Skip to content

ဓာတ်ငွေ့ စက်ရုံ စီးနင်းမှု မှာ ကြိုးကိုင် ခဲ့ တဲ့ စစ်သွေးကြွ ခေါင်းဆောင် ကို ချဒ်တပ် ဖွဲ့  တွေ သုတ်သင် နိုင်ခဲ့

ap_Moktar_Belmokta_jt_130302_wg

မာလီ နိုင်ငံ တွင်း က စစ်သွေးကြွ တွေ ကို ပြင်သစ် နဲ့  လက်တွဲ ပြီး မောင်းထုတ် တဲ့ စစ်
ပွဲ တွေ အတွင်း မှာ ချဒ် တပ်ဖွဲ့  တွေ ရဲ့  လက် ချက် နဲ့  ထိပ် တန်း အယ်(လ)ကာယီးဒါး
အာဖရိက ယူနစ် ခေါင်းဆောင် တစ်ယောက် ကို သတ် ပစ် လိုက်နိုင်တယ် လို့  မာလီ က
လာတဲ့ သတင်း တွေ မှာ ဖော် ပြထား ပါတယ်။

ဇန်န၀ါရီလ အတွင်း က အယ်(လ)ဂျီးရီးယား နိုင်ငံ ရှိ သဘာဝ ဓာတ်ငွေ့  စက်ရုံ အား စီးနင်း
သိမ်းပိုက် ပြီး  ဓားစာခံ ဖမ်းဆီးထားမှု နဲ့   ပြန်ပေး ဆွဲ တောင်းဆို ခြင်း တွေ ကို ဦးစီး ခဲ့ သူ
မောခ်ထာ ဘယ်မောခ်ထာ ဆို သူ ကို ချဒ် တပ် ဖွဲ့  တွေ က သုတ် သင် ပြစ်လိုက် နိုင်တာ ဖြစ်
ပါတယ်။

ချဒ် သမ္မတ အိုင်းဒရစ် အက်ဘီ က နိုင်ငံ ပိုင် ရုပ်သံ ကနေ တစ်ဆင့် တနင်္ဂနွေ နေ့  မှာ ကြေငြာ ရာ မှာ သူ့  တပ် ဖွဲ့ 
တွေ က မစ္စတာ မာလ်ဘိုရို လို့  လူသိများ တဲ့ မောခ်ထာ ဘယ်မောခ်ထာ ကို သတ် ဖြတ် နိုင်
တယ် လို့  ဆို ပါတယ်။

အမေရိကန် အစိုးရ ကတော့ အယ်(လ)ဂျီးရီးယား စစ်သွေးကြွ ခေါင်းဆောင် အမှန် တကယ်
သေဆုံး ကြောင်း မကြာင် အတည်ပြု နိုင်ဖို့  ကြိုးစား  နေ တယ် လို့  သတင်းထုတ် ပြန်ထားပါတယ်။

Who is Mokhtar Belmokhtar? မောခ်ထာ ဘယ်မောခ်ထာ ဆိုတာ ဘယ်သူလဲ

၁၉၇၂ ခု နှစ် တွင် မွေးဖွား ခဲ့ သည့် မောခ်ထာ ဘယ်မောခ်ထာ သည် အသက် ၁၉
နှစ် အရွယ် တွင် အာဖဂန် နစ္စတန် သို့  သွားရောက် ၍ မူဂျာဟေဒင် များ နှင့် ပူးပေါင်း
ခဲ့သည်။

အယ်(လ)ဂျီးရီးယား နိုင်ငံ မြို့  တော် နှင့် တောင်ဘက် မိုင် ၃၇၀ အကွာ ရှေးဟောင်း မြို့ 
တော် ဂါဒိုင်ယာ တွင် မွေးဖွား ခဲ့ သည့် မောခ်ထာ သည် အာဖဂန် စစ်မြေပြင် တွင် ဗုံး
ဆန် ထိမှန် ပြီး မျက် စေ့ တစ်ဖက် ဆုံး ရှုံး ခဲ့ ရာ မှ သူ့  ကို တစ်ဖက်လပ် မောခ်ထာ ဟု
လည်း ခေါ် ဆို ကြသည်။

အာဖဂန် နစ္စတန် မှ နေ ၍ အယ်(လ)ဂျီးရီးယား နိုင်ငံသို့  ၁၉၉၃ ခုနှစ် တွင် ပြန်လည်ရောက်
ရှိလာ ပြီး နောက် စစ်သွေးကြွ များ နှင့် ပူးပေါင်း အယ်(လ)ဂျီးယား ပြည်တွင်း စစ် နှင့် အကြမ်း
ဖက် မှု မျိုးစုံး ကို ကျုးလွန် ခဲ့ သည်။

နိုင်ငံဖြတ် ကျော် အကြမ်းဖက် မှု များကြောင့် မောခ်ထာ သည် ထင်ရှားလာပြီး အယ်(လ)ကာ
ယီးဒါး အကြမ်းဖက် အဖွဲ့  ၏ တစ်စိတ် တစ်ပိုင်း ဖြစ်သည့် အစ္စလာမ္မစ်  အနောက် အာဖရိက ရှိ
အယ်(လ)ကာယီးဒါး (AQIM) ကို ဖွဲ့ စည်း ပြီး သည့် အခါ တပ်မှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့
သည်။

နောက်ပိုင်း တွံင် သူ၏ ကိုယ်ပိုင် တပ် ဖွဲ့  ဖြစ်သည့် မျက် နှာဖုံးစွပ် တပ်မတော် ကို ထပ်မံ တည်
ထောင် ပြီး ထို အဖွဲ့  အတွက် ရံပုံ ငွေ ရရှိရန် မာဘိုရို စီးကရက် ကို မှောင်ခို ခိုးသွင်း ပြီး ဖြန့် ချိ
ခဲ့ သည့် အတွက် မစ္စတာ မာလ်ဘိုရို ဟု လည်း ထင်ရှားသည်။

သိုသိုသိပ်သိပ် နေတတ် ပြီး AQIM အဖွဲ့  ၏ မာလီ နိုင်ငံမြောက်ပိုင်း ကို သိမ်း ပိုက်မှု ၊ လစ်ဗျား
နိုင်ငံ ဘန်ဂါဇီရှိ အမေရိကန် သံရုံး ကို တိုက် ခိုက်မှု ၊ ပြင်သစ် တပ် ဖွဲ့  ၏ မာလီ နိုင်ငံ မြို့ တော်
ဘာမာ ကို မြို့  သိမ်း တိုက် ပွဲ တွင် ပြောက် ကျား ပုံစံ ပြန်လည် ခုခံ မှု ၊ သဘာဝဓာတ်ငွေ့ စက်ရုံ
စီးနင်း မှု စသည့် မဟာဗျုဟာ ကျသည့် အကြမ်းဖက် မှု များ အတွက် အဓိက တာဝန်ရှိသူ တစ်
ယောက် ဖြစ်လာသည်။

မြောက်ပိုင်း အာဖရိက ရေးရာ ကျွမ်းကျင် သူ Jon Marks က မော်ခ်ထာ ကို ဆာဟာရ ၏ ပင်
လယ်ဓားပြ ဘုရင် ဟု ဆိုသည်။

ပြီးခဲ့ သည့် နှစ် မတ်လ က မာလီ နိုင်ငံ ဂါအို တိုက် ပွဲ တွင် ကျဆုံး သည် ဟု သတင်း ထွက် ပေါ်ခဲ့
သည်။

About these ads
One Comment Post a comment
  1. ko tkyuu #

    ကျေးဇူးအထူး

    March 4, 2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 526 other followers

%d bloggers like this: