Skip to content

ဘင်လာဒင် ရဲ့  သမက် နဲ့  အယ်(လ)ကာယီးဒါး ပြောရေးဆိုခွင့် ရှိသူ ကို ဖမ်းဆီး ရမိ

Sulaiman abu Ghaith

အိုစမာဘင် လာဒင် ရဲ့  သမက် လည်း ဖြစ် တစ်ချိန် က အယ်(လ)ကာယီးဒါး အကြမ်းဖက်
ကွန်ယက် ရဲ့  ပြော ခွင့် ရ ပုဂ္ဂိုလ် ဖြစ်သူ ဆူလေမန် အဘူဂိတ် ကို ဂျော်ဒန် နိုင်ငံ မှာ ဖမ်းဆီး
ရမိ ပြီး အမေရိကန် နိုင်ငံတွင်း ကို ရောက်ရှိ နေပြီ ဖြစ်တဲ့ သူ့ ကို   သောကြာ နေ့ မှာ
တရား စွဲ ဆို မှု တွေ ပြုတော့ မှာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် က စက်တင်ဘာ ၁၁ တိုက်ခိုက်မှု အပြီး အယ်(လ)ကာယီးဒါး အဖွဲ့  ရဲ့  ၀ါဒ ဖြန့် 
ချိရေး ဗီဒီယို တွေ့  မှ မကြာခဏ တွေ့ ရတဲ့ ဆူလေမန် အဘူဂိတ် ဟာ  အီရန် နိုင်ငံ ထဲ မှာ
နှစ် အတန်ကြာ ခိုလှုံနေ ပြီး အဲဒီက နေ ပြီးခဲ့တဲ့ နှစ်က စပြီး တူရကီ နိုင်ငံ ထဲ ကို ရောက်ရှိ
သွားတာ ဖြစ်ပါတယ်။

အမေရိကန် ရဲ့  ပန်ကြားမှု  နဲ့  ပထမ တစ်ခါ မှာ အန်ကာရာ မြို့  က ဟိုတယ် မှာ တည်း
နေတဲ့ အဘူဂိတ် ကို ဖမ်းဆီး ရမိခဲ့ ပေမယ့် သူ ဟာ နိုင်ငံ တွင်း မှာ ပြစ်မှု ကျုးလွန်တာ
မျိုး မရှိ ဘူး ဆို ပြီး တူရကီ အာဏာပိုင် တွေ က ပြန်လွှတ် ခဲ့ ပါတယ်။

ဆူလေမန် အဘူဂိတ် ကို စီအိုအေ ရဲ့  သတင်း အတိအကျ နဲ့  ဂျော်ဒန် မှာ ဖမ်းဆီးရမိတာ
ဖြစ်ပြီး  အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ  တရားဥပဒေ က နေ လွတ် အောင် ကမ္ဘာ
ကြီး ရဲ့  ဘယ်ထောင့် မှာ မှ ပုန်းနေ လို့  မရဘူး လို့  အဘူဂိတ် ကို ဖမ်းမိတာ နဲ့  ပတ်သက် ပြီး
သတင်းစာ ရှင်း လင်း ပွဲ မှာ ပြောခဲ့ ပါတယ်။

အသက် ၄၇ နှစ် အရွယ်ရှိ ကူဝိတ် နိုင်ငံ သား ဆူလေမန် အဘူဂိတ် အသက် ၂၀ ကျော် အရွယ်ကတည်းက
၁၉၉၁ ခုနှစ် အမေရိကန်
တပ်ဖွဲ့  တွေ ကူဝိတ် ကို ၀င်ရောက်တဲ့ အခါ က ထောက်ခံ သူ ဖြစ်ခဲ့ပြီး
ကူဝိတ်ကို သိမ်းပိုက် ထား
တဲ့ ဆက်ဒမ် ဟူစိန် အစိုးရ ကို ဝေဖန် ခဲ့တာ ကြောင့် နိုင်ငံ တွင်းမှာ လူကြိုက်များ
ထင်ရှား ခဲ့သူ
ဖြစ်လာခဲ့ ပါတယ်။

နောက်တော့ ကူဝိတ် အစိုး ရ ကို ဝေဖန် သူ ဖြစ်လာခဲ့ ပြီး ကူဝိတ် စော်ဘွား တွေ က လည်းသူ့  ကို
နှိပ်ကွပ် ခဲ့ ပါတယ်။ ၂၀၀၀ ခုနှစ် မှာ အာဖဂန် နစ္စတန် နိုင်ငံ ကို ရောက်ရှိ ပြီး အိုစမာဘင်လာဒင်
နဲ့  တွေ့ ဆုံ ခဲ့ ပြီး နောက် ကမ္ဘာ့ အကြမ်းဖက် ဇာတ် ခုံ မှာ ထင်ရှား လာခဲ့ ပါတယ်။

အကြမ်းဖက် ကွန်ယက် လေ့လာမှု ကျွမ်းကျင် သူ တွေ က ဗလီ ဆရာ အဖြစ် အသက်မွေးဝမ်း
ကျောင်း ပြုခဲ့ ဖူးတဲ့ အဘူဂိတ် ဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ကြောင့် အမေရိကန် တို့  အထိ
နာ သွားတာ ဟာ မွတ်ဆလင် ကမ္ဘာ အတွက် ဂုဏ်ယူစရာ ဖြစ်အောင် အထိ ကျွမ်းကျင်တဲ့
ဝါဒ ဖြန့် ချိမှု ကို ထိထိရောက် ရောက် လုပ် ခဲ့ တယ် လို့  ဆိုပါတယ်။

ကူဝိတ် နိုင်ငံသား အဖြစ် ကနေ လဲ ရပ်စဲ ခံထားရတဲ့ အဘူဂိတ် ကို ပြီးခဲ့ တဲ့ ရက် အနည်း ငယ် အတွင်း
ဂျော်ဒန် မှာ ဖမ်းဆီးရ မိ ပြီး သူ့ ကို အမေရိကန် အစိုးရ က စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်
ခိုက်မှု နဲ့  နောက်ထပ် တိုက်ခိုက် မှု တွေ ပြု လုပ် ဖို့ ဆော်သြလှုံဆော်မှု တွေ နဲ့  တရား စွဲ ဆို မှာ ဖြစ်ပါတယ်။

Binladen Son in Law, Sulaiman Abu Ghaith

About these ads
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 531 other followers

%d bloggers like this: