Skip to content
စစ်တွေ ဗလီ ၀င်း ထဲ က အိမ်ငယ်တစ်လုံး မီးလောင်
487494_463847603638763_772702009_n
အောက်တိုဘာ လ ၇ ရက်နေ့  နေ့ လည် ၂ နာရီခန့်  က ရခိုင် ပြည်နယ် စစ်တွေ မြို့  ရှိ ရတနာ
ဗလီ စတင် မီးလောင် ပြီး နောက် စစ်တွေ မြို့ မှ မီးသတ် တပ် ဖွဲ့  ၀င်များ က အချိန် မှီ လာရောက်
ငြိမ်းသတ် နိုင် သောကြောင့် ကြီး မား သည့် ပျက် စီး မှု မရှိ သော် လည်း ဗလီ ၀င်း အတွင်း ရှိ အိမ်
တစ်လုံး မီးလောင် ခဲ့ သည် ဟု သိရသည်။
ပထမ လောင်ကျွမ်းမှု ကို ငြိမ်းသတ် ပြီး တစ်နာ ရီ ခန့်  အကြာ တွင် ဗလီ ၀င်း အတွင်း ရှိ  နောက်ထပ်
အိမ် တစ်လုံး ကို ထပ်မံ မီးလောင်မှု ဖြစ်ပွား ခဲ့ သည် ဟု ဗလီ အနီး ရှိ ဒေသခံ များ က ပြောသည်။
ယခုနှစ် မေလ နှောင်း ပိုင်း ကတည်း စစ်တွေ မြို့  တွင် မငြိမ်သက် မှု များ စတင် ပေါ် ပေါက် ပြီး ကတည်း
နှင့် မသက် ဆိုင် သူများ မှာ ၀င်း အတွင်း သို့ ချဉ်းနင်း ၀င်ရောက် ရန် မဖြစ် နိုင်ဟု စစ်တွေ မြို့  မှာ မီး
သတ် အရာရှိ တစ်ဦး က FNG ကို ပြောသည်။
မီးလောင်မှု အကြောင်း အရင်း ကို ဆိုင်ရာမှ ဆက်လက် စုံစမ်း နေသည် ဟု သိရသည်။ မီးလောင်မှု
ကြောင့် ဗလီ မှာ ပျက်စီးဆုံး ရှုံး မှု ဖြစ်ပေါ် ခြင်း မရှိ ပါ။
Photos Credit : Rakhine Straight Views
About these ads
One Comment
  1. အမိန့်မရလျှင်ရေတောင်မသောက်ရ
    Oct9
    အမိန့်မရလျှင်ရေတောင်မသောက်ရ
    ရိုဟင်ဂျာလူမျိုးများ၊ ကမန်လူမျိုးများများသည် အမိန့်မရလျှင် လက်မထပ်ကြရ၊ အမိန့်မရလျှင်
    ခလေးမမွေးရ၊ အမိန့်မရလျှင်ခရီးမထွက်ရ၊ အမိန့်မရလျှင်ဆေးရုံမတက်ရ၊ အမိန့်မရလျှင်ဘုရားဝတ်
    မပြုရ၊ အမိန့်မရလျှင်စာမသင်ရ၊ စာသင်ကျောင်းမဖွင့်ရ၊ အမိန့်မရလျှင်အိမ်မဆောက်ရ၊ အမိန့်မရ
    လျှင်အိမ်ယာမရွှေ့ရ၊ အမိန့်မရလျှင် အိမ်ထောင်ကျသားသမီးများ အိမ်ခွဲမနေရ၊ သန်းခေါင်းစာရင်းမခွဲ
    ရ၊ ဝတ်ပြုကျောင်းမဆောက်ရ၊ စသည်ဖြင့်ကန့်သတ်မှု၊ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးခံကြရပါသည်။
    ရိုဟင်ဂျာများအားလုံး အကြောက်တရားအောက်တွင်ကြီးပြင်းခဲ့ရပါသည်။ ညအိပ်ရာဝင်တိုင်း
    အိပ်မက်ဆိုးများသာမက်နေကြရပါသည်။ လူမြင်တိုင်းကြောက်လန့်၍ ပြေးပုန်းနေကြရပါသည်။
    အထူးသဖြင့်စစ်ယူနီဖောင်းဝတ်လာသူများ မြင်လျှင်တစ်ရွာလုံး ကလေးလူကြီးမကျန် ပြေးပုန်းရ
    ပါသည်။ သံသယအကျိုးကိုဆိုးရွားစွာခံစားနေကြပါသည်။
    အစိုးရဝန်ထမ်းဟောင်းများသားသမီးများ၊ ပင်စင်စားများ၏သားသမီးများပါ အလုပ်မရကြပါ၊ အစိုး
    ရအလုပ်လုံးဝမရကြပါ။ ခွဲခြားဆက်ဆံခြင်းခံကြရပါသည်။ ရိုဟင်ဂျာများ၏ လက်ရှိ၊ လက်တွေ့
    အခြေအနေများကို ပြည်မမှပြည်သူများ၊ အခြားပြည်နယ်မှပြည်သူများ မသိရှိကြပါ၊ သတင်းဌာန
    စာစောင်များလည်း ရေးသားတင်ပြခြင်းမရှိပါ၊ သို့သော် နိုင်ငံတကာ သတင်းဌာန၊ အဖွဲ့အစည်းများ
    အစိုးရအဖွဲ့များက အချို့အခြေအနေများကို သိရှိကြပါသည်။ အလားတူ မြန်မာနိုင်ငံ ပြည်သူများ
    ကလည်း အခြေအနေအရပ်ရပ်ကို အမှန်အတိုင်းသိရှိရန် လိုအပ်ပါသည်။ ပွင့်လင်းသော လူ့အဖွဲ့
    အစည်းဖြစ်လာအောင် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရပါမည်။ သို့မှသာ ဝါဒဖြန့်သူများ၊အစွန်း
    ရောက်သူများ၏နယ်ပယ်ကျဉ်းမြောင်းသွားပါမည်။………………………………………….please တင် ပြပါ။
    October 9, 2012
Comments are closed.
Follow
Get every new post delivered to your Inbox.
Join 527 other followers
%d bloggers like this: