Skip to content

အင်တာနက် တပ်ဆင်ခ ကြေးလျှော့ချပြီ

internet_user_1084753f

အောက်တိုဘာ ၁၈၊ ၂၀၁၂၊ YPI

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက်(တယ်လီဖုန်းလိုင်း
အသုံးပြုသည့် မြန်နှုန်းမြင့်အင်တာနက်စနစ်) စတင် တပ်ဆင်ခနှုန်း နကို ၆ သိန်းကို ကျပ် ၅သောင်းအဖြစ်
လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီပို့နှင့်
Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက်များ၏
ဈေးနှုန်းလျော့ချမည် မချမည်ကိုမူ မသိရှိရသေးပါ။
ယခင် လစဉ်ကြေး ၆ သိန်းကျသင့်သည့် စတင်တပ်ဆင်ခကို နှုန်းထားသစ်တွင် ကျပ် ၅ သောင်းသို့၎င်း၊
ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀
ကျပ်သို့၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများအကြား အမြင့်ဆုံးသော နှုန်း
ထားဖြစ်သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေးအဖြစ်
ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။

တဦးချင်းဝင်ငွေမြင့်မားသည့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် ADSL အင်တာနက်
လစဉ်ကြေးမှာ တလ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။

ကနဦး အင်တာနက် တပ် ဆင် ကြေး ကို ၁၂ ဆ လျှော့ ချ လိုက်ခြင်း ဖြစ်သည်။

မူရင်း သတင်း မှာ Yangon Press International မှ ဖြစ်ပါသည်။
About these ads
5 Comments
  1. Ko Aung #

    wimax လစဉ်ကြေးတွေလဲ လျှော့ချပေးပါအုံး ဈေးအကြီးဆုံးနဲ့ဝယ်ခဲ့ရပြီးလစဉ်ကြေးအများဆုံးပေးနေရဆဲပါ

    January 13, 2013
  2. messimoe #

    ….. အောက်မှာကတော့ ၆သိန်းပါပဲ …တစ်ကျပ်မှ မလျှော့ဘူး …

    December 3, 2012
  3. niniwin #

    လိုင်းတပ်ဆင်ဖို့ အတွက်ကို ဘယ်လိုဆက်သွယ် စုံစမ်းရမှာ ပါလဲ။

    November 14, 2012
  4. ဆွိတုခ်ျ #

    သက်ဆိုင်ရာ ဝန်ကြီးတွေရဲ့ စေတနာကို အထူးဝမ်းမြောက်စွာ ကြိုဆိုပါတယ်ဗျာ။အမှန်တကယ် ကောင်းမွန်တဲ့ လိုင်းတွေဖြစ်လာမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ထားပါတယ်။

    October 20, 2012
  5. လစဉ်ကြေးတွေ လဲ လျှော့ ချ အရင်ကမှ မကောင်းတဲ့ လိုင်း ကိုလဲ သုံးလို့မရအောင် Banwidth တွေ လျှော့ချ ပေါ့ ဈေးနှုန်းလျှော့မချပဲ အင်တာနက်လိုင်းက ဒီထက်ပိုပြီး ကောင်းမယ် ဆိုရင် ဆက်သွယ်ရေး ကို ကျေးဇူးတင်ကျမှာ အမှန်ပါပဲ

    October 19, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: