Skip to content

ကင်တက်ကီပြည်နယ်မှာ ကရင် တကျပ် မြန်မာကွန်မြူနတီ တပဲသားတောင်မရပါလား

assk106

ဗုဒ္ဓေါဝါဒဆရာတော် (ကင်တက်ကီ)

စက်တင်ဘာ ၂၅၊ ၂၀၁၂

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူဝိ၀္စဘေးမြို့ရောက်လာတာကို မြန်မာပြည်သားအာလုံးက ၀မ်းပမ်းတသာ ကြိုဆိုကြပါတယ်။ ကင်တက်ကီပြည်နယ်နှင့် ထိစပ်နေသည့် ဟိုရိုင်းရိုး၊ အင်ဓိ ယားနား၊ ထင်နက်စီနှင့် ကာရိုလိုင်းန တက်ဆတ်စ်ပြည်နယ်တွေ ကပါ လာရောက်ကြိုဆိုတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ လက်မှတ်နှင့် နေရာအခက်ခဲပြဿနာ နေရာတိုင်းမှာ ရှိကြပေမဲ့ ကင်တက်ကီခရီးစဉ်ကတော့ မထင်မှတ်လောက်အောင် ဖြစ်ခဲ့ရတယ်။ အမေရိကန်နိုင်ငံကို မြန်မာပြည်သား တိုင်းရင်းသားပေါင်းစုံ လာရောက်နေထိုင်တာမှန်ပေမဲ့ ကင်တက်ကီပြည်နယ်ကတော့ လူဖြူကြီးဆိုတဲ့ နေရာဖြစ်သလို ရေပက်ဖလင်ကန်ပါတီ အများစုနေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို. လူဝိ၀္စဘေးမြို့ မက်စ်မက်ကောနားရုံးကနေ ကရင်ဒုက္ခသည်တွက် ခရစ်စမ်ဟဲစ်ချပ်ကျောင်းကို ၀င်ခွင့် လက်မှတ် (၁၄၀) ပေးခဲ့တယ်။ ချပ်ကျောင်းမတက်တဲ့ မြန်မာပြည်သားများ မွန် ရခိုင် ရှမ်း ကရင် ချင်း မြန်မာ စတဲ့သူတွေအဖို့ လက်မှတ်မရရှိခဲ့ပါဘူး၊၊

  

ဒေသခံ မက်စ်မက်ကောနားရုံး တာဝန်ရှိသူအနေနဲ့ ဒီမိုကရေစီရဲ့အခြေခံဖြစ်တဲ့ မြန်မာပြည်သားအားလုံး တန်းတူအခွင့်ရေးမျိုး ဆက်ဆံ သင့်ပါတယ်။ ကင်တက်ကီပြည်နယ်မှာအတူနေပြီး လက်စက်တန်၊ ဟိုဝင်ဘိုရို မြန်မာမိသားစုများအား ဆီနှိပ်တာရုံးက ထည့်မစဉ်စား လက် မှတ်မပေးခဲ့ပါဘူး။ ခရစ်ယမ်ဖြစ်တဲ့ကရင်များကို ဦးစီးချုပ်ကိုင်ထားတဲ့ Crescent Hill Baptist church အား လက်မှတ်အများစုပေးလိုက် ခြင်းသည် မတရားပါဘူးဆိုတာ ချပ်ကျောင်းကိုလိုက်သွားပြီး ဘုန်းကြီးကိုယ်တိုင်ပြောတော့မှ လက်မှတ် (၃၀) ခွဲပေးမယ်ပြောတယ်။ ချိန်း ထားတဲ့နေ့ လက်မှတ်သွားယူတော့ (၃၀) ကနေ (၁၀) ဆောင်ပဲရခဲ့တယ်။ ကျန်တဲ့လက်မှတ်များကို ချပ်ကျောင်းကပဲ အားလုံးယူထားလို့ မြန်မာကွန်မြူနတီတခုလုံး လက်မှတ်အတွက် အခက်ခဲဖြစ်ခဲ့ရတယ်။

ဘယ်လိုပင်ဖြစ်စေ ကိုယ်တိုင်းပြည်ရဲ့ ခေါင်းဆောင်တယောက်လာမည့်မို့ စိတ်ရှည်သည်းခံပြီး လက်မှတ်မရတဲ့ မြန်မာပြည်သားများအားလုံး ဒေါ်အောင်ဆန်းစုကြည်ပြောသည့် ဟောခန်းရှေ့မှာ တန်းစီနေကြပါတယ်။ ၈ နာရီ ၄၅ မှာ လွတ်နေတဲ့ အခန်းပိတ်မယ်ဆိုတာ သိနေတဲ့ အတွက် ချပ်ကျောင်းက တရားဟောဆရာလက်ထဲက လက်မှတ်များကို အခုစောင့်နေတဲ့လူများကိုပေးဖို့ အတိုက်ခံပြောမှ လက်မှတ်များ ရ ပါတယ်။ နောက်ဆုံး စောင့်နေတဲ့မြန်မာမျာအားလုံး ဒေါ်အောင်ဆန်းစုကြည်ဟောပြောမည့်အခန်းထဲကို ၀င်ခွင့်ရတော့မှ စိတ်ထဲ ဖြေသိမ်လို့ ရပါတယ်၊၊

မြန်မာပြည်က တိုင်းရင်းသားအားလုံး ကိုယ့်အချင်းချင်းမညီညွတ်ရင် သူတပါးတို့ရဲ့ ချယ်လှယ်ချုပ်ကိုင်မူမှာ နစ်မျောရသလို ကိုယ့်တိုင်းပြည် ကိုယ်လူမျိုး ဘာသာ သာသနာ ယဉ်ကျေးမူအတွက် နစ်နာဆုံးရှုံးပါတယ်။ ဘယ်လိုပဲဖြစ်စေ တိုင်းရင်းသားအားလုံးစုပေါင်းပြီး ဒေါ်အောင် ဆန်းစုကြည်ကို ကြိုဆိုဖို့ မြန်မာပြည်ဖွားအားလုံးကရှိကြပေမဲ့ အခြေအနေတခုအရ ကြားကနေ ဆိနိပ်တာရုံးနှင့် ခရစ်ယမ်ပါစတာတို့ ပေါင်း ပြီး မြန်မာပြည်သူ ပြည်သားအားလုံးကိုကိုယ်စားပြုစေတဲ့အနေထားမဟုတ်ပဲ လူမျိုးစုတခုကိုသာ အလေးထားပြီးလုပ်သွားတာမို့ ဒီကိစ္စမှာ မြန်မာပြည်တခုလုံးအတွက် နစ်နာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အခမ်းအနားမှာ ကရင်မကြီးတယောက်က မေးခွန်းမေးရာမှာ ကရင် တမတ် ဗမာတမတ်ဆိုတာရှင်းပြဖို့ပြောတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစကားကို သူ့ဖေဖေက ကချင်မှာပြောခဲ့တာလို့ မှတ်သားဖူး ကြောင်း တကယ်ကတော့ ကရင်ဖြစ်စေ ကချင် ချင်း တိုင်းရင်းသားအာလုံး အညီအမျှ ဒီမိုကရေစီလမ်းကြောင်းကို သူအနေနဲ့ လုပ်ကိုင်နေ ပါပြီလို့ ပြောလိုက်ပါတယ်။ မြန်မာ့သမိုင်းကိုလေ့လာရင် အင်္ဂလိပ်တွေက သွေးထိုးမူကြောင့် မြန်မာပြည် တိုင်းရင်းသားဒေသမှာ ညီညွတ်မူ တွေ မရခဲ့ဘူး။ အခု ကင်တက်ကီပြည်နယ်မှာ ကရင်တမတ် ဗမာတမတ် ပေါ်လစီမဟုတ်ပဲ ကရင်တခုကိုပဲ ရေပက်ပလင်ကန်အမတ်ရုံးက ပေးခဲ့တာပါ။ မြန်မာကွန်မြူနတီတခုလုံးကို မျက်ကွယ်ပြုသွားတဲ့အတွက် မြန်မာပြည်သားအားလုံးရဲ့ညီသွတ်မှုကို ပျက်ပြားအောင် ဒုတိယ အကြိမ် ကင်တက်ကီရေပက်ပလက်ကန်ရုံးက လုပ်နေပြီလားလို. စဉ်းစာမိပါတယ်၊၊

ဘယ်လို အခြေအနေဆိုးတွေ ရှိနေပေမဲ့ ကိုယ်ရဲ့ မြန်မာပြည်သားအားလုံးကို ကျောသား ရင်သားမခွဲခြားပဲ လူမျိုးဘာသာကို ရှေးရှူခြင်းမရှိပဲ သဘောထားကြီးစွာနဲ့ ချပ်ကျောင်းထဲက စတိတ်ခုံပေါ်မှာတက်ပြီး အားလုံးညီညွတ်ရေးအတွက် အမြှော်အမြင်ရှိကြဖို့နှင့် ကိုယ်တိုင်းပြည်က တိုင်းရင်းသားအားလုံး ကိုယ်တိုင်းပြည် ပြန်ခွင့်နေခွင့်စတဲ့ အနေထားရှိတာမို့ သူက ဘာလူမျိုးဆိုတဲ့ အတွေးပြီးမဟုတ်ပဲ မြန်မာပြည်သား ငါ တို့တတွေဟာ သွေးသားအရေင်းတွေဖြစ်တယ်ဆိုတဲ့ အသိတရားနဲ့ အမေရိကန်နိုင်ငံမှာနေကြဖို့ ပြောခဲ့ပါတယ်၊၊

ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်တဲ့နေရာမှာ မြန်မာတွေ ညီညွတ်ဖို့ အထူးပြောတာကို တွေ့ရပါတယ်။ ကင်တက်ကီမှာ ညီညွတ်နေတဲ့ မြန်မာကွန်မြူနတီဟာ မက်စ်မက်ကောနားရုံးက ခွဲခြားဆက်ဆံပြီး လက်မှတ်များကို တန်းတူညီမျှမူမရှိတာကြောင့် စိတ်မကောင်းစရာဖြစ်ခဲ့ တာမှန်ပေမဲ့ အမှန်တရားတခုပေါ်ပေါက်ဖို့ဆိုတာ ညီညွတ်မူက အခြေခံလိုအပ်တာမို့ အတွေးအခေါ်မြင့်မားဖို့နှင့် ကိုယ်ရဲ့ ကွန်မြူနတီ ပူး ပေါင်းဆောင်ရွက်တဲ့အလေ့အကျင့်မျိုး လူတိုင်းမှာရှိလာအောင် ပြုစုပျိုးထောင်ပေးရဦးမယ်ဆိုတာ ဒီတပွဲမှာ သိလိုက်ရပါတယ်၊၊

မြန်မာစကာပုံတိုင်း နွားကွဲရင် ကျားဆွဲဆိုသလို မြန်မာပြည်သား တိုင်းရင်းသား ညီကိုမောင်နှများအားလုံး မညီညွတ်ရင်တော့ အင်ဂျီအိုလိုလို မက်စ်ရှင်နယ်ရီ သာသနာပြုလိုလိုနဲ့ အမေရိကန်တွေက မသိမသာ ၀င်ရောက်စွတ်ဖက်ပြီး နောက်ဆုံးတော့ ကိုယ်တိုင်းပြည် ကိုယ်လူမျိုးသာ နစ်နာမည်သာ ဖြစ်တယ်။ အကောင်းဆိုးဆိုတာ နေရာတိုင်းမှာရှိသည့်မို့ မြန်မာပြည်မှာ အင်ဂျီအိုအများစုဟာ အမေရိကန်နှင့် ဥရောပဖက်က ဖြစ်တာကြောင့် ခရစ်ယမ်ဖြစ်တဲ့ သူတွေသာ ဦးစားပေးရွေးခြယ်သလို ပြည်ပရောက်တဲ့ မြန်မာပြည်သားတွေထဲမှာလဲ ခရစ်ယမ်ဘာသာဝင် နေတာ ဦးစားပေးလုပ်တယ်ဆိုတာ လက်တွေ့ သိနိုင်မြင်နိုင်တဲ့ အရာပါ။ ဒီလို ခွဲခြားမူမျိုးဟာ စစ်မှန်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖြစ်ရေးအတွက် အဟန့်အတား တခုဖြစ်တယ်၊ဒါကြောင့် ကရင် တကျပ် ဗမာတပဲသားတောင် ထည့်မတွက်ထားတဲ့ အခုလို ခွဲခြားဆက်ဆံတဲ့ ဆိနိပ်တာရုံး လုပ်ရပ် သည် မြန်မာပြည်အတွက် ဆုတ်ယုတ်စေပါတယ်၊၊

မိုးမခ သတင်းမီဒီယာ တွင် ဖော်ပြ ထားသည့် ဆောင်းပါး ကို ကူးယူ ဖော်ပြ ခြင်း ဖြစ်သည်။

About these ads
One Comment
  1. မြန်မာဗုဒ္ဒဘာသာများမွေးဖွါးလာသောသာသမီးများကိုဘာသာရေး
    နားလည်အောင်သွန်သင်ဆုံးမပြီးခလေးဘ၀ကတည်းကဘုရားဝတ်ပြု
    ဘုရားအလုပ်တွေကိုသင်ပေးပြီး
    ထားရမည့်စိတ်နှလုံးသားတွေကိုသွန်သက်ပြသကြစေချင်တယ်။
    သူတို့ကတော့အမြဲအစွယ်တရားဟောနေကြတယ်။
    ဗုဒ္ဒထက်သာလွန်တဲ့အမှန်တရားဆိုတာရှိရင်
    ပြောင်းသင့်ကပြောင်းလိုက်မှာ…
    လူသားလောကမှာမြတ်ဗုဒ္ဒရဲ့အမှန်ကိုသိမြင်အောင်ဟောကြားညွန်ပြထားသော
    တရားတော်ကလက်တွေ့ကျလို့..
    ယုံကြည်မှုကအကြွင်းမဲ့ပါပဲ…
    အေးချမ်းသောဝိပသနာတရားကိုမည်သည့်ဘာသာတရားမှမယှဉ်နိုင်ပါ။့

    September 29, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: