Skip to content

ဘန်ဂါဇီ ရှိ အမေရိကန် သံရုံး တိုက်ခိုက်မှု သံသယ ရှိသူ အီဂျစ် တွင် အသေဖမ်းဆီး နိုင်ခဲ့

ap_us_north_africa_terror_52141333-4_3_r560

လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့  ရှိ အမေရိကန် ကောင်စစ်ဝန် ရုံး ကို စက်တင်ဘာလ က ရော့ကတ်
လောင် ချာ ဖြင့် တိုက်ခိုက် မှု တွင် ပါဝင် ခဲ့ သည် ဟု သံသယရှိသူ တစ်ဦး မှာ အီဂျစ် နိုင်ငံ
ကိုင်ရို မြို့ တွင် လုံခြုံရေးတပ် ဖွဲ့  ၀င်များ နှင့် အပြန် အလှန် ပစ်ခတ် မှု တွင် သေဆုံး သွား ခဲ့
သည် ဟု အီဂျစ် အစိုးရမှ တရား ၀င် သတင်း ထုတ် ပြန်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့ က စစ်သွေးကြွ အုပ်စု မှ ရော့ကတ် ဖြင့် တိုက် ခိုက် မှု ကြောင့်
အမေရိကန် သံ အမတ် ကြီး J. Christopher Stevens အပါအ၀င် သံရုံး ၀န်ထမ်းလေးဦး
သေဆုံး ခဲ့ ရသည်။

သံရုံး တိုက်ခိုက်မှု တွင် ပါဝင်သည့် ဟာဇမ် ဟု အီဂျစ် အစိုးရ က သတင်း ထုတ် ပြန်ထား သူ
သည် အီဂျစ် ရဲတပ် ဖွဲ့  အား ဗုံးဖြင့် ပစ်ခတ် စဉ် ဗုံးပေါက်ကွဲ မှု ကြောင့် သေဆုံးရသည် ဟု
ဆိုသည်။

ယနေ့ နံနက် အစော ပိုင်း က အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီးဌာန သို့ လစ်ဗျား မှ ပေး ပို့ 
သည့် အီးမေးများ တွင် ထရီပိုလီ ရှိ အမေရိကန် သံရုံး ကို ဆက် လက် တိုက် ခိုက်ရန် အယ်(လ)
ကာယီးဒါး အဖွဲ့  နှင့် ဆက်စပ် သည့် လစ်ဗျား အခြေစိုက် အဖွဲ့  တစ်ခု က တိုက်တွန်းထား ပြီး
ဘန်ဂါဇီ ရှိ ကောင်စစ်ဝန် ရုံးက ရော့ ကတ် ဖြင့် ပစ်ခတ် မှု မှာ လည်း ၎င်း တို့  ၏ လက်ချက်
ဟု ဖော်ပြထား သည်။

၎င်း သည် အီဂျစ် နိုင်ငံ ကို ဖြတ် ကျော် ပြီး ဆိုင်းနိုင်း ကျွန်းဆွယ် မှ တစ်ဆင့် အာရပ် နိုင်ငံ
တစ်ခု သို့  ထွက် ပြေး ရန် ကြံစည် နေ ချိန် တွင် အသေဖမ်း ဆီးရ မိခြင်း ဖြစ်သည်။

About these ads
Follow

Get every new post delivered to your Inbox.

Join 530 other followers

%d bloggers like this: