Skip to content

သမ္မတ လူများ ဆက်ဆံမှု ဖော်ရွေ | NLD ဆိုးဆိုးရွားရွား ဖြစ်နေဆဲ | စီအိုင်အေ ရဲ့  စီစဉ်မှု ကို ဦးသိန်းစိန် မလွန် ဆန်နိုင်

533732_433688210002141_905005565_n

ဒီနေ့ မနက် အစောပိုင်းက အင်ဒီယားနား ပြည်နယ် ဖို့ ဝိန်း မြို့ မှာ နေ ထိုင်တဲ့ မြန်မာ မိသားစု
တွေ နဲ့  တွေ့ ဆုံ ပြီး ၀ါရှင်တန် ကို ပြန်ရောက်လာ တဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ၊ ၆၇ ကြိမ်
မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာ ခံ မှာ မိန့် ခွန်း ပြောကြား ဖို့  ရောက်ရှိ လာတဲ့ အသက်
၆၈ နှစ် အရွယ် သမ္မတ ဦးသိန်းစိန် နဲ့  တွေ ဆုံ ခဲ့ ပြီး ဒီတွေ့ ဆုံ မှု နဲ့  ပတ်သက် လို့  ဘီဘီစီ မြန်မာ
ပိုင်း သတင်း ဌာ န ရဲ့  အင်တာ နက် စာမျက် နှာ မှာ အခု လို  ဖော်ပြ ထား တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့  အမေရိကန် ခရီးစဉ် ကို ဘီဘီစီ သတင်း ထောက် ကိုချို က သွားရောက်
သတင်း ယူတာ  ဖြစ်ပါတယ်။

ဘီဘီစီ မြန်မာ ပိုင်း သတင်း ၏ Facebook စာမျက်နှာ တွင် ဖော်ပြ မှု ကို ဒေါ်အောင်ဆန်းစုကြည်
ဘက် မှ ကြက်ခေါင်းဆိတ် မခံ ကတ်ကတ် လန် ရန် တွေ့ သည် ဟု နာမည်ကြီး နေသည့် ဒီမိုဖက်
တီး က Comment တွင် “

ဒီမို ဖက်တီး ဘာတွေ လျောက်ပြီး သုံးသပ်နေတာလဲ ၊ ကလေးကလားနဲ့ ။

ဟု မှတ် ချက် ရေးသား ထားသည်။

သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ အသက် ၆၇ ကျော်လို့ အသက် ၆၈ နှစ်တွင်း
ချင်းနင်းဝင်ရောက်နေပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သွားတာလာတာမှာ မီဒီယာ
သမားတွေတောင် ဖမ်းရခက်လောက်အောင် မြှားတစင်းလို သွက်လက်လွန်းလှပါတယ်။ တခါ
ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားလို သွက်လက်ချက်
ချာစွာနဲ့ အဆင့်တန်းမြင့်စွာ ပြောဆိုနိုင်တာမို့ အင်္ဂလိပ်စကားတတ်သူ လူကြီး/လူငယ်မရွေး
ပွဲကျနှစ်ခြိုက်ကြပြီး ကြားသိပြီး ခင်မင်နေသူတွေက မြင်တွေပြီးနောက်မှာ ပိုသဘောကျသွားကြပါတယ်။

တခုပဲ ရှိတာက ဒေါ်အောင်ဆန်းစုကြည် အနားနေတွေက မီဒီယာတွေနဲ့ စိတ်ရှည်၊ သည်းခံမှု/ ရင်းနှီးမှုမှာ
အားနည်းကြတယ်လို့ ကိုယ်တွေ့ကြုံ မီဒီယာသမားတွေက သုံးသပ် ပြောကြားကြပါတယ်။ သမ္မတ
ဦးသိန်းစိန်ကတော့ စတက်လာကထဲက ရိုးဂုဏ်နဲ့ နာမည်ကြီးလာသူပီပီ စွမ်းသလောက်လည်း
အလုပ်လုပ်နေသူဖြစ်လို့ တဖြည်းဖြည်းတော့ အမှတ်တွေ ရလာခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ရော၊
အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေကပါ အင်္ဂလိပ်ဘာသာစကားမှာ အားနည်းတဲ့အတွက်
(ဒါမှမဟုတ် အားနည်းပုံရတဲ့အတွက်) တကယ့် သူတင်ကိုယ်တင် တွန်းတွန်းတိုက်တိုက်
ဆွေးနွေးပြောဆိုရတဲ့ ကိစ္စတွေမှာ လိုသလောက် ခရီးမပေါက်တာကို တွေ့ရပါတယ်။
စက်တင်ဘာ ၂၅ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲအတွက်ဆို
အမေရိကန် အထူး ထောက်လှမ်းရေးအဖွဲ့ရဲ့ စီမံမှုကို မလွန်သာဘဲ (ဒါမှမဟုတ် မျက်နှာပျက်မှာစိုးလို့)
လက်ခံလိုက်ရတာဟာ တင်းတင်းမာမာ ပြောဆို ရှင်းလင်းနိုင်သူတွေ အစိုးရအဖွဲ့မှာ နည်းနေတာ
(ဒါမှမဟုတ် အစီအစဉ် အားနည်းနေတာ) ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရလို့ ဖြစ်ပါတယ်။

Feature Photo : BBC Burmese

About these ads
5 Comments
  1. သမ္မတ တိုင်း eng လို ကျွမ်းကျင် ရမယ်ဆိုတာ တော့  မဖြစ်သင့်ဘူး.. သမ္မတ ကိုယ်တိုင်ကိုက ကိုယ့်နိုင်ငံ ရဲ့ ဘာသာ စကားကို မှ အသုံးမပြုရင် အဲ့ ဘာသာ စကားက roll မြင့်လာစရာ အကြောင်းကို မရှိဘူး..

    October 12, 2012
  2. Flexible Peace #

    >>>>>သမ္မတကြီးက သမ္မတဖြစ်နေလို.ပါ..>>>>>
    အားနည်းတယ်လို. မမြင်ပါဘူး…
    တတ်ကို မတတ်တာလို. မြင်ပါတယ်…
    ပြည်တွင်း ရုပ်သံက ထုတ်လွှင်.တဲ. အင်တာဗျူးတစ်ခုမှာ…
    PR (Permanent Residence)ကိုတောင် Personal Residence လို. မှားပြောလို. ဘေးက ထောက်ပေးရတာ သိမြင်နားထောင်လိုက်သူတိုင်း သတိထားမိကြမယ်ထင်ပါရဲ.
    ဒါတောင် အင်တာဗျူးတစ်ခုလုံးမှာ ဘိုလို ကြားညှပ်ပြောတာ ဒီတစ်ခု ပဲ ရှိပါတယ်။ဒီစကားလုံးဟာ ယနေ. ခေတ်စားနေတဲ.အသုံး အနှုန်း တစ်ခုလည်းဖြစ် ဥပဒေအသစ်ပြုလာရတော.မယ်. အကြောင်းအရာ စကားလုံး တစ်ခုကိုတောင် နိုင်ငံရဲ. သမ္မတက မှားပြောတယ်ဆိုတော.ဗျာ..
    နောက်တစ်ခုက…US မှာ ဘန်ကီမွန်းက ထမင်းစား ဖိတ်တော.လည်း ဘေးကနေ ဘန်ကီမွန်းက တတွတ်တွတ်ပြောနေတာပဲ တွေတယ်….ဦးသိန်းစိန်ကတော. ပါးစပ်ကြီးပိတ်ပြီး ပြုံးနေတာပဲ တစ်လျောက်လုံး တွေ.ရပါတယ်…
    မတတ်ရင်လည်း သင်ပါလေ.လာပါ လို. အကြံပြုချင်ပါတယ်….
    ဒီနေ.လို ခေတ် နိုင်ငံတကာရဲ. ခေါင်းဆောင်အကြီးအကဲတွေဟာ သက်ဆိုင်ရာ ဘာသာရပ်မှာ(တကယ် စာတမ်းပြု သင်ယူထားတဲ. ) ဒေါက်တာ စစ်စစ်တွေ နားလည်တတ်သိတွေ ပညာရှင်တွေ အဖြစ်နဲ. ဦးဆောင်နေတဲ. ခေတ်မှာ ကိုယ်.နိုင်ငံရဲ. သမ္မတကတော. နိုင်ငံတကာသုံး ဘာသာစကားကို ထမင်းစားရေသောက်လောက်မှ မပြောနိုင်ဘဲ ဘယ်လို အကြောင်းကြောင်.နိုင်ငံတကာကို လှည်.နေလဲ ဆိုတာ
    စဉ်းစားစရာပါ…တော်ပေမယ်. စိတ်ဓာတ်မရှိ စိတ်ဓာတ် မကောင်းတဲ. အထက်ဖား အောက်ဖိ ပညာရှင်တွေ ၀န်းရံတာကို သာယာနေမယ်…စီးပွားရေးသမားခရိုနီတွေ ရဲ. မြှောက်ပင်.မှုတွေ လောက်နဲ. ကိုယ်ကိုကိုယ် ထင်တစ်လုံး ရှိနေမယ်ဆိုရင် တော. မြန်မာနိုင်ငံရဲ. အနာဂတ်ဟာ မတွေးဝံ.စရာပါ…
    ယနေ. အချိန်ထိ အပြောင်းအလဲ ရှိလာပြီလို. ဆိုနေပေမယ်.တောင်းဆိုမှုတွေ လုပ်နိုင်လာကြပေမယ်. အခြေခံကျတဲ. ကုန်ဈေးနှုန်း ကျဆင်းရေး…လုပ်ခလစာမြင်.တက်လာရေး…စနစ်ကျ တဲ. ကျန်းမာရေး စောင်.ရှောက်မှု နဲ. အဆောက်အဦး ၊ အဆင်အတန်း တစ်ခုရှိတဲ. ပညာရေး ဘာမှ မရေရာလာသေးပါ…အထက်ပိုင်းလူကြီးမင်းများရဲ. စီးပွားရေး sanction တွေ ပွင်.သွားပြီး ပိုချမ်းသာလာတာ
    သူတို. သားသမီးတွေရဲ. နိုင်ငံရပ်ခြားက ရပ်တည်မှုတွေ တရားဝင်လာပြီး လုပ်ပိုင်ခွင်. ပိုများလာ စည်းစိမ်ပိုခံစားလာနိုင်တယ်လို.ပဲ မြင်ပါတယ်ဗျာ…
    သို.အတွက်ကြောင်. သမ္မတကြီး တိုင်းပြည်အတွက် တကယ် လုပ်ပေးချင်တယ် ဆိုရင် ဒီထက်ပိုပြီး ကြိုးစားပါဦးလို. ဆန္ဒပြုလျက်….

    October 5, 2012
  3. maedoke #

    You guy think the president must be known English ? If you think that is absolutely wrong . Than I have to say , even he could not speak ,he can handle that be great. Aung San Su Kyi have only politic doctrine , she can do nothing. For example , does she can make decision on crone job? well they will do wrong thing last event , they need to erase them self . So just say go ahead!

    October 2, 2012
  4. ဒုစရိုက်သမားများကို ရွံမုန်းသူ #

    ဘာမှ အားနည်းတာမဟုတ်ပါ သမ္မတလုပ်သူဟာ.. အင်္ဂလိပ်လို
    တကယ်ကိုမပြောတတ်တာ အတွင်းသိတွေအများကြီးပါ ဒီမိန့်ခွန်းဟာလည်း
    သူ့ကိုယ်ပိုင် တိုင်းပြည်အပေါ်မှာ မြင်တဲ့အမြင်မျိုးလုံးဝမဟုတ်ပါ ဘေးမှအကြံပေးသူများနဲ့
    စစ်အုပ်စု ၁-ခုလုံး ဝိုင်းစုထားတဲ့ စာတစ်ပါပဲ..ဒီလိုမိန့်ခွန်းဆိုတာမျိုးကို သာမန်ကျောင်းသား
    တစ်ယောက်ကို တက်ဖတ်ခိုင်းရင်တောင်.. အင်္ဂလိပ်လို ကျွမ်းကျင်စွာဖတ်နိုင်တဲ့ကျောင်းသားတွေ
    မြန်မာပြည်မှာ အများကြီး..

    September 28, 2012
  5. Honey Cho Lay #

    english အားနည်းတာကတော့ နိုင်ငံခြားမှာအကြာကြီးနေခဲ့တဲ့သူနဲ့ တော့ကွာမှာပေါ့ သမ္မတကြီးအနားက ဦးစိုးသိန်းတို့ဆိုရင် ဘာသာစကားကို အရမ်းကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ကြပါတယ်

    September 26, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: