Skip to content
အကာသ ဟင်းလင်းပြင် စပ် ကနေ အလွတ် ခုန် ချ ပြသူ ရဲ့  ဗီဒီယို အိုပါးဂမ်းနားထက် လူကြိုက်များ
felix-baumgartner-standing-in-his-capsule-about-to-dive-640x480
အသက် ၄၃ နှစ် အရွယ်ရှိ သြစတေးလျှ နိုင်ငံသား ဖိလစ် ဘောမ်ဂါတနာ ဟာ ကမ္ဘာ မြေပြင်
အထက် ပေ ပေါင်း တစ်သိန်း နှစ်သောင်း ကျော် ၊ မိုင်အားဖြင့် ၂၄ မိုင် ကျော်က နေ ကောင်း
ကင် အလွတ် ခုန် ပြ ခဲ့ ရာမှာ မြေပြင် ကို အသံ ထက် မြန်တဲ့ အရှိန် နှုန်း ဖြစ်တဲ့ တစ်နာရီကို
၈၃၉ မိုင်ကျော်နှုန်း ( Estimated Mach 1.24) နဲ့  ကျလာရာ မှာ  အမေရိကန် နိုင်ငံ နယူး
မက္ကဆီကို ပြည် နယ် ထဲ က ကန္တာရ ထဲ ကို အောင်မြင် စွာ ဆင်းသက် နိုင်ခဲ့ ပါတယ်။
မြေပြင် ရောက်ခါ နီး မိုင်ဝက် အလို လောက်မှ လေထီး ဖွင့် ပြီး မြေပြင် ပေါ် ဆင်း သက် ခဲ့တဲ့
ဖိလစ် ရဲ့  အလွတ်ခုန် ယူတု ဗီဒီယို ဟာ ပထမ တစ်ရက် အတွင်း ကြည့် ရှု သူ ၃ သန်း ကျော်
ရှိခဲ့ တာ ကြောင့် တောင်ကိုရီးယား က ပေါပ် အဆိုတော် Psy ရဲ့  အိုပါး ဂမ်နမ်း ရက် ပထမ
့ရက် မှာ ကြည့် ရှု သူ ၈ သိန်း ကျော် ရှိ တဲ့ စံ ချိန် ကို ချိုး နိုင် ခဲ့တယ် လို့  ဂူဂယ်(လ) က တာ
ဝန် ရှိ သူ တွေ က ပြောပါတယ်။
သြစတေးလျှ ကောင်းကင် အလွတ် ခုန် သမား ဟာ ကောင်းကင် က နေ အမြင့် ခုန် ပြရာမှာ
ယခင် Freefall  စံချိန် တင်ထားခဲ့ တဲ့  အမေရိကန် လေတပ် က ဗိုလ်မှုးကြီး Joe Kittinger
၁၉၆၀ ခုနှစ် က တင်ထား သည့် စံ ချိန် ကို လည်း ချိုး ခဲ့ ပြီး  ဘောမ်ဂါတနာ သည် ၂၄ မိုင် ကျော်
အမြင့် မှ သည် မြေပြင် သို့  ရောက်ရှိ ရန် ၁၁ မိနစ် ခန့် သာ ကြာမြင့် ခဲ့ပါတယ်။
နယူးမက်ဆီကို ပြည်နယ် ထဲ က သူ့ ရဲ့  Red Bull Stratos အဖွဲ့  ဟာ မြေပြင် က နေ ဟေလီ
ယမ် ဓာတ်ငွေ့ ဖြည့်ထား တဲ့ ဘောလုံး နဲ့  ဖိလစ် လိုက် ပါသွား တဲ့ ဂြိုလ်တု ပုံစံ ထိပ် ဖူး ကို သယ်
ဆောင် ခဲ့ ပြီး အာကာသ နယ် စပ် က နေ ခုန် ချတဲ့ အထိ ပါ ထိမ်းချုပ် မှု ပြု ခဲ့ တာ ဖြစ် ပြီး အလွတ်
ခုန် ရာ မှာ တော့ သေမင်း ကို အန် တု ပြီး ခုန် ချ ခဲ့ တာ ဖြစ်ပါတယ်။
ဖိလစ် ဟာ ၁၉၉၉ ခုနှစ် မှာ မလေးရှား ပက်ထရိုနပ်(စ) မျှော်စင် အဆောက် အဦကနေ အလွတ် ခုန်
ချမှု ပြု ခဲ့ ရာ ကနေ  စတင် ကျော်ကြား လာ ခဲ့ တာ ဖြစ် ပါတယ်။
ဖြစ်ပြီး အာကာသ သိပ္ပံ ပညာရှင် တွေ က လည်း ပါဝင် ကူညီ ခဲ့ ပါတယ်။
About these ads
One Comment
  1. phyu habringer #
    သြစတေလျနိုင်ငံသားမဟုတ်ပါ သြစတြီးယားနိုင်ငံသားဖြစ်ပါသည် သတင်းဌာနတခုအနေဖြင့်မှားယွင်းမသုံးစွဲသင့်ပါ
    October 17, 2012
Comments are closed.
Follow
Get every new post delivered to your Inbox.
Join 535 other followers
%d bloggers like this: