Skip to content

အကြမ်းဖက် စွယ်စုံကျမ်း ရေးသားခဲ့ သူ အစွန်း ရောက် တရား ဟော ဆရာ ကို အမေရိကန် ကို လွှဲပြီ

_63323242_abu_hamza766

အမေရိကန် က အလို ရှိနေတဲ့ အီဂျစ် အစွန်း ရောက် မွတ် ဆလင်  တရား ဟော ဆရာ အဘူ
ဟမ်ဇာ အယ်(လ) – မာဆရီ ကို ဗြိတိန် အထူး ရဲ  တပ် ဖွဲ့  အစောင့် အကြပ် နဲ့  ဗြိတိသျှ စံ
တော် ချိန် ည သန်း ခေါင်မှာ အမေရိကန် နိုင်ငံ ကို လွှဲ ပေး လိုက် ပြီ ဖြစ်ပါတယ်။

အမေရိကန် ကို လွှဲ မပေး ဖို့  အသနား ခံထား တဲ့ သူ့ ရဲ့  အမှု ကို ဗြိတိန် တရား ရုံး က နှစ် နဲ့ 
ချီ အောင် ကြားနာ ခဲ့ ပြီး နောက် ဒီနေ့  မှာ လန်ဒန် အထက် တရား ရုံး က လွှဲပေး ဖို့  အမိန့်
ချခဲ့ တာ ဖြစ် ပါတယ်။

လက်တစ် ဖက် မရှိ တဲ့ အဘူ ဟမ်ဇာ ဟာ အီဂျစ် လူလတ်တန်းစား အလွှာ ထဲ က မွေး ဖွား ခဲ့
တာ ဖြစ် ပြီး အီဂျစ် စစ်တပ် မှာ အရာ ရှိ ငယ် အဖြစ် တာဝန် ထမ်းဆောင် ကာ ၁၉၇၉ ခုနှစ် မှာ
လန်ဒန် ကို ကျောင်းသား ဗီဇာ နဲ့  ရောက် ရှိ လာ တာ ဖြစ်ပါတယ်။

အင်္ဂလန် အလယ် ပိုင်း လောင်းလာတင် အကျဉ်းထောင် မှာ သူ့  ကို ထိမ်းသိမ်း ထားရာ က နေ
အင်္ဂလန် အရှေ့  ပိုင်း လေတပ် စခန်း တစ်ခု ကနေ တစ် တစ် ဆင့် အမေရိကန် မာရှယ် ကျွန်း
ကို လွှဲ ပြောင်း ပေး အပ် မှာ ဖြစ်ပါတယ်။

သူ့ ကို မနက် ဖြန် စနေ နေ့ မှာ အမေရိကန် တရားရုံး ထုတ် စစ်ဆေး မှာ ဖြစ်ပါတယ်

အစ္စလာမ် အစွန်းရောက် ၀ါဒီ ဟမ်ဇာ ဟာ ဆိုဗီယက် တို့  အာဖဂန် နစ္စတန် ကို သိမ်းထားစဉ်
မှာ အစွန်း ရောက် မူဂျာ ဟေင် ဒင် တွေ နဲ့  တွဲ ပြီး ဆိုဗီယက် ဆန့် ကျင် ရေး တွေ လုပ် ခဲ့ ရာ
ကနေ အိုစမာ ဘင် လာဒင် နဲ့  မိတ်ဆွေ ဖြစ်ခဲ့ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

သူ့  ကို ၂၀၀၄ ခုနှစ် ဗြိတန် က အကြမ်းဖက် လှုံဆော်မှု ဥပဒေ နဲ့  စတင် ဖမ်းဆီး ခဲ့ တာ ဖြစ်ပါတယ်။
ဘော့စနီးယား စစ်ပွဲ တွေ မှာ ပါဝင် ခဲ့ ပြီး ဂျီဟတ် အယူအဆ နဲ့  ၊ အယ်(လ)ကာယီဒါ လက် စွဲ စာ
အုပ် တွေ ကို ကူညီ ရေးသား ဖြန့် ဝေ တယ် ဆို ပြီး ၊ ဗြိတိန် က စွပ် ဆွဲ ထား တာ ဖြစ်ကာ အမေရိကန်
ကတော့ အကြမ်းဖက် အား ပေး မှု တွေ အပြင် အော်ရီဂွန် မှာ အစွန်းရောက် ကွန်ယက် ဖွဲ့  ရန် အား
ထုတ် မှု တွေ နဲ့  သူ့  ကို အလို ရှိ နေတာ ဖြစ်ပါတယ်။

About these ads
Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: