Skip to content

၁၁၂ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်လှည့် လည် အပူဇော်ခံပွဲ စည်ကားသိုက်မြိုက် စွာ ကျင်းပ

261833_151343198341325_2003831557_n

ပဲခူး တိုင်း ပေါင်းတည် မြို့ တွင် ၁၁၂ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်လှည့် လည် အပူဇော်ခံပွဲ
ကို သောကြာနေ့ စည်ကားသိုက်မြိုက် စွာ ကျင်းပ ခဲ့သည် ဟု FNG မှ သတင်း ရရှိသည်။ နှစ်
စဉ်ကျင်း ပနေ ကြ ဗုဒ္ဓမြတ်စွယ်တော်လှည့် လည် အပူဇော်ခံပွဲ  နှင့် ဘုရား ပွဲတော် ကို ရန်ကုန်
မန္တလေး အပါ အ၀င် အနယ်နယ် အရပ်ရပ် မှ လာရောက်သူများ ဖြင့် ကြက်ပျံ မကျ စည်ကား
လျှက် ရှိသည်။

စွယ်တော်လှည့် လည် အပူဇော်ဇော်ခံရာ တွင် ရိုးရာ မပျက် ဗုဒ္ဓ၀င်ဇာတ်တော် လာ အတိုင်း
ရာဇာဝင်း  ၊ ဒေ၀ါဝင်းများ ခင်း ၍ အပူဇော်ခံ ခဲ့သည်။

ဘုရားပွဲတွင် နှစ်စဉ် ဈေးရောင်းချ လျှက် ရှိသည့် ၁၂ ပွဲ ဈေးသည် များ မှာ ယခု နှစ် တွင် ဆိုင်
ခန်း နေရာ အတွက် အခက်အခဲ များ ဖြစ်ကြရသည် ဟု  ရှမ်းပြည်မှ လာရောက် ရောင်းချသည့်
နယ်လှည့် ဈေးသည် တစ်ဦး က FNG ကို ပြောသည်။

ဘုရား ဂေါပက အဖွဲ့  က ယခု နှစ် တွင် ဈေးနှုန်း သက်သာ သည့် ခိုးကူးခွေ နှင့် နိုင်ငံ ခြား ဒီဗီဒီ
အခွေ များ ကို ရောင်းချမှု ရုတ် တရက် ပိတ်ပင် လိုက်ခြင်း ကြောင့် ပွဲတော် တွင် ရောင်းချ ရန်
အတွက် ရင်းနှီး မြုပ်နှံ ထားသူများ နစ်နာကြရသည် ဟု သိရသည်။

ပေါင်းတည် မြို့ မှ ဓာတ်ပုံ ပညာရှင် ကိုရန်နိုင် ရိုက် ကူး ခဲ့သည့် ဓာတ်ပုံများ ကို  ဖော်ပြထား ခြင်း
ဖြစ်ပါသည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: