Skip to content

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြောဆို

Aung San Suu Kyi, Nancy Pelosi

ဘီဘီစီHardTalk တွင် နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်  ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အဖြစ်
ဦးသိန်းစိန် လက်ခံ ကြောင်း Stephen Sackur ၏ BBC Hard Talk အစီအစဉ် တွင် ဦးသိန်းစိန်
က ပြောကြား သွား ခြင်း ဖြစ်သည်။

HardTalk ဉ် ဒေါ်အောင်ဆန်းစုကြည် နှင့် လက် တွဲ ဆောင် ရွက် ရသည် မှာ မိမိဉ် ဘာပြဿနာ အခက်
အခဲ မှ မရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ် ဖို့  အတွက် ပြည်သူ အပေါ် တွင်သာ မူတည်
ကြောင်း ပြည်သူက သမ္မတ အဖြစ် ရွေးချယ် ခဲ့ လျှင် မိမိက သမ္မတ အဖြစ် လက်ခံ သွားမည် ဖြစ်ကြောင်း
ပြော ဆိုခဲ့ သည်။

၂၀၁၅ ရွေးကောက် ပွဲ  မှာ ပြည်သူ တွေ က ရွေးချယ် မှု နဲ့  ပြည်သူ တွေ ရဲ့  ဆန္ဒ ကို အလေးထားရ မှာ
ပဲ ၊ ပြည်သူ တွေ က ဘယ်သူ့  ကို ရွေးချယ်ခြင်တာ လဲ ဆို တာ ကို အသိအမှတ် ပြု ရမယ် ဟု ပြော သည်။

ဦးသိန်းစိန် သည် ဘီဘီစီ သတင်းဌာန နှင့် တွေ့ ဆုံ ပြောကြားရာ တွင် လွှတ်တော် တွင်းဉ် တပ်မတော်
သား ကိုယ် စားလှယ် များ ၏ အခန်း ကဏ္ဍ သည် လည်း အရေး ပါသည့် နေရာ မှ ရှိ နေသေးကြောင်း
သူက ထည့် သွင်း ပြောကြား ခဲ့ သည်။

တွေ ဆုံ မေးမြန်းမှု ကို ဘီဘီစီ သတင်း ဌာန ၏ နယူးယောက် ဌာန ခွဲ တွင် ပြု လုပ် ခဲ့ ခြင်း ဖြစ်သည်။

ဦးသိန်းစိန် ၏ ထိုသို့  ပြောကြား မှု သည် သူ ၏ ပြုပြင် ပြောင်းလဲ ရေး နှင့် ပတ်သက်သည့် ပထမ ဦးဆုံး
ခြေလှမ်း အစဖြစ်သည့် မြစ်ဆုံ ဆည် စီမံ ကိန်း ရပ်ဆိုင်း ပြီး တစ်နှစ် အကြာ တွင်  ဒုတိယ မြောက် အရေး
ပါသည့် ပြု ပြင် ပြောင်းလဲ မှု ခြေလှမ်း တစ်ခု ကို ထပ်မံ ဖော် ဆောင် ခဲ့ ခြင်း ဖြစ်သည်။

ဦးသိန်း စိန်  ယခု ကဲ့ သို့  ပြောကြား မှု ကြောင့် နိုင်ငံ ခြား သား နှင့် အိမ်ထောင် ပြု ခဲ့ ခြင်း ကြောင့် ဒေါ်အောင်ဆန်း
စုကြည် သည် ပြည်ထောင်စု မြန်မာ နိုင်ငံ တော် ၏ သမ္မတ မဖြစ် နိုင် ကြောင်း ခန့် မှန်း ချက်များ သည် နိဂုံး
ချုပ် သွား ပြီ  ဖြစ်သည်။

About these ads
7 Comments
  1. ကောင်းလိုက်တာ ပါ တကယ်ဘဲ

    October 12, 2012
  2. Flexible Peace #

    ကြားကောင်းအောင်ပြောနေတာပါ….ယုံရင်တော. ရူးလို.ပါ….
    ပြည်သူ ပြည်သားတွေ အခြေခံ ဥပဒေကို သေချာနားလည်ထားဖို. လိုပါတယ်…
    နားလည်အောင်လည်း သက်ဆိုင်ရာ အဖွဲ.အစည်းများက ပညာပေးစေလိုပါတယ်…
    အမေစု သမ္မတဖြစ်လာဖို. ဆိုတာ အခက်အခဲတွေ အများကြီးပါ
    ပြည်သူတွေ ကတော. ရာနှုန်းပြည်. နီးပါး ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံကြတယ် ဆိုတာ
    အခြေအနေမှန်ကို နားလည်လက်ခံကြသူတိုင်း သိကြမှာပါ…

    October 5, 2012
  3. Tin Myint Oo #

    လက်ရှိအခြေခံဥပဒေအရ သမ္မတကိုပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘူး။ အမေစုကိုလည်း သမ္မတမဖြစ်အောင်
    အခြေခံဥပဒေအရတားထားတယ်။ ပြည်သူဆိုတဲ့စကားမပြောနဲ့။

    October 5, 2012
  4. ဘာပဲဖြစ်ဖြစ်အမေဟာ..တိုင်းပြည်နဲ့ပြည်သူတွေအတွက်တကယ်အလုပ်လုပ်ပေးနိုင်စွမ်းရှိသူ..
    နိုင်ငံတကာနဲ့လည်းလိုက်လျောညီထွေဆက်ဆံနိုင်ပြီး..မည်သည့်နိုင်ငံကမှမစော်ကားနိုင်အောင်
    ကာကွယ်ပေးနိုင်စွမ်းသူတယောက်မို့…၂၀၁၅ကိုမှန်မှန်ကန်ကန်ရွေးချယ်ခွင့်ပေးလိုက်ပါ။
    မြန်မာနိုင်ငံသားထဲမှာအရမ်းကိုတန်ဖိုးမဖြတ်နိုင်သောအာဇာနည်တဦးဆိုတာ
    မြန်မာပြည်သူတိုင်းယုံကြည်နေလို့ပါပဲ…ပြည်သူတွေရဲ့ယုံကြည်မှုကိုအသက်သွင်းပေးပါလို့
    အနူးအညွတ်တောင်းဆိုပါတယ်..

    September 30, 2012
  5. အမှန်အကန်ဆိုရင်တော့ ဆိုဖွယ်ရာမရှိပါ…ပြည်သူတွေကို စည်းရုံးချင်ရုံ သက်သက်ပြောတာတော့မဖြစ်စေချင်ပါ…မီဒီယာတွေကို မိမိသတင်းမိမိ တာဝန်ယူရဲရမယ်ဆိုသလို…သမတကြီးလဲ မိမိနှုတ်ကထွက်တဲ့စကား မိမိတာဝန်ယူရဲဖို့တော့ လိုပါလိမ့်မယ်…

    September 30, 2012
  6. Lovely September #

    သမ္မတကြီး တကယ်ပြောတာ ဆိုရင်လေးစားပါတယ် ၊အခြေခံ ဥပဒေမူကိုပြင်ရပါမယ် ။ပြည့်သူ့ဆန္ဒ ကိုတကယ်လေးစား တန်ဘိုးထားကြောင်း သက်သေပြပါ ။ ပြည်သူတွေ ယုံကြည်ချက်ရှိ အောင် သမ္မတ လုပ်ပြပါ…။

    September 30, 2012
  7. လျှောက်ပြောနေတာ။ လက်ရှိအခြေခံဥပဒေအရ သမ္မတကိုပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘူး။ အမေစုကိုလည်း သမ္မတမဖြစ်အောင်
    အခြေခံဥပဒေအရတားထားတယ်။ ပြည်သူဆိုတဲ့စကားမပြောနဲ့။
    ပြည်သူ့ဆန္ဒဆိုရင် မြန်မာပြည်သူ ၈၀%က အမေစုကို ထောက်ခံပြီးသား။
    သတ္တိရှိရင် သမ္မတကြီးနဲ့အမေစုယှဉ်ပြီးမဲပုံးထောင်ကြည့်လိုက်ပါ။

    September 30, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: