Skip to content
မနန်းခင်ဇေယျာ ပြိုင်ပွဲ မှာ တက်တက်ကြွကြွ ပါဝင်နေ | Update
552649_460994127284844_765662838_n
Update – အောက်တိုဘာ လ ၉ ရက် နေ့ တွင် နိုင်ငံ တကာမှ လှယဉ် ကျေးမယ် များ သည်
ဂျပန် ရိုးရာ ၀တ်စုံ ကီမို နို ကို ၀တ်ဆင် ၍ အလှ ပြခဲ့ ကြရာ  မြန်မာ ကိုယ်စား ပြု မနန်းခင်
ဇေယျာလည်း မိုးပြာ ညို့ ညို့  အောက်ခံ တွင် ဆောင်းဦး  တောပန်းဖြူ များ အဆုပ်လိုက် ပွင့်
နေသည့် ကီမို နို ၀တ်စုံ ဖြင့် အလှ ပြ ခဲ့ သည်။
ဂျပန် ရိုးရာ အိမ် တွင် ဂျပန် ယဉ်ကျေး မှု ၊ ဘာသာစကား နှင့် စာ ပေ တို့  ကို  အလှမယ် များ က
လေ့လာ ခဲ့ ကြသည် ဟု မယ်နိုင်ငံ တကာ ပြိုင်ပွဲ ၏ အင်တာနက် စာမျက် နှာ တွင် ဖော် ပြထား
သည်။
Nang Khin Zay Yar(24)
ナン・キン・ゼイ・ヤー
1988/3/4
●Tourist guide, Model
174/64/56.7/84
နိုင်ငံ တကာ မှ ပြိုင် ပွဲ ၀င်သူများ သည် ဆုရွေးချယ် မည့် နေ့  နီးကပ် လာသည့် နှင့် ပိုပြီး ရင်ခုန်
စိတ်လှုပ်ရှား လာကြသည်။ ပြိုင် ပွဲ ၀င် အများ စု အနက် ၇၀ ရာခိုင်နှုန်း ကျော် မှာ ၎င်း တို့  ၏ ဒေသ
တွင်း ဉ်သာ ပြိုင် ဖူး ပြီး နိုင်ငံ့ တကာ ပြိုင် ပွဲ အတွေ့  အကြုံ မရှိ ဟု သိရသည်။
အောက်တိုဘာလ ၇ ရက်နေ့  က  မယ် နိုင်ငံ တကာ ပြိုင် ပွဲ ၀င်သူများ သည် ဂျပန် ရိုးရာ အစား
အသောက် များ ကို နည်း ပြ တစ်ဦး က သင်ကြား ပြ သမှု ဖြင့် ကိုယ်တိုင် ချက် ပြုတ် စားသောက်
ခဲ့ သည်။
အောက်တိုဘလ ၈ ရက် တနင်္လာ နေ့ တွင် ရိုးရာ ယဉ်ကျေးမှု အက များ ဖြင့် ကပြ ဖျော်ဖြေမှု ပြု
ခဲ့ကြသည် ရာ မနန်းခင်ဇေယျာ က မြန်မာ အက ကို အခြား ၀င်ရောက်ယှဉ်ပြိုင်သူများ အား ပြသ
ခဲ့ ရာ ပိုလန် ၊ ဘရာဇီး ၊ စပိန် ၊ ဟန်ဂေရီ နှင့် ပီရူး မယ်များ  က စိတ် ၀င်တစား သင်ယူခဲ့ ကြသည်။
အောက်တိုဘာလ ၂၁ ရက်နေ့  ပြိုင်ပွဲ အပြီး မြန်မာ နိုင်ငံ သို့ ပြန်လည် ရောက်ရှိလာမည့် မနန်းခင်ဇေယျာ
ကို ရန်ကုန် ရောက် ရှမ်း နှင့် ပ အိုဝ် လူမျိုး များ အပါ အ၀င် မြန်မာ နှင့် အခြား တိုင်းရင်းသား များ ကြိုဆို
ရန် ပြင်ဆင် ထားသည် ဟု FNG မှ သိရှိ ရသည်။
၁၉၆၁ ခုနှစ်က နောက်ဆုံး နောက်ဆုံး ယှဉ်ပြိုင်ခဲ့ သည် မယ် နိုင်ငံ တကာ ကို မြန်မာ တကျော့ပြန် ယှဉ်ပြိုင် | Update
ဂျပန် နိုင်ငံ  အိုကီနာဝါ ကျွန်း ဘူဒိုကန် အားကစား ခန်းမ ဉ် အောက်တိုဘာ လ ၁ ရက်နေ့ မှ
အောက်တိုဘာလ ၂၁ ရက်နေ့  အထိ ကျင်းပ နေသည့် မယ် နိုင်ငံ တကာ (Miss International)
ကို မြန်မာ နိုင်ငံ ကိုယ်စား ပြု ကာ ရှမ်းပြည်နယ် တောင်ကြီး မြို့ မှ မနန်းခင်ဇေယျာ သည် ၀င်ရောက်
ယှဉ် ပြိုင် နေသည် ဟု ၅၂ ကြိမ်မြောက် မယ် နိုင်ငံ တကာ (Miss International) ကျင်းပရေး
ကော်မတီ သတင်း နှင့် ပြန်ကြား ရေးဌာန မှ သတင်း ထုတ်ပြန်ထားသည်။
ပြိုင်ပွဲ၌ Miss Myanmar International Crownဆုကို ရရှိခဲ့ သည်။
မယ် နိုင်ငံ တကာ  ပြိုင်ပွဲ ကို နိုင်ငံ ပေါင်း ၆၇ နိုင်ငံ မှ ၀င်ရောက်ယှဉ် ပြိုင် သည်။ ယခုနှစ်
Miss International ဆုရရှိသူ အား ယခင် နှစ် က ဆုရှိခဲ့ သည့် အီကွေဒေါ မှာ ဖာနန်ဒါ
ကော်နီ ဂျို မှ လွှဲပြောင်း ပေး အပ် မည် ဖြစ်သည်။
နန်းခင်ဇေယျာသည် အသက် ၂၃ နှစ် ရှိ ပြီ ဖြစ် ပြီး အရပ် အမြင့် ငါး ပေး ခြောက် လက်မ ခွဲ
ဖြစ်သည်။
About these ads
10 Comments
  1. naung naung #
    ကမ္ဘာမှာမြန်မာ မြန်မာမှာနန်းခင်ဇေယျာ များစွာဂုဏ်ယူနေတာ ကျွန်တော်ပါ…..
    October 28, 2012
  2. ချစ်ကို #
    ကမ္ဘာမှာမြန်မာဟေ့လို့ကြွေးကြော်ချင်တာစိတ်ထဲမှာတ
    ဖွားဖွားဖြစ်နေတာကြာနေပါပြီကြိုးစားလိုက်ပါနှစ်မငယ်
    အားပေးနေမယ်
    October 21, 2012
  3. myo myo #
    very good
    October 12, 2012
  4. Niniwin #
    အရမ်းတော်တယ်
    October 12, 2012
  5. nice
    October 10, 2012
  6. Khun Soe #
    VERY LOVELY!!!!!
    WISHING YOU TO WIN THE “CROWN”
    Khun,Nang (New York)
    October 10, 2012
  7. thiripyaesone #
    very like
    October 9, 2012
  8. We support Nang Khin Zay Yar.
    October 9, 2012
  9. minzawoo #
    very good
    October 9, 2012
  10. zoegyi #
    I like myanmar’s model, Nan Khim Zayer.
    October 9, 2012
Comments are closed.
Follow
Get every new post delivered to your Inbox.
Join 526 other followers
%d bloggers like this: