Skip to content

ပဋိပက္ခ နောက်ဆုံး ဖြစ်ပွား နေသည့် ကျောက်ဖြူ တွင် လုံခြုံရေး အဆင့် တိုး မြှင့်

267671_109784745847492_1563313851_n

တစ်ဖက် နှင့် တစ်ဖက် အခြေအနေ ဆက် လက် တင်းမာ နေသည့် ရခိုင် ပြည်နယ် ကျောက်
ဖြူ မြို့  တွင် လုံခြုံရေး အခြေအနေ တိုး မြှင့် ထား သည် ဟု သမ္မတ ရုံး တာဝန် ရှိ သူ ဗိုလ်
မှုး ဇော်ဌေး ၏ FB စာမျက် နှာ တွင် ဖော် ပြထား သည်။

တရုတ် နှင့် ဖက် စပ် လုပ် ကိုင် နေသည့် ကျောက်ဖြူ ရေနက် ဆိပ် ကမ်း နှင့် သဘာဝဓာတ်
ငွေ့  ပိုက်လိုင်း နေရာများ တွင် မူ လုံခြုံရေး အများ အပြားချထား သည် ဟု ကျောက် ဖြူမြို့ 
မှ ရေလုပ်ငန်း ရှင် တစ်ဦး က FNG ကို ပြောသည်။

တနင်္ဂနွေ နေ့  ညက မင်းပြား မြို့ နယ် မှ စတင် ခဲ့သည့် မငြိမ် သက်မှု တွင် အနည်းဆုံး ၂ဦး
သေဆုံး ခဲ့ သည် ဟု စစ်တွေ မှ လာသည့် သတင်းများ တွင် ဖော်ပြထား သည်။

_____________________________________________________

ယခုနောက်ဆုံး မငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်ဖြူနှင့်
မြောက်ဦးမြို့များ လုံခြုံရေးအဆင့် မြှင့်

၁။ ကျောက်ဖြူမြို့ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂလီအမျိုးသမီးများက ရခိုင်တိုင်း
ရင်းသားနေအိမ်များသို့ မီးကွင်းများဖြင့် ပစ်ခတ်ရာမှ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့ပြီး တစ်ဘက်နှင့်
တစ်ဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ ကြောင်း၊ ညနေပိုင်းတွင် ပဋိပက္ခ ဆက်လက်
ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘင်္ဂလီအချို့သည်
လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူများ မရှိ၊ ဒဏ်ရာ ရရှိသူ(၁၀)ဦးခန့်
ရှိကြောင်း သိရှိရသည်။
၂။ ယနေ့နံနက်ပိုင်း မြောက်ဦးတွင် မင်းပြားနှင့် မြောက်ဦးမှ သံဃာများ အပါအဝင် လူပေါင်း(၄)သောင်းခန့်
စုစည်း၍ ဘင်္ဂလီများကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော်လည်း ပြည်နယ်အစိုးရတာ
ဝန်ရှိသူများ၊ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့များ၊ ဆရာတော်သံဃာများ၊ ရတညပါတီ၊ မြို့မိမြို့ဖများ
ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ပြန်လည် အေးချမ်းသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

၃။ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော မငြိမ်မသက်မှုများအား
ဥပဒေနှင့်အညီ ထိန်းသိမ်းရန်အတွက် ၂၂-၁၀-၂၀၁၂ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါသည်။
သို့သော်လည်း ယနေ့ ဖြစ်ပွားလာသော အခြေအနေများအရ ထိရောက်မှုနည်းပါးနေသဖြင့် ပဋိပက္ခများ
အဓိက ဖြစ်ပွားလျက်ရှိသော မြို့နယ်များတွင် “လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေးအဆင့်
တိုးမြှင့်ခြင်းများ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ယနေ့ညနေပိုင်းတွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း”
အသိပေးအပ်ပါသည်။

ယမန် နေ့  က မင်းပြား တွင် ဘင်္ဂါ လီ တို့  က ရခိုင် တိုင်းရင်းသား အိမ် များ ကို မီးရှို့ ဖျက် ဆီးထားစဉ်
About these ads
One Comment
  1. Sythmone Myanmar #

    တာဝန်ရှိသူတွေ တစ်ခုကို ဆုံးဖြတ်ဖို့လိုပြီ ၃လို ၄လို မလုပ်ကြပါနဲ့

    October 24, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: