Skip to content

Cisco သင်တန်းကျောင်း နှစ်ခု မြန်မာ ပြည်မှာ ဖွင့်မယ်

8062273.bin

ကွန်ယက် ချိတ်ဆက်မှု နည်းပညာ စီမံ ခန့် ခွဲမှု တွေ ကို ကမ္ဘာ နဲ့  တ၀ှမ်း ၀န်
ဆောင်မှု ပေး နေတဲ့ ကုမ္ပဏီ ဖြစ်တဲ့ အမေရိကန် အခြေစိုက် Cisco နည်းပညာ
စနစ် ကုမ္ပဏီ က မြန်မာ နိုင်ငံ မှာ သူတို့  ရဲ့  နည်းပညာ သင်တန်း ကျောင်း နှစ် ခု
ကို ဖွင့်လှစ်ဖို့  စီစဉ်ထားတယ် လို့  Cisco ရဲ့  အင်တာနက် ၀ဘ်ဆိုတ် မှာ ဖော်ပြထားပါတယ်။

Cisco ရဲ့ တာဝန်ရှိသူတွေ ဟာ ပြီးခဲ့ တဲ့ သတင်း ပတ်က က USIAD အဖွဲ့ နဲ့ 
အတူ မြန်မာ နိုင်ငံ ကို လာရောက် လေ့လာ ပြီး နောက် အခု လို သင်တန်းကျောင်း နှစ်ခု
ကို ဖွင့်လှစ် ဖို့ ဆုံး ဖြတ် လိုက်တာ ဖြစ်ပါတယ်။

Cisco ရဲ့  ခရီးစဉ် မှာ အမေရိကန် နည်းပညာ နဲ့ ကွန်ပျုတာ ကုမ္ပဏီ ကြီးတွေ
ဖြစ်တဲ့ HPGoogle နဲ့  မိုက်ခရိုဆော်ဖ်တို့  လိုက်ပါ ခဲ့ ကြ ပြီး သူတို့  ကတော့ ဘာလုပ် မယ်
လို့  တိတိကျကျ သတင်း ထုတ် ပြန်ခြင်း မရှိသေး ပါဘူး။

သတင်း နည်းပညာ မှာ ခောတ်နောက် ကျ ကျန်ခဲ့တဲ့ မြန်မာ နိုင်ငံ ကို USAID အကူအညီ
နဲ့  ပညာရေး ၊ ကျန်းမာရေး နဲ့  နည်းပညာ တိုးတက် ဖွံ့ ဖြိုးအောင် လုပ် ပေး ဖို့  စီစဉ်ထား
ပါတယ် လို့  အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တွေ ကို ဦးဆောင် လာတဲ့ USAID အဖွဲ့ 
က ရာဂျစ် ရှား က AP သတင်း ဌာန ကို ပြောပါတယ်။

USAID နဲ့  လိုက်ပါ လာတဲ့ ဖို့ ဒ် မော်တော်ကား ကုမ္ပဏီ ကလည်း မေလဆန်း လောက် မှာ
မြန်မာ နိုင်ငံ ရန်ကုန် မြို့  မှာ သူတို့  ရဲ့  မော်တော် ကား အရောင်း ပြခန်း ကို ဖွင့်လှစ် မယ်
လို့  ဆို ပါတယ်။

Cisco ဟာနည်းပညာ ကွန်ယက် ချိတ်ဆက်မှု မှာ လူသိများထင်ရှား တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

About these ads
Follow

Get every new post delivered to your Inbox.

Join 590 other followers

%d bloggers like this: