Skip to content

ဧ၀ရက် တောင်တက်မယ့် ကမ္ဘာ လှည့် တွေ လေယာဉ် ပျက်ကျ လို့ သေ

ALeqM5hu_vkFF1_9fM13Oqu3LIBgwGkjdw

အောင်ပန် နီပေါနိုင်ငံရှိ ကမ္ဘာ့ကျော်အမြင့်ဆုံး မောင့်အဲ ဗရက်စ် တောင်တက်ရန်အတွက် ကမ္ဘာ့လှည့်ခရီးသည်
တို့စီးနင်းလိုက်ပါလာသော စီတာလေကြောင်းလိုင်းပိုင် ပန်ကာ(၂)လုံးတပ်လေယာဉ်သည် မြို့တော်
ခတ္တမန္ဒူလေဆိပ်မှ Lukla လေဆိပ်တို့ပျံသန်းခဲ့ရာ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ရှိခရီး
သည်အားလုံးသေဆုံးခဲ့ရသည်။သောကြနေ့က လေယာဉ်ပျက်ကျခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်
ဗြိတိသျှလူမျိုး(၇)ဦး၊ တရုပ်လူမျိုး(၅)ဦး သေဆုံးခဲ့ကြောင်းနီပေါရဲတပ်ဖွဲ့မှ အတည်ပြုပြောဆိုခဲ့သည်။

Lukla လေဆိပ်သည် မောင့်အဲဗရက်စ်တောင်တက်ရန်အတွက် တောင်တက်ဝါသနာရှင် ကမ္ဘာလှည့်
ခရီးသည်တို့အကြားတွင် ထင်ရှားကျော်ကြားသော တောင်ပေါ်မြို့ဖြစ်သည်။

ဗြိတိသျှလူမျိုး ခရီးသွားအုပ်စုတွင် အသက်(၂၇)နှစ်အရွယ်မှ (၆၀)နှစ်အရွယ်ထိပါဝင်ပြီး မောင့်အဲဗရက်
တောင်မြေပြင်စခန်းမှ တောင်ရက် (၁၆)ရက်ခရီးစဉ်ဝယ်သူများဖြစ်ကြောင်းကို ခရီးသွားအေဂျင်စီမှတဆင့်သိရှိရသည်။

လေယာဉ်ပျက်မကျခင်တွင် လေယာဉ်မှူးမှ မြေပြင်လေဆိပ်နှင့်အဆက်အသွယ်ရရှိပြီး ငှက်အုပ်နှင့်
တိုက်မိကြောင်းသတင်းရရှိခဲ့သော်လည်း အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ လေယာဉ်ပျက်ကျရာအနီးမှ
မျက်မြင်မြင်တွေ့ရသူတဦးက လေယာဉ်သည် အရေးပေါ်ဆင်းသက်ရန်ကြိုးစားသော်လည်း လေထဲတွင်
မီးတောက်မြင်ရပြီး ပေါက်ကွဲမှုဖြစ်ကာထိုးကျလာကြောင်းပြောပြခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် လေယာဉ်ပျက်အတွင်းမှ ရုပ်အလောင်း (၁၉)လောင်းတွေ့ရှိရကြောင်း
ကို အေအက်ပီသတင်းတွင်ဖေါ်ပြထားသည်။နီပေါနိုင်ငံသည် ဆင်းရဲသောနိုင်ငံတခုဖြစ်ပြီး လေကြောင်းလိုင်း(၁၆)လိုင်း၊
လေဆိပ်ပေါင်း(၄၉)ခုတည်ရှိသည်။ နီပေါနိုင်ငံသည် တောင်တက်သမားစိတ်ဝင်စားဖွယ်ရာ ကမ္ဘာ့အမြင့်ဆုံးတောင်
(၁၄)လုံးအနက် (၈)လုံးတည်ရှိနေသောကြောင့် ကမ္ဘာ့တောင်တက်သမားတို့ဖြင့် နှစ်စဉ်ပွင့်လင်းရာသီတွင်စည်ကားနေတတ်သည်။

ပြီးခဲ့သည် (၂)နှစ်အတွင်းတွင် နီပေါနိုင်ငံအတွင်း၌ လူသေဆုံးစေသော လေယာဉ်ပျက်ကျမှု (၆)ကြိမ်ရှိခဲ့သည်။
ပြီးခဲ့သည် မေလအတွင်းကလေယာဉ်ပျက်ကျမှုတွင် ခရီးသည်အားလုံးမသေဆုံးဘဲ ၈၅ဦးအသက်မသေလွတ်မြောက်ခဲ့ပြီး ခရီးသည်(၁၅)ဦးသာသေဆုံးသော ဖြစ်ရပ်တခုလည်းရှိခဲ့သည်။ နီပေါနိုင်ငံ၏ လေကြောင်းလိုင်းများ စိတ်မချရမှု၊
အန္တရာယ်ရှိမှုအကြောင်းကို နိုင်ငံတကာမှ စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောဆိုမှုများသည် နီပေါနိုင်ငံခရီးသွားအတွက်
ထိခိုက်မှုရှိလာနိုင်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။

Photo : AFP

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: