Skip to content

မင်းပြား မြို့ နယ် တွင် ညမထွက် ရ အမိန့် ထုတ်

Minbya-signboard

ရခိုင်ပြည်နယ် မင်းပြား မြို့ နယ် ပိုက်သည် သရက် အုပ်ကျေးရွာ တွင် ယနေ့  နံနက် အရုဏ်
တက် ချိန် မှ စပြီး မီးလောင် ကျွမ်း လျှက် ရှိ ပြီး နေ့  လည်  ၂ နာရီ နောက်ဆုံး ရရှိသည့် သတင်း
များ အရ အိမ်ခြေ ၃၀၀ နီးပါး မီးလောင် ကျွမ်းခဲ့ ကြောင်း သိရသည်။

ပရိန် ကျေးရွာ တွင် ဘင်္ဂါလီ နှင့် ရခိုင် တိုင်း ရင်းသားများ စု ပေါင်း နေ ထိုင် ကြပြီး ဘင်္ဂါလီများက
ပရိန် ကျေးရွာ ကို မီးရှို့ ပြီး ထွက် ပြေး ကြ ခြင်း ဖြစ်သည် ဟု မင်းပြား မြို့  နယ် ရှိ  ကျန်းမာရေး ၀န်
ထမ်း တစ်ဦး ဖြစ်သူ ဒေါ်သာထွန်းနု က FNG ကို ပြောသည်။

သရက် အုပ် ရွာကို မီးရှို့ ပြီး ထွက် ခွာ လာသည့် ဘင်္ဂါလီ များ သည် မင်းပြား ကျိန်းတောင် စေတီ
ကို ဖျက်ဆီးရန် လာသည် ဟု သတင်း ရသဖြင့် ဒေသခံ ရဲ နှင့် စစ်တပ် အပါ အ၀င် လုံ ခြုံရေး တပ်
ဖွဲ့  များ က တားဆီးထားသည်။

သရက် အုပ် ရခိုင် ရွာသား များ ကို ဘင်္ဂါလီ များ က ရန်ရှာနေခြင်း ကြောင့် ပရိန် ရခိုင် ရွာ သားများ
က လာရောက် အားဖြည့် ထားရသည်။

မင်းပြား တွင် ပုဒ်မ ၁၄၄ ညမထွက် ရ အမိန့်  ထုတ် ပြန်ထား ဆဲ ဖြစ်သည်။

မင်းပြား တွင် ရှို့ မီး လောင် ကျွမ်းမှု နှင့် ပတ်သက် ပြီး အသေအပျောက် သတင်း မရှိ သေး ဟု
သိရသည်။

ရခိုင်ပြည်နယ် တွင် မေလ နှင့် ဇွန်လ အတွင်း ဖြစ် ပွားခဲ့ သည့် မငြိမ်သက်မှု များ ကြောင့် လူ
၈၀ ကျော် သေဆုံး ခဲ့ သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင် ရွက် ရေး ကောင်စီ က ရခိုင် ပြည်နယ် တွင် အခြေစိုက် ရုံးဖွင့် လှစ်
ပြီး ဘင်္ဂါလီ များ ကို နည်းမျိုးစုံ ဖြင့် ကူညီရန် ကြိုးစား အား ထုတ် မှု ကို နိုင်ငံ တ၀ှမ်း မှ ပြည်သူ
များ က ဆန္ဒပြ ကန့် ကွက် ၍ မြန်မာ အစိုးရ က ပြန် ရုပ်သိမ်းခဲ့ သည်။

ပဋိပက္ခများ ထပ်မံဖြစ်ပွားနေသော ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်
လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဦးလှသိန်းက ပြောကြားသည်။

ည ၇ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယခုအခါ
မင်းပြားမြို့တွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း The Voice ဂျာနယ် ၏ Facebook စာမျက်နှာ
တွင် ဖော်ပြထားသည်။

မင်းပြား ကျိန်းတောင် စေတီ

မင်းပြား ကျိန်းတောင် စေတီ

မင်းပြား ကျိန်းတောင် ဘုရား

မင်းပြား တံတား

မင်းပြား တံတား

အောက်တိုဘာလ ၂၀ ရက်နေ့ က OIC ရုံး လက်သင့် မခံ ရေး  မင်းပြား မြို့  တွင်  ဆန္ဒပြ နေစဉ်

အောက်တိုဘာလ ၂၀ ရက်နေ့ က OIC ရုံး လက်သင့် မခံ ရေး မင်းပြား မြို့  တွင်
ဆန္ဒပြ နေစဉ်

About these ads
Follow

Get every new post delivered to your Inbox.

Join 535 other followers

%d bloggers like this: