Skip to content

တရုပ်နိုင်ငံ၏ အင်တာနက်ထိမ်းချုပ် ကန့်သတ်မှုသည် မြန်မာ ထက် ပိုမိုဆိုးဝါး

radar1_lead_t658

အောင်ပန်၊        ၊တရုပ်အစိုးရသည် တရုပ်ပြည်သူများ လွပ်လပ်စွာ အင်တာနက်အသုံးပြုမှုထိမ်းချုပ်
ကန့်သတ်ပိတ်ပင်မှုများသည် မြန်မာနိုင်ငံအခြေအနေထက်ပိုမို၍ဆိုးဝါးကြောင်းကို

Freedom House ရဲ့ အင်တာနက်ပိတ်ပင်မှုလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ နှစ်ပါတ်အစီရင်ခံစာတွင်ဖေါ်ပြထားသည်။
အစိုးရအဖွဲ့မဟုတ်သည် Freedom House မှ နိုင်ငံတကာအင်တာနက်အသုံးပြုသူများအား
သက်ဆိုင်ရာအစိုးရများမှ သတင်းဝက်ဆိုဒ်၊ဘလော့ဂ်အသုံးပြုမှုတွေကို ကန့်သတ်ပိတ်မှုများအား
စောင့်ကြည့်လေ့လာခဲ့ကြသည်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့ သည် နိုင်ငံပေါင်း ၄၇နိုင်ငံကို
လေ့လာစောင့်ကြည့်ခဲ့ကြပြီး သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်သုံးစွဲသူများနှင့် တိုက်ရိုက်
အင်တာဗျူးများလည်းပြုလုပ်ခဲ့ပြီး ၂၀၁၁ ဇန္ဒဝါရီမှ ၂၀၁၂ မေလအထိ လေ့လာစမ်းစစ်ချက်များ
ကိုအစီရင်ခံထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လေ့လာစောင်ကြည့်ရေးအဖွဲ့ဝင်များသည် အင်တာနက်ဝက်ဆိုဒ်ဝင်ရောက်ကြည့်ရှုမှုပိတ်ပင်ထားခြင်း၊
အများအသုံးပြုနိုင်သည့်လူမှုရေးဝက်ဆိုဒ်များကန့်သတ်ပိတ်ခြင်း၊ ကိုယ်ပိုင်ဝက်ဆိုဒ်စာမျက်နှာ
တည်ထောင်ဆောက်သူများကို အစိုးရမှစောင့်ကြည့်ပြီး အင်တာနက် တိုက်ခိုက်မှုပြုလုပ်ခြင်း
တို့ကိုအခြေခံရ၍ လေ့လာအစီရင်ခံခြင်းဖြစ်သည်။

တရုပ်နိုင်ငံသည် အစိုးရမှ အင်တာနက်ကိုထိမ်းချုပ်သည့်အပြင် အင်တာနက်အသုံးပြုသူများကို
အရေးယူအပြစ်ပေးခြင်းတို့ဖြင့် ကမ္ဘာ့အဆိုးရွားအင်တာနက်ထိမ်းချုပ်မှနိုင်ငံအဖြစ် ရမှတ် (၈၅)မှတ်ဖြင့်
ထိပ်ဆုံးမှာရှိနေခဲ့သည်။ တရုပ်နိုင်ငံနှင့် အမှတ်တူ အဆင့်အဆိုးရွားသတ်မှတ်ခံရသော နိုင်ငံများမှာ
ကျူးဘားနှင့် အီရန်နိုင်ငံတို့ဖြစ်ကြသည်။တရုပ်နိုင်ငံသည် Twitter အသုံးပြုမှုအားယနေ့တိုင်
အထိပိတ်ပင်ထားပြီး အများပြည်သူအတွက် အင်တာနက်ဆင်ဆာဖြတ်တောက်မှုအများဆုံးပြု
လုပ်သောနိုင်ငံတခုဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ၂၀၁၁ ခုနှစ်မတိုင်ခင်က အဆိုးရွားနိုင်ငံတခုဖြစ်ခဲ့ပြီး ရမှတ် (၈၅)မှတ်မှ (၇၅)
မှတ်သို့လျော့ကျသွားခဲ့သည်။ အိန္ဒိယနိုင်ငံသည် အဆိုးရွားဆုံးရမှတ် (၃၆)မှတ်မှ (၃၉)မှတ်၊
ပါကစ္စတန်နိုင်ငံသည် (၅၅)မှတ်မှ (၆၃)မှတ်သို့တိုးလာခဲ့သည်။ ဗီယက်နမ်နိုင်ငံသည်လည်း
အင်တာနက်ပိတ်ပင်မှု အဆိုးရွားနိုင်ငံအဖြစ်သတ်မှတ်ခံရပြီး (၇၃)မှတ်ဖြင့်ဆက်လျက်ရှိနေသေးသည်။

About these ads
3 Comments
  1. ကြောက်တတ်တော့်ကြိုတင်ကာကွယ်ကြတာပေါ့လေ….
    ချောင်ပိတ်ရိုက်ရင်ပြန်ကိုက်ခံရမှာပဲ….လက်ပိုက်ပြီးကြည့်လိုက်ဦးမယ်

    September 29, 2012
  2. YS #

    Great Firewall အပြင်ဘက်ကိုဆက်သွယ်မယ်ဆိုရင် အမြန်နှုန်းသိသိသာသာကျဆင်းသွားတယ်လို့ ကြားဖူးပါတယ်။ ပြည်တွင်းရှိဝက်ဆိုက်၊ ဆာဗာများနဲ့ ဆက်သွယ်မှုအမြန်နှုန်းအထူးကောင်းမွန်တယ်တဲ့။

    September 28, 2012
  3. တရုတ် နိုင်ငံ ရဲ့ ကွန်နက်ရှင် ကရော မြန်မာ နိုင်ငံထက် ဆိုး ရွား ပါသလား ?

    September 28, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: