Skip to content
အာကာသ လွန်းပျံယာဉ် အန်ဒဲဗား ၏ နောက်ဆုံးခရီး စဉ်
la-me-1013-shuttle-5-gmfz
FNG LA Branch အမေရိကန် အကာသ လွန်းပျံယာဉ် အန်ဒဲဗား(Endeavor) ၏ နောက်ဆုံး
ကွန်းခို ရာ ခရီးစဉ် ဖြစ်သည့် ကာလီဖိုးနီးယား အမျိုးသား သိပ္ပံ ပြ တိုက် သို့  သယ်ဆောင် မှု
ခရီး စဉ် တွင် ယနေ့  နံနက် အစော ပိုင်း ကတည်း က လောဇ်ဆန်းဂျလိဇ် မြို့  တွင်း သို့  ဖြတ်
၍ သယ်ဆောင် ခဲ့သည်။
ဂျပန် နိုင်ငံ လုပ် Toyota Tundra အမျိုး အစား မော်တော် ကား က ဘီးပေါင်း ၁၆၀ ပါဝင်သည့်
ထရော်လီ တွင် တင်ဆောင် လာသည့် အန်ဒဲဗား ကို တစ်နာ ရီ လျှင် နှစ် မိုင် နှုန်း ဖြင့် ဆွဲ ယူလာ
ရာ လမ်း တစ်လျှောက် တွင် အခြေခံ ပညာ ကျောင်း များ နှင့် အဆင့်မြင့် ပညာ ကျောင်းများ မှ
ကျောင်းသူ ၊ ကျောင်း သူများ နှင့် ဒေသခံ ဖျော်ဖြေ ရေး အဖွဲ့  များ က ဂီတ ၊ အက များ ဖြင့် ဖျော်
ဖြေ ကြို ဆို ခဲ့ ကြသည်။
အာကာသလွန်း ပျံ ယာဉ်ကြီး အား သောကြာ နေ့  က LA နိုင်ငံ တကာ လေဆိပ်မှ စတင် သယ်
ဆောင် လာပြီး နောက် အဝေး ပြေး လမ်းမ များ ၊ မာတင် လူသာ ကင်း လမ်းမကြီး ၊ မန်ချက်စတာ
လမ်း မ တို့  ကို ဖြတ် သန်း ပြီး သယ်ဆောင် လာခြင်း ဖြစ်သည်။ ပြီး ခဲ့ သည့် သတင်း ပတ်က
ဘိုအင်း ၇၄၇ လေယာဉ် ကြီး ဖြင့် တင်ဆောင်ပြီး LA နိုင်ငံ တကာ လေဆိပ် သို့  ရောက်ရှိ ခဲ့
ခြင်း ဖြစ်သည်။
၁၉၉၂ ခုနှစ် မေ လ တွင် စတင် ခဲ့ ပြီး နောက်ဆုံး ပျံ သန်း မှု မှာ မေ လ ၂၀၁၁ ခုနှစ် တွင် ဖြစ်
သည်။
လမ်းခွ နေရာ များ တွင် ခေတ္တ ရပ် နား ပြီး ဂုဏ်ပြု မှု ကို ခံ ယူသည်။
အန်ဒဲဗား ကို သယ်ဆောင်ရာ လမ်း တစ်လျှောက် ရှိ မော်တော် ယာဉ် အချက် ပြ မီးပွိုင် များ ကို
ခေတ္တ ဖြုတ်ထား ခြင်း ၊ သစ်ပင် များ ကို ဆိုင် ကြိုး ဖြင့် လွှဲ ထား ခြင်း တို့  အပြင် လုံးဝ မလွတ်
ကင်းသည့် သစ် ပင် ၄၀၀ ကို ဖယ်ရှား ခဲ့ သော် လည်း LA မြို့  ပြ စိမ်းလန်းစိုပြေ ရေး ကောင်စီ
အရွယ် တူ  နှင့် အခြား သစ်ပင် ၁၀၀၀ ကျော် ပြန်လည် စိုက်ပေး ရန် ကတိပြု ခဲ့ သည်။
အကာသ ခရီးစဉ် အကြိမ် ၁၃၀ ကျော် ထွက်ရှိ ခဲ့ ပြီး ကမ္ဘာ ကို အကြိမ် ပေါင်း ၄၆၀၀ ကျော် ပတ်ခဲ့ ကာ
ဂြိုလ်တု ပေါင်းများ စွာ ကို နေရာ ချထား ပေး ခဲ့ သည့် အန်ဒဲဗား အာကာသ လွန်း ပျံ ယာဉ် သည်
သူ၏ နောက်ဆုံး ကွန်းခိုရာ သို့  သွား သည့် ခရီးစဉ် သည် လောဇ်ဆန်းဂျလိစ် မြို့ တွင် အထင်ရှား
ဆုံး လူအမြောက် အများ ပါဝင်သည့် ကြိုဆို ဂုဏ်ပြု မှု တစ်ခု ဖြစ်သည် ဟု LA Times သတင်း
စာက ရေးသား ဖော်ပြထားသည်။
အန်ဒဲဗား သည် တနင်္ဂနွေ နေ့ နံနက် ၂ နာရီ တွင် သူ ၏ နောက်ဆုံး ထားရှိ ရာ နေရာ ကို ဆိုက်
ရောက်မည် ဖြစ်သည်။
ဓာတ်ပုံ များ မှာ LA TIMES FRAME WORK မှ ဖြစ်ပါသည်။
About these ads
Follow
Get every new post delivered to your Inbox.
Join 528 other followers
%d bloggers like this: