Skip to content

လယ်ယာ မြေ ပြန်လည် ရရှိရေး အရေးတော် ပုံ မကြာခင် စတင်မည်

original_www.trust.org

နိုင်ငံ အနှံ့  အလုပ်သမား ၊ လယ်သမား အရေးတော် ပုံ များ မကြာခင် စတင် တော့
မည် ဟု FNG မှ သတင်း ရရှိသည်။ ဧရာဝတီ တိုင်း တွင်း မြေသိမ်းခံ ၊ လယ်သိမ်းခံ
လယ်သမား ၏ လယ်သမား အရေး တော် ပုံကို မတ် လ ထဲ တွင် စတင် မည်ဖြစ်ပြီး
ရန်ကုန် နှင့် အခြား မြို့  ရွာ များ တွင် လည်း

လယ်ယာ မြေ ပြန်လည် ရရှိရေး အရေးတော် ပုံ ကို မကြာခင် စတင် တော့
မည် ဟု ဧရာဝတီ တိုင်း လယ်သမား အရေးတော် ပုံ ဖြစ်မြောက်ရေး ကော်
မတီ မှ တာဝန် ရှိသူ တစ်ဦး က FNG ကို ပြောသည်။

လယ်ယာ မြေ ပြန်လည် ရရှိရေး အရေးတော် ပုံ အတွက် ကြိုတင် ပြင်ဆင်
ထားသည့် ပုသိမ် မှ လယ်သမား တစ်ဦး က ရိက္ခာ ခြောက် တွေ စုထားတယ်။ တုတ် ၊
ဓား လက်နက် တွေ ဆောင်ထား တယ်။ အသက် သေပစေ ရဲရဲ ရင် ဆိုင် ရ မှာ ပဲ ဟု
FNG ကို ပြောသည်။

လယ်ယာ မြေ ပြန်လည် ရရှိရေး အရေးတော် ပုံ ဟု အမည် ပေးထားသည့်
အလုပ်သမား လယ်သမား တော်လှန်ရေး သည် မအူပင် မလက်တို ခရိုင် တွင် ရဲ တပ် ဖွဲ့ 
က လယ်သမား များ ကို အကြမ်းဖက် ပစ်ခတ်မှု ပြီး နောက်
ပေါ်ပေါက် လာခြင်း ဖြစ်သည်။

အချို့  မြို့  ရွာ များ ရှိ လယ်မြေ များ တွင် လည်း ထွန်တုံး တိုက် ပွဲ များ ဆင်နွှဲ သွား မည်
ဟု သိရသည်။

About these ads
One Comment
  1. luis doram #

    ချကွာ အဲ့ရဲတွေကို ..

    February 28, 2013

Comments are closed.

Follow

Get every new post delivered to your Inbox.

Join 589 other followers

%d bloggers like this: