Skip to content

စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေသည့် ဆယ်ကျော်သက် ပညာရေး လှုပ်ရှား သူ မိန်းကလေး ကို တာလီဘန် က ထပ်မံ သတ်ဖြတ် အုံးမည် ဟု ခြိမ်းခြောက်

Malala Yousafzai treated by army doctors

အနောက်တိုင်း ယဉ်ကျေးမှု ၏ ပြရုပ် သဖွယ် ဒေသတွင်း ပြုမူနေသော ကြောင့် ပစ်သတ်ရသည်
ဟု တာလီဘန် အဖွဲ့  က ပြောကြားထားသည့် အသက် ၁၄ နှစ် အရွယ် ရှိ ပညာရေး အခွင့် အရေး
လှုပ်ရှား သူ ပါကစ္စတန် အမျိုး သမီး ငယ် မာလလာ ယိုဆာဇီ ကို  ထပ်မံ လုပ်ကြံ သတ် ဖြတ် ရန်
ပါကစ္စတန် အခြေစိုက် တာလီဘန် အဖွဲ့  က သတ် ဖြတ် ရန် ထပ်မံ ခြိမ်းခြောက် ထား သည် ဟု
နယူးယောက် တိုင်း သတင်းစာ ၏ အင်တာနက် စာ မျက် နှာ တွင် ဖော်ပြထား သည်။

လက်နက် ကိုင် အစောင့် အကြပ် များ ထူထပ် စွာ ချထား သည့် ရ၀ါပင်ဒီ ရှိ ဆေးရုံ တွင် အောက်
တိုဘာလ ၉ ရက်နေ့ က ရရှိခဲ့ သည့် သေနတ် ဒဏ်ရာ ကြောင့်  စိုးရိမ် ဖွယ်ရာ အခြေအနေ့ အဖြစ်
ဆေးကုသခံ နေရသည့် မာလလာ ကို ပါကစ္စတန် တာလီဘန် အဖွဲ့  ထပ်မံ သတ် ဖြတ် မည် ဟု
ခြိမ်းခြောက် ခဲ့ ခြင်း ဖြစ်သည်။

ခိုင်ဘာ တောင်ကြား လမ်း နှင့် ဆက်နေသည့် ပါကစ္စတန် အနောက် မြောက် ရှိ ဆွတ် ဗယ်လီ တောင်
ကြား ဒေသ တွင် နေ ထိုင်သည့် မာလလာ သည် အသက် ၁၁ နှစ် အရွယ် ကတည်း က ပညာရေး
လွတ်လပ် မှု လှုပ်ရှား တက်ကြွ မှု များ တွင် ဦးဆောင်ခဲ့ သည့် ဆယ်ကျော်သက် ပညာရေး လှုပ်ရှား
တက်ကြွ သူ  ဖြစ်သည်။

ပါကစ္စတန် ၀န်ကြီး ချုပ် ရာဇာပါဖက်(ဇ) အဇတ်(ဖ) က မာလလာ ၏ မိဘ များ ကို ယမန်နေ့   က
တွေ့ ဆုံ အားပေး မှု ပြု ခဲ့ သည်။

ဆယ်ကျော် ပညာရေး တက်ကြွ လှုပ်ရှား သူ မာလလာ သည် အသက် ၁၁ နှစ် အရွယ် ကတည်း က
လျှို့  ၀ှက် နာမည် သုံး ပြီး ပါကစ္စတန် မိန်းကလေး များ ပညာရေး အခွင့် အရေး အတွက်ဘလောက်စတင်
ရေးသား ခဲ့ ပြီး BBC စသည့် အင်တာနက် သတင်းစာမျက် နှာ များ တွင်  ပညာရေး လွတ် လပ်ခွင့် နှင့်
အမျိုး သမီး များ ပညာရေး အကြောင်း ရေး သား ခဲ့ ၍ တာလီဘန် အဖွဲ့  က သူ့  ကို အညိုးထား သည်။

အောက်တိုဘာလ ၉ ရက်နေ့ တွင် ကျောင်းဘတ်(စ) ကား ဖြင့် အိမ် ပြန်လာသည့် မာလလာ ကို မျက်
နှာ ဖုံး စွပ်ထား သည့် အစွန်းရောက် သေနတ် သမား တစ်ဦး က ဘတ်(စ)ကား ကို တား ကာ မင်းတို့ 
ထဲ မှာ မာလလာ ဆိုတာ ဘယ်သူ လဲ ဟု မေးမြန်း ပြီး နောက် ပစ်ခတ် ခဲ့ ခြင်း ဖြစ်သည်။

မာလလာ ကို အကြမ်းဖက် သမားများ လုပ်ကြံ မှု သည် ပါကစ္စတန် နိုင်ငံ တွင် အစွန်း ရောက် ၀ါဒ 
တကျော့ ပြန် ခေါင်းထောင် လာခြင်း ၏ အချက် ပေး ခေါင်းလောင်းသံ ပင်  ဖြစ်သည် ဟု ပါကစ္စတန်
နိုင်ငံ ခြား ရေး ၀န်ကြီး က သုံးသပ်ထား သည်။

မာလလာ ကို လုပ်ကြံ သတ်ဖြတ်မှု အတွက် အမေရိကန် နိုင်ငံ ခြား ရေးဝန်ကြီးဟီလာရီ ကလင်တန် ၊ ကုလ
အထွေထွေ အတွင်း ရေး မှုးချုပ် ဘန်ကီမွန်း နှင့် အဆိုတော် မက်ဒေါနား တို့  ရှုံ့ ချထားသည်။

မာလလာ သည် အနောက်တိုင်း လိုလား သူ တစ်ဦး ဖြစ်ပြီး ပါကစ္စတန် တာလီဘန် ၏ အမျိုး သမီးများ ပညာ
သင်ကြား ခွင့် မရှိ ဆိုသည့် အယူအဆ ကို ဆန့် ကျင် သူ တစ်ဦး ဖြစ်ကာ ၊ အမေရိကန် သမ္မတ သည် သူမ
၏ စံပြ ပုဂ္ဂိုလ်  ဆို သောကြောင့် သတ်ရသည် ဟု တာလီဘန် ကို တို့  က ဆိုသည်။

 သောကြာနေ့  ညက နိုင်ငံ တ၀ှမ်း ရှိ ပါကစ္စတန် အမျိုး သမီးများ မှာ မာလလာ ယိုဆာဇီ ကျန်းမားစေရန်
ဆုတောင်းမှု ပြု ခဲ့ ကြသည်။

သူမ ၏ သေနတ် ဒဏ်ရာ အခြေအနေသည် ခွဲ စိတ် ကုသ ပြီး နောက် စိုးရိမ် ဖွယ်ရာ ပင် ရှိသေး သည် ဟု
ဆရာဝန် က ပြောသည်။

မာလလာ ကို ပစ်ခတ်မှု တွင် ပါဝင်သည် ဟု ယူဆ ရသူ နှစ် ယောက် နှင့် အခြား စစ်သွေး ကြွ များ ကို ရဲ က
ဖမ်းဆီးထား သည်။

Pakistan, Malala Yousafzi

About these ads
One Comment
  1. ကျော်ကြီးး #

    မင်းသတင်းကို ဖတ်ရတဲ့အတွက်ဝမ်းသာပါတယ်

    November 23, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: