Skip to content

ဗိုလ်မှုးချုပ် ဟောင်းအောင်ကြီး ကွယ်လွန်

U-Ag-Gyi

ဗိုလ်မှူးချုပ် အောင်ကြီး (ငြိမ်း) စာရေးဆရာ သခင်အောင်ကြီး (ပေါင်းတည်) သည် အသက် ၉၄
နှစ် အရွယ် ယနေ့ နံနက် တွင် ကွယ်လွန် သည် ဟု FNG မှ သတင်း ရရှိသည်။

သခင်အောင်ကြီး (ပေါင်းတည်) သည် ၁၉၁၉ ၌ ပြည်ခရိုင်၊ ပေါင်းတည်မြို့၌ ဖွားမြင်ခဲ့ပြီး
ကျောင်းသား ဘဝမှစကာ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ယင်းနောက် နယ်ချဲ့ အင်္ဂလိပ်နှင့်
ဖက်ဆစ် ဂျပန်ခေတ်တို့၌ တပ်မတော် အတွင်း ရာထူး အဆင့်ဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။
ပါလီမန် ဒီမိုကရေစီ ခေတ်၊ အိမ်စောင့် အစိုးရခေတ် တို့တွင် တပ်မတော်နှင့် အစိုးရ အဖွဲ့များ၌
ဆက်လက် တာဝန်ယူခဲ့ကြောင်း သိရသည်။

ယင်းနောက် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တပ်မတော်မှ နိုင်ငံတော်အာဏာ
သိမ်းယူပြီးနောက် ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ပုံဖော်ရာ တွင် ပြည်သူပိုင် သိမ်းသည့် ကိစ္စ၌
ဗိုလ်ချုပ်ကြီး နေဝင်း နှင့် သဘောထား ကွဲလွဲကာ အစိုးရ အဖွဲ့နှင့် တပ်မတော်မှ နုတ်ထွက် ခဲ့ခြင်း
ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်း အုပ်ချုပ်နေစဉ် (၁၉၆၂-၁၉၈၈) ကာလ အတွင်း သုံးကြိမ်
ဖမ်းဆီး ထိန်းသိမ်းခံခဲ့ ရကြောင်း သိရသည်။

ဗိုလ်မှုးချုပ် ဟောင်း အောင်ကြီး ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ လူထု အုံကြွ မှု တွင် အရေး
ပါသည့် စစ်တပ် အရာရှိ ဟောင်း တစ်ဦး ဖြစ်ပြီး ဦးနေ၀င်း ကို ကျယ်ကျယ် လောင်လောင်
စတင် ဝေဖန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် စတင် တည်ထောင် စ က တည်း က ပင် ပါဝင် ဆောင်ရွက် ခဲ့သည်။

သတင်း နောက်ခံ နှင့် ဓာတ် ပုံ အား ပေါ်ပြူလာဂျာနယ် မှ ကူးယူဖော်ပြသည်။

About these ads
One Comment
  1. Bo Aung Gyi said that Army is never misunderstood by even mind! and If Burma didn’t get Democracy,my self sucide but when he talked to peoples at Badonemar campus,Sanchaung,Myae Ni Kone,Rgn,Burma in 1988,wear steel jacket because of fearing of MI’s assisnation!

    October 25, 2012

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 526 other followers

%d bloggers like this: