Skip to content

ကိုလံဘီယာ – အီကွေဒေါ နယ်စပ် တွင် ပြန်ပေးဆွဲခံရ သည့် ဗြိတိန်သူနှင့် သြစတြေးလျနိုင်ငံသူ နှစ် ဦးကို ကယ်တင်နိုင်ခဲ့


နောက်ဆုံး ရ သတင်းများ အရ ကိုလံဘီယာ – အီကွေဒေါ နယ်စပ် တွင် ပြန်ပေးဆွဲခံရ သည့်
ဗြိတိန်သူနှင့် သြစတြေးလျနိုင်ငံသူ နှစ် ဦးကို အီ ကွေ ဒေါ ရဲ နှင့် စစ်တပ် မှာ ပြန် ပေး သမား

Sara Cox

Sara Cox (Photo credit: Wikipedia)


များ ၏ လက်တွင်းမှ ကယ်တင်နိုင်ခဲ့ သည် ဟု သိရသည်။ 

အောင်ပန်၊         ၊ ဗြိတိန်နိုင်ငံသူ Katherine Sara Cox အသက်(၂၃)နှစ်အရွယ်နှင့်
သြစတြေလျနိုင်ငံသူ Fiona Louise Wilde အသက်(၃၂) အရွယ်ရှိ နိုင်ငံခြားသူ(၂)ဦးအား
အီကွေဒေါနှင့် ကိုလံဘီယာနယ်စပ်တွင်ပြန်ပေးဆွဲခံရကြောင်း အီကွေဒေါ ရဲတပ်ဖွဲ့မှ
သတင်းထုတ်ပြန်သော်လည်း ဗြိတိသျှနိုင်ငံခြားရေးဓနသဟာအရာအဖွဲ့ (FCO) မှ
နာမည်များကိုအတည်မပြုနိုင်သေးကြောင်း  မီဒီယာသို့ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံ Sucumbios ပြည်နယ်အတွင်းရှိ Cuyabenoသဘာဝဘေးမဲ့တောအတွင်းသို
အခြားနိုင်ငံခြားသား(၅)ဦး၊ အီကွေဒေါနိုင်ငံသူ ခရီးသွားဧည့်လမ်းညွှန်(၂)ဦးနှင့်အတူ လေ့လာ
လည်ပါတ်နေစဉ်အတွင်းပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ ပြန်ပေးသမားတို့ အခြားနိုင်ငံခြား(၅)ဦးနှင့်
ဧည့်လမ်းညွှန်ကိုပြန်လွှတ်ပေးလိုက်သည်။
အဆိုပါပြန်ပေးဆွဲခံရမှုအတွက် ချီလီနိုင်ငံ သြစတျေလျားသံရုံးမှ အီကွေဒေါနိုင်ငံရှိ ဗြိတိန်သံရုံးနှင့်
ကနေဒါသံရုံးတို့အား အမြန်လွှတ်မြောက်ရေးအတွက် အီကွေဒေါအစိုးရကိုတွန်းအားပေးရန်
တိုက်တွန်းပြောကြားလိုက်သည်။

အီကွေဒေါ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြန်ပေးသမားများသည် ကိုလံဘီယာ
ရာဇဝတ်ဂိုဏ်းဝင်များဖြစ်ကြောင်း၊ ပြန်ပေးသမားတို့နောက်ကွယ်တွင် Black Eagles အဖွဲ့ပါဝင်
ပါတ်သက်မှုရှိကြောင်းနှင့် အီကွေဒေါရဲတပ်ဖွဲ့မှ ကြိုးစားရှာဖွေနေကြောင်းပြောကြားခဲ့သည်။

ဗြိတိသျှ နိုင်ငံခြားရေးဓနသဟာအရာအဖွဲ့ (FCO) မှ နိုင်ငံခြားသားများအားကိုလံဘီယာနယ်စပ်
သို့ ခရီးသွားလာခြင်းများမပြုကြရန် အရေပေါ်ကြေညာချက်ထုတ်ပြန်လိုက်သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: