Skip to content

အာဏာရ ပါတီအတွင်း ကွဲလွဲမှု ကြီးထွားလာ

307923_400786633323118_1405152622_n

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွား
လာခြင်းကြောင့် သမ္မတကို ထောက်ခံကြ သူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများသည်
ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက် လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲ
သမားများအကြား ပါ တီတွင်း အကွဲအပြဲ ဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန်
ပြည်လည်အရွေးခံရသည့် ကိစ္စက အစပျိုး ပေးလိုက်ပုံ ရသည်။

ယခင်နှစ် မတ်လ အာဏာရယူချိန်တွင် ပါတီဥက္ကဌတာဝန်ကို စွန့်လွှတ်ခဲ့သော သမ္မတဦးသိန်းစိန်အား
အင်္ဂါနေ့က ဥက္ကဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ ခြင်း အပေါ် ၎င်းပါတီအတွင်းမှ လူများစုပင်
အံအားသင့် သွားခဲ့ကြသည်။

ပါတီဥက္ကဌနေရာကို ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် အလားအလာကောင်းသူ အောက်
လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရရှိလိမ့်မည်ဟု အများစုက မျှော်လင့်ထားကြသည်။ သို့ရာတွင်
ရန်ကုန်မှ အကဲခတ် လေ့လာသူများကမူ “ယခုကဲ့သို့ ဦးသိန်းစိန်ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းသည်
အာဏာရှင် စစ်အုပ်ချုပ်ရေး စနစ် ဟောင်း၏ လက်ကျန်နိုင်ငံရေး ယန္တရားကို နောက်ဆုံးထပ်မံ
ပြင်ဆင်လိုက်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်”ဟု ရှုမြင်ကြသည်။

အာဏာရှင် အသိုင်းအဝိုင်းနှင့် တပ်မတော်ကို ကိုယ်စားပြုသူအဖြစ် သတ်မှတ်ခြင်း ခံထားရသော
ပြည်ခိုင်ဖြိုး ပါတီသည် တစ်ချိန်က ပါတီဝင် ၁၅ သန်းကျော်ရှိခဲ့ပြီး၊ လွှတ်တော်တွင်း၌လည်း
တပ်မတော်သား အမတ်များမှအပ ကျန်နေရာ အများစုကို ထိန်းချုပ်ထားဆဲ ပင်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သိသာသော အပြောင်းအလဲများက ပါတီကိုယိမ်းယိုင်
သွားစေခဲ့သည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တွင် နောက်ကောက်ကျ ရှုံးနိမ့်မှုအပေါ် ပါတီဝင်
အများစု ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထို့အပြင် ယခင်ခရိုနီ သူဌေးကြီးများက NLD ပါတီနှင့်အခြားအဖွဲ့အစည်းများထံ ပြောင်းလဲလှူဒါန်း
နေကြသောကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ရန် ပုံ ငွေ ရလမ်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။
အကြီးတန်း ပါတီဝင်များသည်လည်း နိုင်ငံရေးရာထူး၊ အစိုးရ ကန်ထရိုက်နှင့် စီးပွားရေး ခွင်များကို
နောက် ထပ်မရနိုင် ကြတော့ပါ။

၃ရက်ကြာ ပါတီညီလာခံတွင် ရွေးကောက်ပွဲ မဟာဗျူဟာကို ဆွေးနွေးကြခြင်းသည် တစ်ချိန်က
တန်ခိုးထွား ပါတီအတွင်း တစ်ငွေ့ငွေ့ လောင်နေသော ပြဿနာ ဖွဲမီးရှိကြောင်း ထင်ဟပ်နေသည်
ဟု အတွင်းသတင်းများက ဆိုသည်။

ညီလာခံ ကျင်းပရာနေရာ အဝန်းအဝိုင်းတွင် တီးတိုးပြောဆိုကြသော အကြောင်းအရာ များထဲတွင်
အချို့က ခွဲထွက်၍ ပါတီထောင်ချင်ကြသော ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံး စုဝေးတဲ့ ညီလာခံဟာ များသောအားဖြင့် အခက်တွေ့ တတ်
ပါတယ်။ အဆင်မပြေ တာမျိုးတောင် ရှိတတ် တယ်။ ဒါပေမယ့် ဒီလိုအဖြေ ရလာဒ်မျိုးကို မျှော်လင့်ထား
သူ အနည်းငယ်ပဲရှိပါတယ်” ဟု ရန်ကုန်အခြေစိုက် သံတမန် တစ်ဦးက ပြောကြားသည်။

လုပ်ငန်းများကို ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် တာဝန်ပေးထားသည့် အောက်လွှတ်တော် ဥက္ကဋ္ဌ
သည် ပါတီဒုတိယ ဥက္ကဋ္ဌ ၃ဦးထဲမှ တစ်ဦးအဖြစ် ပြန်လည် အရွေးခံရသည်။

အကဲခတ် လေ့လာသူများ၏ အဆိုအရ ပါတီ၏ ယိမ်းယိုင်မှု မှန်သမျှသည် ဦးသိန်းစိန်အပေါ် ဖိအားပိုမို
ကျရောက်စေခြင်းဖြင့် ပြုပြင် ပြောင်း လဲ ရေး ဖြစ်စဉ်ကို ရှုတ်ထွေးစေနိုင်သည်ဟု သိရှိရသည်။

ရန်ကုန်မှ အကဲခတ် လေ့လာသူ တစ်ဦးက “ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး ပါတီထဲမှာ အာဏာ
တည်ဆောက် နေတုန်းလို့ထုတ်ဖော်ပြသ နေပေမယ့် ပါတီသစ်ခွဲထောင်မယ့်လှုပ်ရှားမှုမှန်သမျှ
ဟာလွှတ်တော်မှာကော ရွေးကောက်ပွဲမှာပါဆန္ဒမဲအင်အား ပြန့်ကျဲသွား စေ နိုင်ပါတယ်”
ဟု ပြောကြားသည်။

အချို့ကမူ ပါတီနှစ်ခြမ်းကွဲစေမည့် ကိစ္စသည် ပုဂ္ဂိုလ်ရေး အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသည်
ဟု ဆိုကြသည်။ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သူရဦးရွှေမန်းတွင်လဲ သစ္စာခံသူ နောက်လိုက်များ
ရှိသည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံး အာဏာရှင် အကြီးအကဲ ဟောင်း၏ သစ္စာခံများ
ဖြစ်ကြသည်။

ဖိနှိပ်သော အဏာရှင် တပ်မတော် အစိုးရ အဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီး အချိန်တွင်
၎င်းတို့နှစ်ဦးသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကိုစတင် အကောင်အထည်ဖော်ရန်
ဆန္ဒပြင်းပြ နေကြသည်။

ဝန်ထမ်းလစာ ကိစ္စအပါအဝင် မူဝါဒနှင့် ဥပဒေပြုရေး တွင်ဝိရောဓိများ ရှိနေသော်လည်း အပေါ်ယံ
ဆက်ဆံရေး ချောမွေ့အောင် ထိန်းသိမ်းနေကြ ခြင်းက ပြိုင်ဆိုင်မှု ကြီးထွားနေကြောင်း ထင်မြင်
ယူဆမှုကို ဖြစ်ပေါ်စေသည်။

“ဦးသိန်းစိန်က ဦးရွှေမန်းအား ပါတီယာယီ ဥက္ကဋ္ဌ နေရာပေးခဲ့သော အကြောင်းအရင်းမှာ အိမ်ထဲမှ
ထွက်မသွားအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လောလောဆယ် တစ်ဦးကိုတစ်ဦး အပြန်အလှန်
လိုအပ်နေကြသည်”ဟု သံတမန် တစ်ဦးက မှတ်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုး ပါတီအပေါ် အဓိက ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်သာ
လျှင် ဖြစ်သည်ဟု ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုများ ၂၀၁၅မတိုင်ခင် မအောင်မြင်
သည့်တိုင်အောင် သူမ၏ NLDပါတီမှာမူ အင် အားကြီးပါတီ ဖြစ်သွားပါလိမ့်မည်။ လွှတ်တော်အမတ်
တစ်ဦးက “ခင်ဗျား ဘာတွေတွေ့လာနိုင်သလဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီထဲက အခွင့်အလမ်းတွေ
လက် မလွှတ် ချင်သူတွေရဲ့ အံ့သြဖွယ် အယူအဆတွေ၊ အခွင့်အလမ်း မဆုံးရှုံးအောင် ကြိုးပမ်းမှုတွေပေါ့။
ဒါမှမဟုတ် ဦးရွှေမန်းက ကိုယ်ပိုင်ပါတီ ထောင်တာမျိုး ပေါ့။ ဘာမဆို ဖြစ်လာနိုင်ပါတယ်”ဟု
သုံးသပ်ပြောကြားသည်။

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ “Unrest grows in Myanmar’s ruling party”
သတင်းဆောင်းပါးကို အလင်းသစ် ဘာသာပြန်ဆိုသည်)

About these ads
3 Comments
  1. နေ့သစ် #

    ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သည့် ပါတီ ဥက္ကဋ္ဌ မှ သမတ အဖြစ် ရွေးချယ်ခံရလျှင် ဆိုင်ရာပါတီမှ နှုတ်ထွက်ရမည်ဟူသော ပြဌာန်းချက်မရှိပါ၊ သမတ သက်တမ်းအတွင်း ပါတီတာဝန် အရပ်ရပ်ကိုသာ မထမ်းဆောင်ရဟု ပြဌာန်းထားပါသည်။ ဦးသိန်းစိန်သည် သမတ ဖြစ်ပြီးနောက် ပိုင်းတွင်လည်း ပြည်ခိုင်ဖြိုးပါတီ ရုံးတိုင်းတွင် ပါတီ ဥက္ကဋ္ဌ အဖြစ်သာ ဓါတ်ပုံများ ချိတ်ဆွဲထားပြီး ဒု ဥက္ကဋ္ဌ အဖြစ် ဦးရွှေမန်းက ဆောင်ရွက်လာသည်မှာ အစိုးရသစ် စတည်းက ဖြစ်ပါတယ်။ ခု အခါမှာ ပြည်ခိုင်ဖြိုးပါတီ ကို ဒီမိုကရေစီနည်းအရ ၇ပ်ကျေး မြို့နယ်များ ခရိုင်များ တိုင်းများမှာ အများဆန္န အရ ပါတီ ကော်မတီများကို ညီလာခံ အသီးသီးမှာ ရွေးလာတာတွေ့ပြီးကြပါပြီ။ ခု က ဗဟို အဆင့် ကို ဒီမိုကရေစီနည်း အရ ရွေးကြရာမှာ လက်ရှိပါတီ ဥက္ကဋ္ဌ ကို ပါတီ ဥက္ကဋ္ဌ အဖြစ် ဒီမိုကရေစီနည်းအရ ပါတီညီလာခံ ကိုယ်စားလှယ်တွေ က ရွေးလိုက် တာဖြစ်ပြီး၊ ပါတီတာဝန် ထမ်းဆောင်ဖို့ မှာ တော့ ဒု ဥက္ကဋ္ဌ ဦးရွှေမန်းက သမတ သက်တမ်း မကုန်သေးခင်မှာ ယာယီ ဥက္ကဋ္ဌ အဖြစ် ဥက္ကဋ္ဌ တာဝန်လုပ်ငန်းအားလုံးကို အစိုးရသစ် စတက်လာစဉ်တုန်း ကလိုပဲ ဆက်ထမ်းဆောင်ရတာဖြစ်ပါတယ်။ ပါတီ ဟာ ခု မှ ဒီမိုကရေစီနည်းအရ ဖွဲ့စည်းမှု စတင်တာဖြစ်ပါတယ်။ ဒီလိုပဲ NLD ပါတီ ဟာလည်း လာမည့် လ အနည်းငယ်အတွင်းမှာ ပါတီ ကို တရားဝင် ဖွဲ့စည်းမှု ဖြစ်ဖိုက အတွက် ညီလာခံ ခေါ်တော့မှာ လည်းဖြစ်ပါတယ်။ ပါတီ ညီလာခံတွေကသာ ပါတီကို တရားဝင် ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြောက်ခြင်းကို ဆောင်ရွက်ပေးနိုင်တာပဲဖြစ်ပါတယ်။

    October 28, 2012
  2. Moe Min Htway #

    နိုင်ငံတော်သမတကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌရာထူးကိုမစွန့်လွှတ်တာဟာ အခြေခံဥပဒေကိုမောက်မောက်မာမာဆက်ဆံလို့ရတဲ့နမူနာတစ်ခုကိုပြည်သူတွေကိုသိအောင်ထုတ်ဖော်ပြသလိုက်သလို မူဝါဒတစ်ရပ်အနေနဲ့ကျင့်သုံးစေချင်တဲ့ရည်ရွယ်ချက်နက်ရှိုင်းမုကိုလည်းထင်ရှားစေပါတယ် စကားလုံးတွေကူးစပ်မူမြန်နေတဲ့ခေတ်ကြီးမှာအခြေခံဥပဒေမှာ”မလုပ်ရလို့ပဲပါတယ် နှုတ်ထွက်ရမယ်လို့မပါတဲ့အတွက် လုပ်လို့ရတယ်လို့မှတ်ချက်ပေးခဲ့တဲ့ရှေ့နေကြီးကိုမေးခိန်းတစ်ခုလောက်မေးပါရစေ ” လူသတ်ပြီးတော့ရိုးရာနတ်ကိုပူဇော်ရင်ရပါသလား?”အခြေခံဥပဒေမှာလူသတ်ပြီးတော့ရိုးရာနတ်ကိုမပူဇော်ရလို့မပါဘူးနေဥ။

    October 22, 2012
  3. Moe Min Htway #

    နိုင်ငံတော်သမတကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌရာထူးကိုမစွန့်လွှတ်တာဟာ အခြေခံဥပဒေကိုမောက်မောက်မာမာဆက်ဆံလို့ရတဲ့နမူနာတစ်ခုကိုပြည်သူတွေကိုသိအောင်ထုတ်ဖော်ပြသလိုက်သလို မူဝါဒတစ်ရပ်အနေနဲ့ကျင့်သုံးစေချင်တဲ့ရည်ရွယ်ချက်နက်ရှိုင်းမုကိုလည်းထင်ရှားစေပါတယ် စကားလုံးတွေကူးစပ်မူမြန်နေတဲ့ခေတ်ကြီးမှာအခြေခံဥပဒေမှာ”မလုပ်ရလို့ပဲပါတယ် နှုတ်ထွက်ရမယ်လို့မပါတဲ့အတွက် လုပ်လို့ရတယ်လို့မှတ်ချက်ပေး

    October 22, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: