Skip to content

စစ်တွေ မှာ ကောလဟလ ကြောင့် လူစုလူဝေး ဖြစ်

426330_249757568479688_1514478466_n

စည်သူဦး ရခိုင်ပြည်နယ် စစ်တွေ မြို့  က အသက် ၁၂ နှစ် အရွယ် ကလေး ငယ် တစ်ဦး ဟာ ဘင်္ဂါလီတွေ
နေ ထိုင် တဲ့ အောင်မင်္ဂလာ ရပ် ကွက် ကို ရေခဲချောင်း သွား ရောင်း ရာ မှာ ပျောက်ဆုံး သွားတယ်၊


အသတ် ခံရတယ် ဆိုတဲ့ ကောလ ဟာလ တွေ ကြောင့် စစ်တွေ မြို့  နေ ရခိုင် တိုင်း ရင်းသား
တွေ ဟာ အောင်မင်္ဂလာ ရပ် ကွက် တွင်း ၀င် ပြီး ကလေး ကို ရှာ ဖို့ စုရုံး ခဲ့ ကြ ပါတယ်။

သံဃာတော်များ နှင့် ပြည်သူထောင်ပေါင်း များ စွာ စုရုံး ပြီး အခြေ အနေ တင်းမာ လာ နိုင် သော
ကြောင့် ရဲ  ၊ စစ်တပ် စတဲ့ စစ်တွေ မြို့  က လုံခြုံရေး တပ် ဖွဲ့  ၀င် တွေ ဟာ အခြေအနေ ကို ထိမ်း
သိမ်း တဲ့ အနေ နဲ့  အသင့် နေ ရာယူထား ကြပြီး ၊ ပျောက်ဆုံးသွား တယ် ဆိုတဲ့ ကလေး ငယ်
မောင်အောင်နိုင်ဦး ကို စုဝေး နေတဲ့ လူ အုပ် ကြီး ကို ပြ ခဲ့ တယ် လို့  စစ်တွေ မြို့ က အင်တာနက်
ဆိုင် ပိုင်ရှင် တစ်ဦး ဖြစ်တဲ့ ကိုဝင်းသူ က  FNG ကို ပြောပါတယ်။

” ပထမ တော့ လူစု မကွဲ သေးဘူး  ပျောက် သွား တဲ့ ကလေး အစစ် မဟုတ် ဘူး ဆို ပြီး အိမ်မပြန်
ကြတာ ၊ ကလေး ကိုယ် တိုင်က ဒီနေ့  အဲဒီ ရပ် ကွက် ထဲ ဈေးသွား မရောင်း ဘူး ပြောတယ် ” လို့
ကိုဝင်းသူ က ပြောပါတယ်။

ပျောက်ဆုံး သွား တဲ့ ကလေးငယ် ကို ပြည်သူ ရှေ့  ပြန်လည် ပြသ မှု မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နဲ့ 
ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း တို့  ပါ တက်ရောက် တယ် လို့  သိရပါတယ်။

ရခိုင်ပြည်နယ် မှာ ပြီးခဲ့ တဲ့ မေလ နဲ့  ဇွန်လ အတွင်း မငြိမ် သက် မှု တွေ ကြောင့် လူ ၈၀ ကျော်သေဆုံး
ပြီးထောင်ပေါင်း များ စွာ အိုးမဲ့ အိမ်မဲ့ ဖြစ် ပွား ခဲ့ ရပါတယ်။

ဓာတ် ပုံ များ ကို Kthan Tunoo ၏ Facebook မှ ရယူပါသည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: