Skip to content

အောက်တိုဘာ ၁၅ လှုပ်ရှား မှု က ပြောသည့် ဦးသိန်းစိန် အစိုးရ အကြောင်း

6

တင်ကျော်ကျော်စိုး ၊             ၊အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ ရဲ့  ရုံးတွေ မြန်မာ
နိုင်ငံ မှာ ဖွင့်လှစ် ဖို့  လက်သင့်မခံ တဲ့ ဆန္ဒပြ မှု ကို တနင်္လာနေ့  က မြန်မာ နိုင်ငံ တ၀ှမ်းမှာ
ကျင်းပနေ ချိန် မှာ ပဲ မြန်မာ အစိုးရသမ္မတ ရုံး အင်တာနက် စာမျက် နှာ မှ ပြည်သူ ၏ ဆန္ဒ
အရ OIC ရုံး ကို ဖွင့်လှစ် ရန် ခွင့် မပြု ဟု ကြေငြာ ခဲ့သည်။

၎င်း နေ့  ညပိုင်း ရုပ်မြင်သံကြား သတင်းမှာ ပင် OIC ရုံး ကို မြန်မာ နိုင်ငံ ဉ် ခွင့် ပြု မည် မဟုတ် ဟု
ထပ်မံ သတင်း ထုတ်လွှင့် ကာ ကြေငြာ ခဲ့ သည်။  ထို ဖြစ်စဉ် သည် လက်ရှိ အရပ်သား အရေခြုံ
မြန်မာ စစ်အစိုးရ ၏ မှားယွင်း မှု ပေါင်း များ စွာ ထဲ မှာ တစ်ခု သာ ဖြစ်သည်။

ဗဟန်းကြားတောရ လမ်းမှ ထောင်သောင်းချီ ရဟန်း ရှင် လူ ပြည်သူများ ဆူးလေစေတီ တော် သို့ 
ချီတက် ခဲ့ ခြင်း မရှိ လျှင် ၊ မန္တလေး တွင် လည်း သံဃာ များ ဆန္ဒ မပြ ခဲ့ လျှင် ၊ ပခုက္ကူ၊ ဖျာပုံ ၊
ရေစကြို နှင့် ရခိုင် ပြည်နယ် တ၀ှမ်း အပါ အ၀င် အနယ် အနယ် အရပ် ရပ် မှ ဆန္ဒပြ ကန့် ကွက် မှု
များ မလုပ် ဘူး ဆိုခဲ့ လျှင် မြန်မာ အစိုးရသည် OIC  အစ္စလာမ် ၀ါဒီ တို့  ၏ ၀င်ရောက် အခြေစိုက်
ကို ကောင်းကောင်း ကြီး ကို အခြေချ ခွင့် ပေး မည် မှာ မြေ ကြီး လက် ခတ် မလွဲ ပင် ဖြစ်သည်။

တနင်္လာနေ့  နေ့ လည် ပိုင်း နိုင်ငံ တ၀ှမ်း ဆန္ဒပြ မှု များ မစခင် နာရီပိုင်း အလို အထိ မြန်မာ အစိုးရ့
သည် OIC ရုံး ကို လူသာချင်း စာနာ ထောက် ထား မှု အရ NGO အသွင် ဖြင့် အချိန် အကန့်  အသတ်
နှင့် ခွင့် ပြု မည် ဟု သာ ဆို ခဲ့သည်။ ယောင်လို့  ပင် OIC ရုံး ဖွင့်လှစ် ခြင်း ကို လက်မခံ တော့ ဟု မပြော
ခဲ့ ချေ မှာ စစ်အာဏာရှင် စနစ် ၏ ပြည်သူ့ ဆန္ဒကို လွယ်လွယ် နှင့် မလိုက်လျှော ချင်သည့် အမွေ ဆိုး
ပင် ဖြစ်သည်။

OIC ရုံးကို မြန်မာ နိုင်ငံဉ် ဖွင့်လှစ် မှု ပေး ခြင်း မှာ မြန်မာ အစိုးရ ၏ အမြော်အမြင် နည်းမှု တစ်ခု သာ
ဖြစ် ပြီး ၊ ၂၀၀၈ ခုနှစ် လူအသေအပျောက် များ သည့် နာဂစ် ဖြစ်ပွား စဉ် အချိန် က ပင် အမေရိကန် ၏
ကူညီမှု လုပ်ငန်းများ ၀င်ရောက် ဆောင်ရွက် ရန် စီစဉ် မှု ကို လက်မခံ ခဲ့ သည့် မြန်မာ စစ် အစိုးရသည်
နိုင်ငံ တကာ မျက် နှာ စာ တွင် ၎င်း တို့  ကို မင်းသားခေါင်း ဆောင်ထားသည့် ဘီလူး ဟု မြင်လို ပုံ မရ
ချေ။

ပြည်သူ့ ဆန္ဒ ကို လိုက်လျှောသည် ဟု ဆို သော အကြောင်း ပြ ချက် ဖြင့် OIC ရုံးဖွင့်လှစ် ခွင့် မပေး ဟု
ဆို မျှ ဖြင့် ပြည် သူ လူထု ၏  ထောက်ခံမှု ကို ပိုရလိမ့် မည် ဟု ထင်လျှင် အတော် ပင် မှား ချေ လိမ့်မည်။
အကြောင်း မူကား  အရပ် စကား ဖြင့် ဆို လျှင် ဖင်မနိုင် ဘဲ ပဲကြီး ဟင်း သောက် ထား သော ကိစ္စ များ
ဖြစ် ၍ အရှက် နှင့် ပါးနပ် ကျွမ်းကျင် မှု မဲ့ ပုံ လူသိ အောင် ကြေငြာ မောင်းခတ် သလို ပင် ဖြစ်နေ သေး
တော့သည်။

စစ်ဖိနပ် အောက် တွင် ခါးသီး လှသည့် နေ့  ရက်ပေါင်းများ စွာ ကို ကျော်ဖြတ် ခဲ့သည့် ပြည်သူ များ နှင့်
လူငယ် မျိုးဆက် သစ် များ က အရာ အားလုံး ကို တော်လှန် ရင် ဆိုင်ရန် အသင့် ဖြစ် နေကြသည်။

၎င်း တို့  က ပြည်သူ့ ဆန္ဒမပါ ဘဲ ဆောင်ရွက် ထား သည့် ဦးသိန်းစိန် အစိုးရ ၏ လုပ်ဆောင် ချက်များ ကို
ဆက် ပြီး စိမ်ခေါ် တော့ မည် ဖြစ်သည်။

တိုက် ပွဲ ကား မပြီး သေး… ရှေ့ တွင် ဆက်ရန် များ စွာ ရှိသေးသည်…..။

ဧရာဝတီ တိုင်း ဖျာ ပုံ မြို့  တွင် ကျင်းပသည့် OIC ရုံး ဖွင့်လှစ် ခွင့် မပေး ရန် ကန့် ကွက် ဆန္ဒပြမှု
ဓာတ်ပုံ – မင်းခေါင် (ဖျာပုံ) /FNG

About these ads
One Comment
  1. RIGHT

    October 16, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: