ် ရှေ့  တွေ မှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်
ပုံ ပါ တဲ့ ပိုစတာ တွေ ၊ NLD အလံ တွေ ချိတ် ဆွဲ ပြီး ကြိုဆို ခဲ့ ကြတာ ဖြစ်ပါတယ်။

ဖို့ ဝိန်ား မြို့ တော် ၀န် က စက်တင်ဘာလ ၂၅ ရက် နေ့  ကို ဒေါ်အောင်ဆန်းစုကြည် နေ့  လို့  လဲ သတ်
မှတ် ပေး ခဲ့ တယ် လို့  ဆို ပါတယ်။

အင်ဒီယားနား ပြည်နယ် ပါဒူး တက္ကသိုလ် က စီစဉ် ပေး တဲ့ Allen County War Memorial
Museum ကျင်းပတဲ့ မြန်မာ မိသားစု တွေ နဲ့  တွေ့ ဆုံ ပွဲ မှာ ပရိသတ်
၇၀၀၀ ကျော်လောက် တက် ရောက် ကြတယ် လို့  သတင်း ရရှိ ပါတယ်။

Photo Credit to Reuters, PWVB, AP, News@MMSY, Nay Sai

About these ads
One Comment
  1. salaikyawkyaw #

    အမေစု က ချင်းဝတ်စုံနဲ့တော့ အရင်ထက်ပိုလှလာသလိုဘဲ

    September 28, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: