Skip to content

ပုပ် ရဟန်းမင်းကြီး ရွေးချယ်ပွဲ စပြီ

130311173203-02-conclave-monday-horizontal-gallery

၁.၂ ဘီလျှံ ရှိသော ကတ်သလစ် ဘာသာဝင်များ ၏ ဘာသာရေး ဆိုင်ရာ အကြီးအကဲ
ဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ရွေးချယ် ပွဲ ကို ယနေ့  ဗာတီကန် ရှိ စိန်ပီတာ ရင်ပြင်ရှိ
ဆဆ်တင်း ဘုရားကျောင်း တွင် ကျင်း ပမည် ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်း မှ ကတ်သိုလစ် ဘုန်းတော်ကြီး ၁၁၅ ဦး က ၂၆၆ ဦးမြောက် ပုပ်ရဟန်း
မင်းကြီး  ကို လှို့ ဝှက် မဲ ဖြင့် ရွေးချယ်မှုယနေ့  စတင်သည်။

၂၆၅ ဦးမြောက် ဗာတီကန် သာသာနာ ပိုင် ပုပ်ရဟန်း မင်း ကြီး ဘင်နီဒစ် ၁၆ သည်
Bishop of Rome အဖြစ် နှင့် ရိုမန်ကတ်သလစ် ရဟန်းမင်း ကြီး အဖြစ် ၎င်း တာ ၀န်
ထမ်းဆောင် နေရာ ဗာတီကန် ရှိ ပေပါစီ ဟု ခေါ်သည့် ရဟန်းမင်းကြီး ရုံး မှ မတ်လ ဆန်း
က ထွက် ခွာ သွား ပြီးနောက် ပုပ်ရဟန်းမင်းကြီး သစ် ရွေးချယမှု ကို ၅ရက်ကြာ
အစည်းအဝေး ပြု လုပ် ပြီး ပုပ်ရဟန်းမင်းကြီး ရွေးချယ် မှု ကို ကျင်းပ ခဲ့ ခြင်း ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး အရိုက်အရာ ကို ဆက်ခံ မည့်  သာသနာပိုင် များထဲတွင်
ဂါနာ နိုင်ငံ က ဓမ္မဆရာ ပီတာ တပ်ကာ လည်း ပါဝင်သည် ။ ဘုန်းတော်
ကြီး ပီတာ အား ရွေးချယ် မည် ဆိုပါက  အာဖရိက တိုက်ဖွား တစ်ဦး က ပထမ
ဦးဆုံး ကာသိုလစ် ခရစ်ယာန် သာ သနာ ပိုင် ဖြစ်လာ မည်ဖြစ်သည်။

တောင်အမေရိက တိုက် မှ သာသနာ ပိုင်များ နှင့် အာရှတိုက် မှ သာသာနာ
ပိုင်များ လည်း ပုပ်ရဟန်းမင်းကြီး ဖြစ်ရန် ရေ ပန်းစားနေသည်။

ပထမ ဦးဆုံး ပုပ်ရဟန်း မင်းကြီး မှာ AD 33 တွင် စတင် ခဲ့ပြီး ယေရှု ခရစ်၏
နှုတ်ကမြွက် တော် များ ကို လှည့် လည် ဟောကြားသည့် တမန် တော် စိန့် ပီတာ ဖြစ်သည်။

၂၆၆ ဦးမြောက် ပုပ် ရဟန်း မင်းကြီး အတွက် မည်သူ ဆက်ခံ မည်ကို မဆုံး
ဖြတ် ရသေးသော် လည်း ၎င်း တို့  ၏ အတွင်းစည်း တွင် လူကြိုက်များသည့်
မီလန် သာသနာ ပိုင် ဘုန်းတော်ကြီး အန်ဂျလို စကိုလာ ဖြစ်သည်။

အလယ်ခောတ် က ပုပ် ရဟန်း မင်းကြီးများ သည့် ခရုးဆိတ် ဟု ခေါ်
သည့် ဘာသာ ရေး စစ်ပွဲ များ တွင် ပါဝင် ဦးဆောင် ခဲ့ ကြပြီး Pope Urban II (၁၀၉၉)
သည် ပထမ ဦးဆုံး ခရုးဆိတ် စစ်ပွဲ ကို စတင် ကြွေး ကျော်ခဲ့သည်။

( မြန်မာ နိုင်ငံတွင် အစောဦးဆုံး နှင့် အထင်ရှား ဆုံး ဘုရင်ဂျီ သာသနာ (ရိုမန် ကတ်သလစ်)
ကို ပြောင်းလဲသူမှာ တောင်ငူ ဘုရင် နှင့် ရတု စာ ဆိုနတ်သျှင်နောင် ဖြစ်သည်။ မြန်မာ နိုင်ငံ
သို့  လာရောက် လည်ပတ် ခဲ့ သည့် တောင် အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူး
သည် အင်္ဂလီကန် ခရစ်ယာန် သာသနာ ဖြစ်သည်)

602181_10151514888903128_210157829_n

About these ads
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 528 other followers

%d bloggers like this: