Skip to content

ဂျွန်ကယ်ရီ နဲ့  မိုဟာမက် မော်စီ တွေ့ 

i-b4srSkr-L

အီဂျစ် နိုင်ငံ ကို ရောက်ရှိ နေတဲ့ အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဂျွန်ကယ်ရီက  သမ္မတ
မိုဟာမက် မော်စီ နဲ့  တွေ့ ဆုံ အပြီး မှာ မော်စီ ရဲ့  ပြုပြင် ပြောင်းလဲ မှု တွေ အတွက် အမေရိကန်
က ဒေါ်လာ သန်း ၂၅၀ ထပ်မံ ကူညီမယ် လို့  သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

အနာဂတ် မှာ အီဂျစ် ဟာ ဒီမိုကရေစီလမ်းကြောင်း ပေါ် မှာ မယိမ်းယိုင် ပဲ နဲ့  လျှောက် နိုင်
အောင် ကူညီ မှာ ဖြစ်တဲ့ အကြောင်း ဂျွန်ကယ်ရီ က ပြောပါတယ်။

မော်စီ သမ္မတ အဖြစ် ရွေးချယ် ခံ ရ ပြီး ကတည်း က နိုင်ငံ တကာ ငွေကြေး ရံပုံငွေ အဖွဲ့ 
က အမေရိကန် ဒေါ်လာ ၄.၈ ဘီလျှံ အကူအညီ နဲ့  အမေရိကန် သမ္မတ အိုဘားမား က
၁ ဘီလျှံ ကူညီ မယ် လို့  ကတိက၀တ် ပြုထားပါတယ်။

အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး သစ် ဂျွန်ကယ်ရီ ရဲ့  ဟာ သူ့ ရဲ့  နိုင်ငံခြားရေး ၀န်ကြီး တာဝန်
ထမ်းဆောင် ပြီး နောက် ပထမ ဦးဆုံး အကြိမ် အဖြစ် အီဂျစ် နိုင်ငံ ကို သွားရောက် လည်ပတ်ခဲ့
တာ ဖြစ်ပါတယ်။ ဂျွန်ကယ် ရီ နဲ့  မိုဟာမက် မော်စီ တို့  နှစ်ဦး တွေ့ ဆုံ စဉ် ဆီးရီးယား နဲ့ 
အီရန် အရေး ကိစ္စ တွေကို လည်း ဆွေးနွေး ခဲ့ကြ ပါတယ်။

ကယ်ရီက မော်စီ ကို နိုင်ငံရေး ပြုပြင်ပြောင်းလဲ ရေးသာ မကာ စီးပွား ရေး ပြု ပြင် ပြောင်းလဲရေး
တွေ ပြု လုပ် ဖို့  ပါ တောင်းဆို ပါတယ်။

အတိုက်အခံ တွေ က တော့ မော်စီ နဲ့  မွတ်ဆလင် ညီအကို တော် များ အဖွဲ့  ဟာ ယခင် သမ္မတ
ဟောင်း မူဘာရက် ရဲ့  လမ်းကြောင်း အတိုင်း ပဲ လျှောက်လှမ်း နေကြတာ လို့  စွဲဆွဲ ထားပါတယ်။

John Kerry, Egypt, Mohamed Morsi

About these ads
Follow

Get every new post delivered to your Inbox.

Join 594 other followers

%d bloggers like this: