Skip to content

အာဏာရ ပါတီ ၏ ညီလာခံ ကျင်း ပနေ ချိန် တွင် နိုင်ငံ အနှံ ရှိ လူထောင်ပေါင်းများ စွာ က အစိုးရ ၏ OIC ရုံး ကို လက်ခံ ခြင်း ကို ကန့် ကွက် ဆန္ဒပြ

487430_3383006274097_11618320_n

OIC  ၏ ကြန်အင် လက္ခဏာ ဆောင်သည့် မည်သည့် အခြေစိုက် မှု မျိုး ကို မှ မြန်မာ နိုင်ငံ တွင်
ယာယီ ဖြစ်စေ ၊ အခိုက် အတန့်  ဖြစ် စေ မပြု လုပ် ရန် ရန်ကုန် ၊ မန္တလေး နှင့် နယ်မြို့ များ  တွင်
ယနေ့  ကျင်းပသည့် ဆန္ဒပြ ကန့် ကွက် ပွဲ သို့  ရဟန်း ၊ ရှင်လူ ၊ ပြည်သူ များ ထောင် နှင့် ချီ ၍
တက်ရောက်ကြသည် ဟု FNG မှ သတင်း ရရှိသည်။

ရန်ကုန် မြို့  တွင် ဗဟန်း မြို့ နယ် ကြားတောရ လမ်း ရှိ ကြေးသွန်း ဘုရားကြီး ရှေ့ ဉ် စု ရုံး ကြ ပြီး
နောက် ကမ္ဘာ အေး စေတီလမ်း ၊ အလံပြ ဘုရား လမ်း တို့  အတိုင်း ဆူးလေ စေတီ တော် ကို ချီ
တက် ပြီး မြန်မာ နိုင်ငံ တွင်း ဉ် OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့  ရုံးစိုက်ခြင်း မပြု
လုပ်ရန် ကန့် ကွက် ခဲ့ ကြသည် ဟု သိရသည်။

နိုင်ငံ တ၀ှမ်း တွင် အစိုးရ ၏ ဆန္ဒပြ ကန့် ကွက် မှု များ ပေါ်ပေါက် ပြီး နောက် မိနစ် အနည်း ငယ်
အတွင်း မှာ ပင် OIC ရုံး ကို ဖွင့်လှစ် ရန် ခွင့် ပြု တော့ မဟုတ် ကြောင်း သမ္မတ ရုံး ၏ အင်တာ
နက် စာမျက် နှာ တွင် ဖော်ပြ ခဲ့ သည်။

ဦးသိန်းစိန် အစိုးရ အဖွဲ့  ၏ OIC ရုံး ဖွင့်လှစ် ခြင်း နှင့် ပတ်သက် သည့် ခွင့် ပြု မှာ ” ရှေ့ နောက်
မျှော်မြင် စဉ်းစား သည့် လုပ် ဆောင် ချက် မဟုတ် ” ဟု ဆန္ဒပြ မှု တွင် ပါဝင် သူ တစ်ဦး က ထောက်
ပြ သည်။ သူက ဆက်ပြီး နာဂစ် တုန်း က တောင် အမေရိကန် ကူညီပါမယ် ဆိုတာ တောင် လက်

ခံ ပြီး မ၀င် ခိုင်း တာ အခု မှ OIC ကို လက်ခံ တယ် ဆိုတော့ လွန်တာ ပေါ့ ” ဟု ဆိုသည်။

မန္တလေး မြို့  တွင် အိမ်တော်ရာဘုရားဝင်းမှစတင်၍၄င်း၊ ပခုက္ကူမြို့တွင် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ
သံဃာတော်အင်အား၂၀၀၀ကျော်စတင်၍၄င်း၊ ရခိုင်ဒေသတွင် ကျောက်တော်မြို့၊ ပုဏ္ဍားကျွန်းမြို့၊
ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့စသောမြို့ နယ် များ တွင် လည်း OIC ရုံး ကို ယာယီ ဖြစ်စေ
ခဏ ဖြစ်စေ ဖွင့်လှစ် ရန် သဘောမတူ ကြောင်း ဆန္ဒပြ ခဲ့ ကြ သည်။

ကို ကျော်စွာ မြင့် မှတ်တမ်းတင် ရိုက် ကူးထား သည့် ဓာတ် ပုံ များ ကို သူ ၏ Facebook စာမျက်
နှာ မှ တစ် ဆင့် ကူး ယူဖော်ပြ ပါသည်။

ပုခုက္ကူ တွင် ဆန္ဒပြ မှု မှတ်တမ်း ဓာတ် ပုံ များ မှာ Jpaing ရိုက်ကူးထားခြင်း ဖြစ်သည်။

About these ads
One Comment
  1. H.Naing #

    O.I.C. ဆီး၇ီးယာ ကို သွားပါ၊ အစ္စလာမ် ချင်းပြသာနာ ကို ရှင်းပါ။ ။

    October 15, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 526 other followers

%d bloggers like this: