Skip to content

နော်ဝေ မှာ ဆန္ဒပြ မြန်မာ တွေ နဲ့  ဦးသိန်းစိန် အစိုးရ အဖွဲ့  တွေ့ ဆုံမှု

(AP Photo/Thomas Winje Oijord, Pool)

ကိုညို  ၊          ၊နော်ဝေးနိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေက သမ္မတ ဦးသိန်းစိန်ရဲ့  ခရီးစဉ်ကို ကန့်ကွက်
ဆန္ဒပြပွဲတရပ်ကို ၂၆-၂-၁၃ ညနေ ၄-နာရီခွဲမှ ၅-နာရီခွဲထိ သမ္မတ တည်း ခိုရာဟော်တည်ရှေ့
တွင် ကျင်းပခဲ့ပါသည်။
နော်ဝေးအာဏာပိုင်တွေဆီကနေ ဆန္ဒပြပွဲခွင့်ပြုချက်ရဖို့နဲ့ ဆန္ဒပြပွဲ နဲ့ပတ်သက်လို့ တာဝန်
ခံပြောဆိုမဲ့သူတွေအဖြစ် နန်းကြည်အေး ကိုမြင့်အေးနဲ့ ဦးတူးလွန်တို့က တာ ၀န်ယူခဲ့ပါသည်။

ဆန္ဒပြမည့်နေ နေ့လည် ၁၂ နာရီခန့်တွင် နော်ဝေးနိုင်ငံခြားရေးဝန်ကြီး ဌာနမှ Guro Solberg
မှ နန်းကြည်အေးထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ဆန္ဒပြဦးဆောင်သူတွေထဲက ၂-ဦးကို ၀န်ကြီး-
ဦးစိုးသိန်းနဲ့ ဒုဝန်ကြီး-ဦးရဲထွဋ် တို့က လက်ခံဆွေးနွေးလိုကြောင်း အကြောင်းကြားခဲ့ပါသည်။

ညနေ ၄ နာရီ မိနစ် ၅၀ ခန့်ဆန္ဒပြနေစဉ်မှာပဲ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ ဟော်တည် ရှေ့ကိုရောက်
လာပါသည်။ တချိန်တည်းမှာပဲ နော်ဝေးနိုင်ငံခြားရေး ၀န်ကြီးဌာနကလို့ ယူဆရသူ ၃-ဦးက
လာရောက်တွေ့ဆုံပါသည်။ ဆန္ဒပြပွဲ တာဝန်ခံသူ နန်းကြည်အေး နဲ့ ကိုမြင့်အေးကို ၀န်ကြီး-ဦးစိုး
သိန်းနဲ့ ဒုဝန်ကြီး ဦးရဲထွဋ်တို့က တွေ့ဆုံစကားပြောလို ကြောင်း လာရောက်ပြောပါသည်။

ဟော်တည်တတိယထပ်မှာ တွေ့ဆုံရာမှာ နန်းကြည်အေး-ကိုမြင့်အေး နှင့် ၀န်ကြီး-ဦး စိုးသိန်း
ဒုဝန်ကြီး-ဦးရဲထွဋ် မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံ အမတ် (အမျိုးသမီး) နှင့် လုံခြုံရေးအရာရှိ
၂ ဦး (အမျိုးသားတဦး အမျိုးသမီး ၁ ဦး) ရှိနေပါသည်။ စကား ပြောနေစဉ် ၅ မိနစ်ခန့်အကြာမှာ
လုံခြုံရေးအမျိုးသမီးက အခန်းအပြင်ဖက် ထွက် သွားပါသည်။

စကားစတင်ပြောဆိုသူက ဦးရဲထွဋ်ဖြစ်ပြီး စတင်မေးခဲ့တာကတော့ မည်သည့်အဖွဲ့က ပါလဲဆိုတဲ့ေ
မးခွန်းဖြစ်ပါသည်။ မိမိတို့ ၂-ဦးစလုံးက မည်သည့်အဖွဲ့အစည်းကမှ မ ဟုတ်ကြောင်းပြောပြီး မိမိတို့
အမည်များကို မိတ် ဆက်ပေးပါသည်။

နန်းကြည်အေးက မိတ်ဆက်ရာမှာ ၀န်ကြီးဦးစိုးသိန်းက မြန်မာပြည် မည်သည့်အရပ် ကလဲလို့မေးရာ
မှာ နန်းကြည်အေးက ဒုက္ခသည်စခန်းမှာ မွေးဖွါးကြီးပြင်းခဲ့ကြောင်း ပြောပါသည်။ ထိုအခါ ဦးစိုးသိန်းမှ
မြန်မာပြည်ကို မရောက်ဘူးဘူးဆိုတော့ အခု မြန် မာပြည်လာကြည့်ဖို့နဲ့ လေယာဉ်လက်မှတ် စီစဉ်ပေး
မည့်အကြောင်းပြောပါသည်။

နန်းကြည်အေးမှ မိဘများက ပဲခူးတိုင်းကျောက်ကြီးမှ ဖြစ်ကြောင်း ပြောသောအခါ ဦး စိုးသိန်းမှေ
ကျာက်ကြီးမှာ အလွန်ငြိမ်းချမ်းသာယာနေပြီ ဖြစ်ကြောင်းပြောပါသည်။ မှတ်ပုံတင်များထုတ်ပေးခြင်းနှင့် ကျေးလက်ဖွံဖြိုး ရေးကိစ္စများဆောင်ရွက်ပေးနေပြီ ဖြစ်လို့ အလွန်အေးချမ်းနေပြီလို့ပြောပါ သည်။

နန်းကြည်အေးက မြေမြုပ်မိုင်းပြသနာ များရှိသေးကြောင်းပြောဆိုရာမှာ မည်သည့်ပြသနာမှ မရှိတော့ကြောင်း
ဆေးရုံတွေ ပင် လူနာမရှိလို့ သော့ခတ် ထားရကြောင်းဖြေပါသည်။

မြန်မာလိုပြောနေတာဖြစ်လို့ ဘေးက နော်ဝေးသံအမတ်က ဘာတွေ ပြောတာလဲ သိ ချင်ပါ
တယ်ပြောသဖြင့် နန်းကြည်အေးက နော်ဝေးလို ဘာသာ ပြန်ပေးပါသည်။ ဘာ သာပြန်ပေးနေစဉ်မှာ
ဦးစိုးသိန်းက အင်္ဂလိပ်လို ကြားဖြတ်ပြီး သူတို့ကပြည်ပမှာ နေ တယ်ဆိုတော့ မြန်မာပြည် ပြောင်းလဲ
နေတာကို မသိသေးလို့ ရှင်းပြနေတာဖြစ် ကြောင်းပြောပါသည်။

ဘေးမှ ဦးရဲထွဋ်ကလည်း မြန်မာပြည်တွင် မီဒီယာလွတ်လပ် ခွင့်အပါအ၀င်အပြောင်း
အလဲများစွာဖြစ်ပေါ်နေကြာင်း ၀င်ပြောပါသည်။ ဦးရဲထွဋ်က အဲဒီလို ပြောနေ စဉ်မှာ ဦးစိုးသိန်းက
မင်း-အသာနေ ငါပြောမယ်ဆိုပြီး ကြားဖြတ် ပြောကာ ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်း
လဲမူတွေကို ထပ်မံရှင်းပြပါ သည်။ အဲဒီအချိန်ကစပြီး မိမိတို့အားလုံး အင်္ဂလိပ်လိုပဲ ပြောဆိုကြပါသည်။

မိမိတို့ ၂-ဦးမှ ပြုပြင်ပြောင်းလဲမူတချို့ကို အသိအမှတ်ပြုကြောင်း သို့ရာတွင် ပြည်ပ မှာနေလို့ ဘာမှ
မသိဟု ပြောဆိုမူကို လက်မခံနိုင်ကြောင်း ပြောပါသည်။ ပြီးခဲ့သည့် ၂ နာရီခန့်ကပဲ ရဲတပ်ဖွဲ့တွေကနေ
သိမ်းပိုက်ခံ လယ် မြေပြန်လည်ရရှိဖို့ ဆန္ဒပြနေသော လယ်သမားတွေကို ပစ်ခတ်နှိမ်နှင်းနေ တယ်ဆို
တာပါ သိရှိနေသူတွေဖြစ်ကြောင်း ပြောပါသည်။

ထိုအခါ ဦးစိုးသိန်းနှင့်ဦးရဲထွဋ်တို့ မျက်စိမျက်နှာပျက်သွားပြီး ဦးရဲထွဋ် ကဘယ်မှာ ဖြစ်တာလဲ သေချာရဲ့
လား ဘယ်လိုသိလဲဆိုပြီး မေးမြန်းပါသည်။ ထို့အပြင် သံအ မတ်မှလည်း ဒီနေ့ဖြစ်တာလားဟု မျက်စိမျက်နှာ
ပျက်စွာ မေးပါသည်။ ကိုမြင့်အေးက အသင့်ယူဆောင်ခဲ့သော စာရွက်ကိုထုတ်ပြပြီး ဧရာဝတီတိုင်း မအူပင်မြို့နယ်
မလက် တိုကျေးရွာအုပ်စုမှာ ဒဏ်ရာရသူတွေကို အမည်နဲ့တကွ အတိအကျပြခဲ့ပါသည်။ နော် ဝေသံအမတ်
ကိုလည်း ခင်ဗျား စုစုနွေးကို သိတယ်မို့လား-သူ့ Facebook မှာ အ ခုကြည့်လိုက်ရင်တွေ့ပါလိမ့်မယ်လို့ပြော
လိုက်ပါသည်။

ဧရာဝတီတိုင်းကဖြစ်ရပ်ပြောအပြီးမှာ ဦးစိုးသိန်းနှင့် ဦးရဲထွဋ်တို့က အင်္ဂလိပ်လိုပြော ရာကနေ မြန်မာလို
ပြောင်းပြီးပြောပါသည်။ဆန္ဒပြပွဲအဓိက တောင်းဆိုချက်ကဘာ လဲလို့မေးပါသည်။ မိမိတို့မှ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပြင်ဆင်ရေး တိုင်းရင်း သားစုံညီနှင့်နိုင်ငံရေးပါတီများပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှာ
အဓိကအခြေခံကျ သော အပြောင်းအလဲဟုယူဆကြောင်း ပြောပါသည်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ
အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်ကြောင်း-တိုင်းရင်းသားအားလုံးလို လားသောဖက်ဒရယ်မူအား အာမခံချက်ပေးမထားကြောင်း-ပြည်တွင်းငြိမ်းချမ်းရေးကို ခိုင်မြဲအောင် တည်ဆောက်နိုင်မည်မဟုတ်ကြောင်း
ရှင်းပြပါသည်။ မိမိတို့မှ နော်ဝေး သံအမတ်အားသိစေလိုသဖြင့် မြန်မာလိုမေးသည်ကို အင်္ဂလိပ်လို ဖြေကြားခဲ့ပါ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မိမိတို့အစိုးရကလဲ လိုလားပါကြောင်း လက်ရှိ ဖွဲ့စည်းပုံအခြေခံ
ဥပဒေဟာ အကောင်အထည်ဖေါ်နေသည့် အစိုးရအတွက်ပင် အ ဟန့်အတားဖြစ်နေသည်များရှိကြောင်း-
ဥပမာအားဖြင့် လွတ်တော်မှတင်ပြလာသည့် ဥပဒေတခုအား သမ္မတက ၁၄-ရက်အတွင်း လက်မှတ်မထိုးက
အလိုအလျှောက်အ တည်ဖြစ်ကြောင်း-သမ္မတအာဏာမှာ အကန့်အသတ်များစွာရှိနေကြောင်း-အမကြီး
ဒေါ်အောင်ဆန်းစုကြည်ကို မိမိ တို့မှ ပြုပြင်လိုသည့် ဥပဒေများကို လွတ်တော်တွင် တင်သွင်းရန် အကြိမ်
ကြိမ်အကြံပြုခဲ့ကြောင်း-အခြေခံဥပဒေကိုပြင်နိုင်သည်မှာ လွတ် တော်သာ ဖြစ်ကြောင်းနဲ့ ဒေါ်စုတင်ပြသော
ဥပဒေပြင်ဆင်ချက်အဆိုများ ရူံးနိမ့်မည်ကို လည်း မိမိတို့ သိကြောင်း-သို့သော် တကြိမ်မက ၂ ကြိမ် ၃ ကြိမ်တင်ပြ က ပြည်သူများအတွင်း ဆွေးနွေးငြင်းခုံမူများ ဖြစ်ပေါ်လာပြီး ဥပဒေပြင်ဆင်ရေးကို ဟန့်တားနေသူများ မည်သူဖြစ်သည်ဆိုတာ ပေါ်လွင်သွားမည်ဟုယူဆ ကြောင်း-သို့ သော်ဒေါ်စုမှ ယခုအထိ တိတိကျကျ
ဥပဒေပြင်ဆင်ရေးကို မဆောင်ရွက်ကြောင်း ဦး စိုးသိန်းက ပြောပါသည်။

ထိုအခါ မိမိတို့မှ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်လို့ ဘာကြောင့် ဒေါ်စုကိုပဲပြောဆို နေတာလဲ- ဦးစိုးသိန်း
က ကြံ့ခိုင်ရေးပါတီက လက်ရှိ အများစုအနိုင်ရထားတာပဲ ဘာ ကြောင့်  ဦးစိုးသိန်းတို့က မတင်ပြတာလဲလို့
ပြန်မေးခဲ့ပါသည်။ ဦးစိုးသိန်းရော ဦးရဲ ထွဋ်က ယခုလက်တလောတွင် စစ်တပ်နှင့် ကြံ့ ခိုင်ရေးပါတီတို့က
ဖွဲ့စည်းပုံအခြေခံဥ ပဒေပြင်ဆင်ရေးကို အလိုမရှိကြောင်း ဖြေကြားပါသည်။

ဦးစိုးသိန်းကပဲ ဆန္ဒပြပွဲလုပ်လို့ ဘာထိရောက်မှာလဲ မြန်မာနိုင်ငံပြန်လာပြီး လက်တွဲ လုပ်မည်ဆိုက နေရာ
ပေးမည်ဟု ပြောပါသည်။ နန်းကြည် အေးက ဖိတ်ခေါ်သည်ကို ကျေးဇူးတင်ကြောင်း ပြန်လာဖြစ်မည်ဆိုပါက
နယ်စွန်နယ်ဖျားဒေသများတွင် လူ့အ ခွင့်အရေးသင် တန်းများပို့ချပေးလိုပါသည်။ ခွင့်ပြုနိုင်ပါသလားလို့
မေးမြန်းရာမှာ ဦး စိုးသိန်းက နောက်ကျနေပြီ ဖြစ်ကြောင်း အစိုးရအနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်
လုပ်ကိုင်ပြီးဖြစ်ကြောင်း-ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားဘာသာများဖြင့် ဘာသာပြန်
ဖြန့်ဝေပြီးဖြစ်ကြောင်း ပြောပါသည်။

ကိုမြင့်အေးက ယခုအခါ လယ်သမားများ သူတို့ပိုင်လယ်ယာမြေများကို ပုဂ္ဂလိက ကု မဏီကြီးများနှင့် စစ်တပ်မှ
သိမ်းဆည်းထားခဲ့ခြင်းကို ပြန်လည် ရယူလိုမူအတွက် ဆန္ဒ ပြတောင်းဆိုနေကြောင်း-အလွန်အရုပ်ဆိုး ၀မ်းနဲဖွယ်
ရာကောင်းကြောင်း-လယ်သ မား လယ်သိမ်းခံရခြင်းမှာ ထမင်းအိုးရိုက်ခွဲခံရ တာနှင့်အတူတူဖြစ်ကြောင်း-မိမိကိုယ် တိုင်လယ်သမားသားသမီးဖြစ်လို့ ကိုယ် ချင်းစာမိကြောင်းနဲ့ အစိုးရက မည်သို့ဆောင် ရွက် ပေးမည်ဆိုတာ
သိလိုကြောင်း မေးပါသည်။

ဦးရဲထွဋ်မှ သူတို့အစိုးရလက်ထက်မှာ လယ်သိမ်းတာမရှိပဲ အရင်အစိုးရ လက်ထက် က သိမ်းခဲ့တာတွေရဲ့ 
အကျိုးဆက်ဟု ပြောပါသည်။ ဦးစိုးသိန်းက လယ်သိမ်းကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်နေသည်
ဟု ၀င်ပြောပါ သည်။ လယ်သမားအရေး ဆောင်ရွက်နေသည့် ကိုနေမျိုးဝေ ကိုပိုးဖြူတို့နှင့် အတူလက်တွဲဆောင်
ရွက်နေသည် ဟုလည်းပြောပါသည်။ ဇေကမ္ဘာ ဦးခင်ရွေကိုပါ ထောင်ချရန် ဆောင်ရွက်နေကြောင်း လည်း ပြောပါသည်။

ကိုမြင့်အေးက အန်ကယ်လ်ကိုယ်တိုင်လည်း ဒုဗိုလ်ချူပ်ကြီးဘ၀က လာတာမဟုတ် လားဟု မေးရာမှာ
ဦးစိုးသိန်းက သူဟာ ပြည်သူရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်နေပြီလို့ ဖြေပါတယ်။ အမေရိကန်မှာလည်း
ဗိုလ် ချူပ်ကြီး အိုက်စင်ဟောင်ဝါ တောင် သမ္မတဖြစ်ခဲ့တာပဲမို့လားလို့ ပြန်မေးခဲ့ပါသည်။

ကိုမြင့်အေးက အိုက်စင် ဟောင်ဝါမှာ လူထုရွေးကောက်သော သမ္မ တဖြစ်ပြီး မြန်မာပြည်က၂၀၁၀ရွေး
ကောက်ပွဲဟာ ရိုးသားမူမရှိခဲ့ကြောင်း အမေရိကန်နှင့် မတူညီကြောင်းပြန်ပြောခဲ့ပါ သည်။

နန်းကြည်အေးက အစိုးရအနေနှင့် ဆင်းရဲသားလူများစုဖက်က ရပ်တည်ဆောင်ရွက် ပေးစေလိုကြောင်း
ပြောဆိုရာ ဦးစိုးသိန်းက သူဟာ ပြည် သူကြားမှာအိပ် ပြည်သူ ကြားမှာပဲစားကြောင်း ရှင်းပြပါသည်။

နန်းကြည်အေးကပဲ တိုင်းရင်သားလက်နက်ကိုင်အင်အားစုများ နိုင်ငံ ရေးပါတီများ ဒီမိုကရေစီအင်အားစုများနှင့်
အတူတကွတွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးတည်ဆောက်နိုင်ရေးအခြေအနေကို
သိလို ကြောင်းနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေး အရေးကြီးကြောင်းပြောနေစဉ်မှာ ဦးစိုးသိန်းက
သူတို့အားလုံးနား လည်ကြောင်းနှင့် တိုင်းရင်းသားအ ရေးနဲ့ပတ်သက်ပြီး တန်းတူညီမျှရေး-အာဏာခွဲ
ဝေအုပ်ချူပ်ရေး- သယံဇာတခွဲဝေပိုင်ဆိုင်ရေးတွေကို အခြေခံပြီးဆောင်ရွက်နေ ကြာင်းနှင့် ကချင်ကို
စောင့် နေရလို့ ကြန့်ကြာနေကြောင်း ရှင်းပြပါသည်။

နန်းကြည်အေးကပဲဆက်ပြီး သယံဇာတတွေကို နိုင်ငံသားတွေပဲသုံးစွဲဖို့လိုလား ကြောင်း ထပ်မံပြောပါသည်။
ဦးစိုးသိန်းကပဲ ပြည်ပရင်းနှီးမြုပ်နှံ မူများရရှိဖို့ ကြိုးပမ်း နေကြောင်း အစိုးရအနေဖြင့် ပြည်ပကုမဏီများမှ
အစုရှယ်ယာ ၈၀ ရာခိုင်နုံးအထိ ပိုင်ဆိုင်ခွင့်ပေးရန် တင်ပြထားသော်လည်း လွတ်တော်မှပယ်ဖျက်ခဲ့ကြောင်း
-ထို ကြောင့် အစိုးရကိုယ်တိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ကိုရင်ဆိုင်နေရ သည်ဟု
ထပ်မံပြောလို ကြောင်း ပြောပါသည်။ လွတ်တော်တွင် လယ်သမားများ လယ်ယာမြေပြန် လည်ပိုင်
ဆိုင်ရေးအတွက် ဥပဒေ နည်းဥပဒေများချမှတ်ဖို့ကြိုးစား ခဲ့ပေမဲ့ လွတ်တော်က သဘောမတူခဲ့ကြောင်း
ဦးစိုးသိန်းက ဆက်ပြောပါသည်။

 

အ ကျဉ်းချူပ်ကော က်နုတ်ချက်

တွေ့ဆုံပွဲတွင် မိမိတို့ဖက်မှဆွေးနွေးချက်များမှာ ဆန္ဒပြခေါင်းဆောင်များ ယေဘူယျ သဘောတူထားချက်
များကို ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်ပါ သည်။ ထိုအချက်များကို တင်ပြရာတွင် ဦးစိုးသိန်းမှ ကြားဖြတ်ပြော
ဆိုမူများ မကြာခဏလုပ်ပြီး တဖက်က ပြောတာကို နားထောင်လိုသည့် ဆန္ဒမရှိပဲ သူပြောတာကိုပဲ
နားထောင်စေလို  သည့်ပုံရှိတာ တွေ့ရပါသည်။

ဦးစိုးသိန်းနဲ့အတူ ရှိနေသော ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်များကို ၀င်ရောက် ဆွေးနွေးလိုတဲ့ပုံမြင်ရပေမဲ့
ဦးစိုးသိန်းရဲ့  ဟန့်တားမူနောက်ပိုင်း ၀င်ရောက်ဆွေးနွေး တာတွေသိပ်မလုပ်ခဲ့တာ တွေ့ရပါသည်။

နော်ဝေးသံအမတ်ကလည်း အစပိုင်းမှာ ဦးသိန်းစိန်အစိုးရဖက်မှ သဘောတူဆွေး နွေးခဲ့သော်လည်း
ဧရာဝတီတိုင်း ပစ်ခတ်မူတွေ သိပြီးနောက်မှာ လုံး၀၀င်မပြော တော့ပဲ ဆွေးနွေးပွဲမပြီးခင် အခန်းထဲက
ထွက်ခွါသွားခဲ့ ပါသည်။

ဆွေးနွေးပွဲမှာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပါသည်။ ဦးစိုးသိန်းမှ ဆက်လက်ပြောဆိုလိုတဲ့ ဆန္ဒရှိနေပေမဲ့
ဟော်တည်အပြင်တွင်စောင့်နေရသော မိမိတို့ ရဲဘော်များအား ချက် ချင်း ပြန်လည်ရှင်းပြရန်တာဝန်ရှိသဖြင့်
ဆွေးနွေးပွဲကို ရပ်နားခဲ့ပါသည်။ဆွေးနွေးပွဲတွင်ပြောခဲ့သည်များကို ဟော်တည်အပြင်တွင် စောင့်ဆိုင်းနေသည့် ဆန္ဒ ပြရဲဘော်လုပ်ဖေါ်ကိုင်ဖက်များအားလုံးကို အကျဉ်းချူပ် ရှင်းပြ ခဲ့ပြီးဖြစ်ပါသည်။

မိမိ တို့အနေဖြင့် ဆွေးနွေးပွဲအကြောင်းအရာများကို အများပြည်သူ သိ သင့်သည်ဟု ယူဆမိသောကြောင့်
ယခု-ဆွေးနွေးပွဲမှတ်တမ်းကို ထုတ်ပြန်အသိပေးခြင်းဖြစ်ပါ သည်

About these ads
2 Comments Post a comment
  1. myanmar #

    There is three group of politician in Myanmar ;

    ( 1 ) Elected Government
    ( 2 ) Opposition Party
    ( 3 ) ဘယ်သူတက်တက် ဆန္ဒပြမယ်.အဖွဲ.

    March 7, 2013
  2. မိုးကောင်းကင် #

    လက်ရှိအာဏာရအစိုးရက….ဖွတ်တွေလား…နွားတွေလားး..သိသိကြီးနဲ့ မပြင်တာ.အခြေခံဥပဒေကို။

    March 5, 2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: