Skip to content

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တရုတ်ပြည် တွင် ကွယ်လွန်

5.-u-kyaw-zaw

မြန်မာ့ လွပ်လပ်ရေး ကြိုးပမ်းမှု တွင်  ဦးဆောင်ခဲ့ သည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း
ကျော်ဇော သည် ယနေ့  နံနက် အစော ပိုင်း တွင် တရုတ် နိုင်ငံ တွင် ကွယ် လွန် သွား သည် ဟု
ဗမာ ပြည် ကွန် မြူ နှစ် ပါတီ မှ ကြေငြာ ချက် ထုတ် ပြန်သည်။

ဗမာပြည် ကွန် မြူနစ် ပါတီ ခေါင်းဆောင်  နှင့် မြန်မာ့ လွတ်လပ် ရေး လှုပ်ရှား မှု ခေါင်းဆောင်
ဟောင်း သည် ကွယ် လွန် ချိန်တွင် အ သက် ၉၃ နှစ် ရှိ ပြီ ဖြစ်သည်။

တရုတ် ပြည် ကူမင်း မြို့  ရှိ ဆေး ရုံ တစ်ခု တွင် ဆေးကုသမှု ခံ နေရသည့် ရဲဘော်သုံးကျိပ် ၀င်
ဗိုလ်မှုးချုပ် ဟောင်း ကျော်ဇော ကို မြန်မာ အစိုး ရ သမ္မတ ဦးသိန်းစိန် က ပြည်တွင်း သို့  ပြည်
ဝင်ခွင့် ပေး ခြင်း ကို ခွင့် ပြု ပြီး တစ်လ အကြာတွင် ကွယ် လွန် သွား ခြင်း ဖြစ်သည်။

ဗိုလ်မှုးချုပ် ကျော်ဇော သည် မြန်မာ့ လွတ်လပ် ရေး ကြိုးပမ်း မှု သမိုင်း တွင် ပါဝင် ခဲ့ သူ ဖြစ်သ လို
တရုတ် ဖြူ ကျုးကျော်စစ် ၊ မြန်မာ့ ရန် နှိမ် စစ် ဆင် ရေး များ တွင် လည်း ဦးဆောင်  ပါဝင် ခဲ့ သည်။

သူဘ၀ အကြောင်း ကို ဆိုင်းစု မှ သည် မန်စီ သို့  ဆိုသည့် အမည် ဖြင့် ရသ အတွေ့  အကြုံ စာ အုပ်
ရေးသား ခဲ့ သည်။

ဗိုလ်မှုး ချုပ် ဟောင်း ကျော် ဇော ကို ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့  တွင် ပဲခူး တိုင်း သာယာ ၀တီ
ခရိုင် တွင် ဖွား မြင် ခဲ့ သည်။

သူသည် ပြည်ပ နိုင်ငံ တွင် ခေါင်းချ ခဲ့ သည့် ပထမ ဦးဆုံး ရဲဘော်သုံး ကျိပ် ၀င် ပုဂ္ဂိုလ် လည်း ဖြစ်
သည်။

စစ်ရေး  လှို့ ဝှက် ချက် များ ပေါက်ကြား   သည် ဟု ဆိုကာ တပ်မှ ထုတ်ပယ် ခံရပြီး နောက်
ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှား မှု များ ကို လည်း ဆောင် ရွက် ခဲ့ သည်။

၁၉၇၆ ခုနှစ် တွင် ဗမာပြည် ကွန် မြု နစ် ပါတီ နှင့် သွားရောက် ပူးပေါင်း ခဲ့ သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: