Skip to content

ဦးသိန်းစိန် ကို တရားစွဲ တာ ဆားလင်းကြီး တရားရုံးလက်ခံ

20130216.222344_myanmar

လို၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် (တန်ဆောင်းမုန်း လ ပြည့် နေ့  ည) တွင်
လက်ပံတန်းတောင် သပိတ် စခန်း ကို မီးလောင်ဗုံး တွေ သုံး ပြီး အကြမ်းဖက် ဖြို ခွဲ ခဲ့ မှု
နဲ့  ပတ်သက် ပြီး သမ္မတ ဦးသိန်းစိန် ကို အဓိက တရားခံ အဖြစ် ဆားလင်းကြီး တရား ရုံး
မှာ တရား စွဲဆိုထား ပါတယ်။

ဆားလင်းကြီး တရားရုံး က လည်း ထူးခြား ဖြစ်စဉ် အမှု ဆို ပြီး တရား စွဲ တာ ကို လက်ခံ ခဲ့
ပါတယ်။ ဦးသိန်းစိန် ကို တရား စွဲ မှု မှာ ဆည်တဲ ရွာသူ မ၀င်းဝင်းဌေး က တရား လို လုပ် ပြီး
တရား စွဲ ခဲ့ တာ ဖြစ်တယ် လို့  အဲဒီဒေသ ကို ရောက် ရှိ နေတဲ့ သဘာဝ ပတ်ဝန်းကျင်  လှုပ်
ရှား တက်ကြွ သူ တစ်ဦး က FNG ကို ပြောပါတယ်။

မ၀င်းဝင်းဌေး နဲ့  အတူ အခြား မီးလောင်ဗုံး နဲ့  ဖြိုခွဲ မှု မှာ ကြုံ တွေ့ ခဲ့ ရတဲ့ အခြား ရွာသား ငါးဦး
က တရား လို လုပ် တရား စွဲ ထား တဲ့ အမှု ကို တရား ရုံး က နောက် အပတ် သောကြာ နေ့  မှာ
အကြောင်း ပြန် မယ် လို့  ဆို ပါတယ်။

ဦးပိုင် နဲ့  မြန်မာ ၀မ်ပေါင် ကုမ္ပဏီ က တည်ဆောက်နေ တဲ့ ကြေးနီမိုင်း ကို ဖျက်သိမ်းဖို့  ဒေသခံ
တွေ က ဆန္ဒ ပြ တောင်း ဆိုတာ ကို မြန်မာ အစိုးရ က ရက်ရက် စက်စက် နှိမ်နှင်း ခဲ့ တာ သုံးလ
ပြည့် မြောက် ပေမယ့် လည်း ဒီအရေး ကိစ္စ နဲ့  ပတ်သက် ပြီး မြန်မာ အစိုးရ ရဲ့  ထိရောက် တဲ့ အရေး
ယူမှု တစ်စုံ တစ်ရာ ပြုလုပ်ခြင်း မရှိ သေးပါဘူး။

ဆားလင်းကြီး ဒေသခံ တွေ က တော့ မီးလောင်ဗုံး ပစ်ခတ် တိုက်ခိုက် မှု ကို အရေးယူတာ မလုပ်
ဘူး ၊ ကြေးနီမိုင်း ကို လည်း မဖျက် သိမ်း ဘူး ဆိုရင် ဆန္ဒပြတာ တွေ ဆက် လက် လုပ်ဆောင်မယ်
လို့  ဆို ပါတယ်။

About these ads
5 Comments Post a comment
  1. B.LAMINLAY@GMAIL.COM #

    အပြစ်ရှိမှသာလျှင် ပြစ်မူကို အရေးယူလိုရပါတယ် ပြစ်မူဆိုတာ နှစ်ခုထဲပါ တားမြစ်ချက်နဲ/တိုက်တွန်းချက်ပါဘဲ တားမြစ်ချက်ကို လုပ်ရင်လဲ အပြစ်ဖြစ်ပါတယ်/တားမြစ်ချက်ကိုလုပ်ရင်လဲ ပြစ်မူကျူးလွန်တာပါဘဲ အရာတစ်ခုကို လုပ်ရင်တော့ ဆိုးကျိုး ကောင်းကျိုးရှိမှာပါဘဲ………..
    သေချာဖတ်ပြီ သေချာစဉ်စားပါ……..

    March 13, 2013
  2. kitiniti #

    ဥပဒေ ဆိုတာ လူတွေက ရေးလို့ အချိန်အခါ မရွေး အမှားအယွင်း ရှိနိုင်တယ် ။

    ကွန်ပျူတာ စကားနဲ့ ပြောမယ်ဆိုရင် version အသစ်တွေလည်း ထွက်လာ လိမ့်မယ် ။

    သမ္မတ ဆိုတာလည်း လူပဲလေ … လူဆိုတာ အမှားမကင်းကြဘူး မဟုတ်လား ။

    March 8, 2013
  3. Long Long ago! We had to hear the just king’s sentence that the king decided to death sentence his son on killing of a small ox of a cow because of doing of her son’s killing case but we think that it’s a tale because Courts,Prisons,Armies,polices,rules & laws were the oppressive instruments of Kings & Governments on peoples!

    March 6, 2013
  4. မောင်ဘ #

    တနည်းအားဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအလေ့အထ အပြည့်အ၀ထွန်းကားပြီး ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူး.. သမ္မတကိုတောင် တရားစွဲလို့ရတယ်ဆိုပြီး ကမ္ဘာ့အလယ်မှာ နာမည်ကောင်းရအောင် တဖက်လှည့်နဲ့ တွန်းအားပေးသလားလို့တောင် စဉ်းစားမိတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအလေ့အထ မထွန်းကားသေးခင် အဖိနှိပ်ခံဘ၀နဲ့ ခေါက်ရိုးကျိုး ကျင့်သားရနေတဲ့ လူအများစုအတွက်တော့ အထူးအဆန်းတစ်ခုလို အပြစ်တစ်ခုလို မြင်နေကြပေမယ့် တစ်ဖက်ကကြည့်ရင် ကောင်းတယ်လို့ပဲ မြင်မိတယ်။ ဒါဟာ သမ္မတဦးသိန်းစိန်အတွက် သိက္ခာကျစရာ မဟုတ်တဲ့အပြင် ဒီဟာကို ကောင်းတဲ့ဖက်က လှည့်ပြီးအသုံးချတတ်ရင် ဦးသိန်းစိန်အတွက် နိုင်ငံရေးအမြတ်တောင်ထွက်မယ့် အရာပါ။

    March 5, 2013
  5. ပုံမှန်

    March 5, 2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 527 other followers

%d bloggers like this: