Skip to content

ဗင်နီးဇွဲလား သမ္မတ ဟူဂိုချာဗက်(ဇ) ကင်ဆာ ကြောင့် ကွယ်လွန်

130104055435-10-hugo-chavez-gallery-horizontal-gallery

အသက် ၅၈ နှစ် အရွယ် ရှိ ဗင်နီဇွဲလား သမ္မတ နှစ် နှစ် ကျော်ကြာ  ခံစားခဲ့ရ သည့် ကင်
ဆာရောဂါ ကြောင့် ယနေ့  အသက် ၅၈ နှစ် အရွယ် တွင် ကွယ်လွန်သည်။

ဟူဂိုချာဗက်(ဇ) သေဆုံးကြောင်း ကို ဗင်နီဇွဲလား ဒုတိယ သမ္မတ က သတင်း ထုတ်ပြန်သည်။
၁၄ နှစ်ကြာ သမ္မတ အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့် ဟူဂို ချာဗက်(ဇ) သည် ပြီးခဲ့သည့်
နှစ် ရွေးကောက်ပွဲ တွင်ထပ်မံ ရွေးချယ် ခံရသည်။

ဟူဂို ချာဗက်(ဇ) သည် ဗင်နီဇွဲလား နိုင်ငံ ၏ ဆိုရှယ်လစ် တော်လှန်ရေး ကို ဦးဆောင်သူ အဖြစ်
၎င်း ကိုယ်သူ ခံယူကာ လက်တင် အမေရိက နိုင်ငံ များ အမေရိကန် လောင်း ရိပ် အောက်မှ
လွတ်မြောက် ရေး ကို ဆော်သြ လှုပ်ရှား မှု များ ပြု ခဲ့သည်။

၁၉၉၈ ခုနှစ် ရွေးကောက် ပွဲ မှာ အနိုင်မရ ရှိသေး ခင် ၁၉၉၂ ခုနှစ် တွင် ခြေလျှင် တပ်များ
၏ စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူ ထား ချိန် ဉ် ချာဗက်(ဇ) ဦးဆောင် ပြီး အာဏာ သိမ်းရန် ကြိုးပမ်း ခဲ့
သော် လည်း အောင်မြင်မှု မရရှိခဲ့ ချေ ။

ရေနံ မှ ရရှိသည့် ငွေများ ဖြင့် ဟူဂိုချာဗက်(ဇ)သည် ဗင်နီဇွဲလား ပြည်သူများ ကို အစားအသောက် များ
ကူညီ ထောက်ပံ့ခြင်း ၊ အခမဲ့ ပညာရေး ၊ အခမဲ့ ကျန်းမာရေး နှင့် မြို့  တွင်း အခမဲ့ သွားလာ နိုင်ရေး ကို
ပါစီစဉ် ပေးခဲ့သည်။

ထို့  နောက် ကင်ဆာ ရောဂါကြောင့် လ အတန် ကြာ ကျုးဘား နိုင်ငံတွင် ဆေးကုသ မှု ခံယူ ပြီး နောက် လူမြင် ကွင်း
တွင် တစ်ခါ ပြန်တွေ့ ရသည်။

ပြီး ခဲ့ တဲ့ နှစ် လာက် က စပြီး အမေရိကန် သမ္မတ အိုဘားမား ကို ထောက်ခံ သူ တစ်ယောက်
အဖြစ် အသွင် ပြောင်း သွား ခဲ့ ပြီး ပြု ပြင် ပြောင်းလဲ ရေး ၀ါဒီ တစ်ဦး လို ပုံစံ ဖမ်းထား တဲ့ ရှာဗက် ဟာ
၁၉၉၉ ခုနှစ် ကတည်း က နိုင်ငံ ကို အုပ် ချုပ် ခဲ့ သူ ဖြစ်သည်။

သေဆုံးသွာ သည့် ဗင်နီဇွဲလား သမ္မတ ဟူဂိုချာဗက်(ဇ) ၏  အသုဘ အခမ်းအနားကို သော
ကြာနေ့ တွင် နိုင်ငံတော် ဈာပန အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ဗင်နီးဇွဲလား နိုင်ငံခြားရေး
ဝန်ကြီး က  ပြောသည်။

ဒုတိယ သမ္မတ က နီကိုလပ်(စ) မာဒူအို က ကြားဖြတ် သမ္မတ အဖြစ် ခေတ္တ တာဝန်ထမ်းဆောင်
မှု ပြု ပြီး ရွေးကောက် ပွဲ ကို ရက်ပေါင်း ၃၀ အတွင်း ကျင်းပမည် ဖြစ်သည်။

ဗင်နီးဇွဲလား နိုင်ငံ မြို့  တော် ကာရာကတ်(စ) ရဲ့  ကာရာကတ်(စ) ရင် ပြင် မှာ ချာဗက်(ဇ) ကို
ထောက်ခံ သူ တွေ စုရုံး ခဲ့ ကြ ပြီး ၊ ပိုစတာများ ဝှေ့ ယမ်းခဲ့ကြသည်။

ဟူဂိုချာ ဗက်(ဇ) ရဲ့  ရုပ် အလောင်း အား  ဗင်နီဇွဲလား စစ် တက္ကသိုလ် မှာ ၃ ရက် ထား ရှိ မည်ဖြစ်
သည်။

ဟူဂိုချာ ဗက်(ဇ) မသေဆုံးခင် မှာ ပဲ ဗင်နီ ဇွဲလား အစိုးရ က အမေရိကန် သံတမန် နှစ်ဦး ကို နိုင်ငံ
ကို မငြိမ် မသက် ဖြစ်အောင် ပြု လုပ်သည် ဟူ သော စွပ် ဆွဲ ချက် နှင့် နိုင်ငံ တွင်း မှ နှင် ထုတ် ခဲ့
သည်။

ချာဗက်(ဇ) သေဆုံး မှု ကြောင့် နိုင်ငံ တွင်း မှာ စည်းလုံး ညီညွတ်မှု မပြို ကွဲ ရန် နှင့် တည်တည်ငြိမ်
ငြိမ် ရှိ ကြရန် ဒုတိယ သမ္မတ က ပြည်သူ တစ်ရပ် လုံး ကို ပန်ကြား ခဲ့သည်။

ဘိုလီဗီးယား သမ္မတ နှင့် အီကွေဒေါ သမ္မတ က ဟူဂိုချာ ဗက်(ဇ) သည် ဗင်နီဇွဲ လား ပြည်သူ များ
ကို လွတ်မြောက် စေ ပြီး လက်တင် အမေရိကန်  နိုင်ငံ များ ကို လည်း ခောတ် သစ် နယ် ချဲ့  စနစ်
မှ ကာကွယ်ပေး ခဲ့သည် ဟု ပြောကြားသည်။

၂၀၁၂ ခုနှစ် အတွင်း က သရုပ်ဆောင် ရှောင်ပန်း နှင့် အတူ တွေ့ ရသည့် ဟူဂိုချာဗက်(ဇ)

၂၀၁၂ ခုနှစ် အတွင်း က သရုပ်ဆောင် ရှောင်ပန်း နှင့် အတူ တွေ့ ရသည့် ဟူဂိုချာဗက်(ဇ)

About these ads
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: